အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၃ နှစ် က

ဧရာဝတီတိုင်းမှာ တဧကကိုတင်း၁၆၀ထွက်တဲ့နွေစပါးစိုက်ခင်းကစပါးကို ဝယ်ယူပီး မိမိဒေသမှာ​ နွေရာသီပြန်လည်စိုက်ပျိုး ထား...

ဧရာဝတီတိုင်းမှာ တဧကကိုတင်း၁၆၀ထွက်တဲ့နွေစပါးစိုက်ခင်းကစပါးကို ဝယ်ယူပီး မိမိဒေသမှာ​ နွေရာသီပြန်လည်စိုက်ပျိုး ထားပီးတီစူပါ ၁အိတ် ပိုတက်ရှ် ၁အိတ် ယူရီးယား၃ အိတ်နွားချေး ၅အိတ် ကျဲပက်ထားသော်လဲ တစ်ဧကတင်း၁၂၀ပဲဲတဲ့အကြောင်းရင်းကဘာဖစ်နိုင်မလဲ။ပိုးမွှားရောဂါကျရောက်ဖျက်ဆီးမှုလဲမရှိပါ။

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်အာဟာရ စပါး မျိုးစပါး

ဖြေကြားချက် ၁၁ ခု

6,697 လွန်ခဲ့သော ၃ နှစ် က

ပိုတက်ခေါ်ပိုတက်ဆီယမ်ကအပင်ရောဂါဒဏ်ခံနိုင်အောင်ပဲသုံးသင့်ပါတယ်အသီးအတွက်တော့အားမကိုးပါနဲ့

6,697 လွန်ခဲ့သော ၃ နှစ် က

GW11စပ်မျိုးစပါးကတစ်ဧကစပါးတင်း၂၀၀အာမခံထားတဲ့စပါးပါ ဓာတ်မြေသြဇာသုံးစွဲနည်းမှားနေနိုင်ပါတယ် စပါးပင်ပွားများချိန်မှာယူရီးယားN.46 တစ်ဧကတစ်အိပ်နှုန်းထား ပိုတက်နှင့်တီစူပါကိုစပါးမှို့ကပ်ချိန်တစ်ဧကတစ်အိပ်နှုန်းသုံးသက့်ပါတယ်စပါးရက်၆၀နောက်ပိုင်းမှပုလဲဓာတ်ဆားပတ်လိုက်ရင်ပငပွားတေဆော့ထွက်မယ်စပါးအပင်စိမ်းစိုမယ်သို့သော်ထွက်တဲ့ပင်ပွားကအသီးမပါနိုင်ပါဘူးခဗျာ ပညာရှင်မဟုတ်ပါ

580 လွန်ခဲ့သော ၃ နှစ် က

မိမိဒေသရေမြေကိုက်ညီမှုကြောင့်လဲလိုပါသည်။

580 လွန်ခဲ့သော ၃ နှစ် က

စပါးသက်တမ်းသိဖို့လိုအပ်ပါသည်အပင်ကြီးထွားမှုအဆင့်လိုက်လိုအပ်သည့်အဟာရဓါတ်ထည့်ပေးရန်နှင့်ပေါင်းမြတ်ကင်းပြီးအပင်ထီန်းသိမ်းပြုစုရန်အရေးကြီးပါသည်။

870 လွန်ခဲ့သော ၃ နှစ် က

ဧရာဝတီတိုင်းက လယ်မြေဆီလွှာက ဘာမှမ​ကျွေးပဲ ၈၀ နှူန်းလောက် သီးပါတယ်

အတည်ပြုပြီး 218,454 လွန်ခဲ့သော ၃ နှစ် က

မြေဆီလွှာ၊pH၊အဖီုဓာတ်ကွာခြားမှု့လို့ဖြစ်နိုင်တယ်အထူးသဖြင့်pHလို့ထင်ဒယ်

လွန်ခဲ့သော ၃ နှစ် က

သက်တမ်းနှစ်ပြန်ဆိုတော့ တစ်နှစ်တစ်ကြိမ်မျိုးသန့်ဝယ်ရမှာပေါ့နော်။

524 လွန်ခဲ့သော ၃ နှစ် က

gw11 က စပ်မျိုးဖြစ်သည့်အတွက် နှစ်စဥ်မျိုးအသစ်သုံးမှသာ ပြောထားသည့် ထွက်နှုန် နီးပါးရနိုင်ပါတယ်။ တစ်ဆင့်ခံဆိုရင် ထွက်နှုန်းလျော့တာ စပါးအနှံမထွက်တာ စသည့်ဖြင့် အမျိုးမျိုးဖြစ်နိုင်ပါတယ်

348 လွန်ခဲ့သော ၃ နှစ် က

သက်တမ်းနှစ်ပြန်ဖြစ်သွားရင်အထွက်ဆုတ်တယ်လို့ကြားဖူးတယ်

လွန်ခဲ့သော ၃ နှစ် က

Gw11ပါ

11,500 လွန်ခဲ့သော ၃ နှစ် က

ဘာစပါးမျိုးလဲခင်ဗျ၊စပ်မျိုးစပါးလား? မျိုးသန့်စပါးဝယ်ယူခြင်းမဟုတ်ပဲ ​တောင်သူ့စိုက်ခင်းက မျိုးခံခြင်းကလည်း မျိုး​စေ့အရည်အ​သွေးမမှန်နိုင်ပါဘူး။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။