အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဇွဲခန့် ပိုင်
လွန်ခဲ့သော ၃ နှစ် က · ကျုံပျော်

ဘာဖြစ်တာလဲ ဗျ ဘာဆေး ဖြန်းရင် ရပါသလဲ မိုးကြီးရင် ရေဝပ်ပေမယ့် 1 နာရီ လောက်ဆို နဲနဲ လောက်ပဲ ရေတင်ပါတယ်

ပိုးမွှားရောဂါ ငှက်ပျော
Post image
Post image
Post image

ဖြေကြားချက် ၅ ခု

ဇွဲခန့် ပိုင်
ဇွဲခန့် ပိုင် 4,901 လွန်ခဲ့သော ၃ နှစ် က

thanks

Thein Soe Min
Thein Soe Min အတည်ပြုပြီး 324,026 လွန်ခဲ့သော ၃ နှစ် က

ဆောရီးပါ နေမကောင်းဖြစ်ပြီး အိပ်ရာထဲရောက်နေလို့ပါ။ အဓိက ကတော့ ရောဂါကျအရွက်တွေကို ခုတ်ပစ်ပြီး အခင်းနဲ့ ဝေးရာကို ပို့ပြီး မီးရှို့ပစ်ပါ။ ဆေးကတော့ အရွက်တွေနဲ့ ခုတ်ထားတဲ့နေရာတွေကို ဖြန်းပေးပါ။ ရောဂါဖြစ်ရတဲ့ အဓိကအကြောင်းအရင်းက ရေဝပ်တာရယ်၊ အပင်တွေကြပ်ပြီး လေဝင်လေထွက်နည်းတာရယ်၊ နောက် အဆိုးဆုံးက ရောဂါကျအရွက်တွေကို ခုတ်ပြီး အခင်းထဲမှာပဲ စုပုံထားရာကနေ မှိုတွေအရမ်းပေါက်ပွားလာပြီး စိုက်ခင်းထဲက အရွက်ကို ရောဂါပြန့်ကူးသွားတာပါ။

ဇွဲခန့် ပိုင်
ဇွဲခန့် ပိုင် 4,901 လွန်ခဲ့သော ၃ နှစ် က

အရွက် ရောအပင် ပါ ဖျန်းရမှာလား ဗျ

ဇွဲခန့် ပိုင်
ဇွဲခန့် ပိုင် 4,901 လွန်ခဲ့သော ၃ နှစ် က

‌ဆေးက ဘယ်အချိန် ဖျန်းရမှာလဲဆရာ နေပူချိန် ဖျန်းရလား ဖြေကြား‌ေပးပါဦး

Thein Soe Min
Thein Soe Min အတည်ပြုပြီး 324,026 လွန်ခဲ့သော ၃ နှစ် က

Yellow and black Sigatoka လို့ခေါ်တဲ့ မှိုရောဂါတစ်မျိုးပါ။ ထရိုင်ကိုုဒါးမားပါတဲ့ မြေသြဇာမျိုးကို အသုံးပြုသင်ပါတယ်။ ပိုးကျတဲ့အရွက်တွေကို ခုတ်ပြီး ဘော်ဒို ( မှိုရောဂါအတွက် ဆေးခါးတစ်ခွက် ) ဆေးရည်ဖြန်းပက်ပေးနိုင်ပါတယ်။​ ဓာတုဆေးအသုံးပြုလိုပါက mancozeb, chlorothalonil, azoxystrobin စသည့် မှိုသတ်ဆေးများ အသုံးပြုနိုင်ပါတယ်။ စိုက်ခင်းထဲမှာ သတိထားရမှာကတော့ ရေထုတ်မြောင်းကောင်းကောင်းလုပ်ပါ။ ရွံ့စေးဆန်တဲ့မြေကြီးဆို ပိုအရေးကြီးပါတယ်။ လေဝင်လေထွက်ကောင်းအောင် ကိုင်းအိုကိုင်းဟောင်းတွေရှင်းထုတ်ပါ။ ပင်ကြပ်ပင်ညှပ်တွေ ရှင်းပေးပါ။ စိုက်ခင်းနဲ့ အနီးအနားက ပေါင်းတွေရှင်းပါ အဟာရစုံလင်အောင် ကျွေးပါ။ ထရိုင်ကိုဒါးမားပါတဲ့ မြေသြဇာမျိုး သုံးပေးပါ။ ရောဂါဆိုးဆိုးဝါးဝါးကျတဲ့အပင်တွေကို ရှင်းထုတ်ပစ်ပါ။

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။