မှိုရောဂါအတွက် ဆေးခါးတစ်ခွက်

16/01/2018 13:23 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဘော်ဒိုဆေးရည်သည် မှိုရောဂါသတ်ဆေးတစ်မျိုးဖြစ်သည်။ အလွယ်တကူဖျော်စပ်နိုင်ပြီး အစွမ်းထက် အာနိသင် ရှိသည်။ဆေးရည်ဖျော်စပ်ရာတွင် အချိုးအမျိုးမျိုးထားပြီး လိုအပ်သည့်အတိုင်း အသုံးပြုနိုင်သည်။ ဥပမာ - ၂: ၂: ၅၀၊ ၄: ၄: ၅၀၊ ၅: ၅: ၅၀ စသဖြင့် ဖျော်စပ်လေ့ရှိသည်။ ၅: ၅: ၅၀ အချိုးသည် အသုံးအများဆုံးဖြစ်သည်။

လိုအပ်သော ပစ္စည်းများ

ထုံး - ၅ ပေါင်

ဒုတ္တာ - ၅ ပေါင်

ရေ - ၅၀ ဂါလံ

၅: ၅: ၅၀ အချိုးသည် စိုက်ကွင်းကြီးများအတွက်သင့်တော်သော ပမာဏဖြစ်ပြီး စိုက်ခင်းငယ်အတွက်ကို - 

ထုံး - ပေါင်ဝက်

ဒုတ္တာ - ပေါင်ဝက်

ရေ - ၅ ဂါလံ နှုန်း အသုံးပြုနိုင်သည်။

မိမိလိုအပ်ချက်နှင့်အညီ အသုံးပြုရန် ၂: ၂: ၅၀၊ ၄: ၄: ၅၀ စသည်တို့မှာ ရေ ၅၀ ဂါလံကို ပုံသေထားပြီး ထုံးနှင့် ဒုတ္တာကို (၂) ပေါင်၊ (၄) ပေါင် စသည်ဖြင့် လျော့ထည့်ပေးခြင်းဖြစ်သည်။

ဆေးဖျော်စပ်ရာတွင် ပလတ်စတစ်ပုံးအသုံးပြုရမည်။ သံပုံး၊ သွပ်ပုံး၊ ဒန်ပုံး များမသုံးရပါ။ 

ပလတ်စတစ်ပုံး နှစ်ပုံးတွင် ရေ ၂ ဂါလံခွဲစီ ထည့်ပြီး ထုံးမှုန့် တစ်ပုံး၊ ဒုတ္တာ တစ်ပုံး ဖျော်ပါ။ အမှုန့်များ ကျေညက်စေရန် ဒုတ်ဖြင့် နာနာမွှေပါ။ 

အရည်ပျော်သွားပြီးပါက ပလတ်စတစ်ပုံး အလွတ်တစ်ခုထဲသို့ ပြိုင်တူလောင်းထည့်ပါ။ ပြိုင်တူလောင်းထည့်ခြင်း က အာနိသင် ပိုထက်မြက်သည်ဟု ဆိုပါသည်။ 

ဖျော်ရည်ပုံးထဲသို့ စတီးဓားကို နှစ်ကြည့်လိုက်ပါက ဓားပြားပေါ်တွင် ငှက်ခါးတောင်အရောင် ဖြစ်နေရပါမည်။ 

ဘော်ဒို ဆေးရည်ကို စိုက်ခင်း စိုက်ဘောင်များတွင် ပက်ဖျန်းမည်ဆိုပါက အခြားဆေးများကဲ့သို့ ရေရောရန်မလိုပဲ ဖျော်ပြီးသားဆေးရည်အတိုင်း ပက်ဖျန်း၍ ရသည်။ 

သတိပြုရန်မှာ ဘော်ဒိုဆေးရည်ကို ဖျော်ပြီးသည်နှင့် ၂၄ နာရီအတွင်း ကုန်အောင် အသုံးပြုရမည်။ နေ့ကျော်ဖျန်းပါက အာနိသင် လျော့နိုင်သည်။ 

အကြောင်းအမျိုးမျိုးကြောင့် နောက်နေ့တွင် ဆက်ဖျန်းချင်ပါက ဆေးပုံးထဲသို့ ဆီတစ်မျိုးမျိုး (တမာစေ့ဆီက ပိုသင့်တော်ပါသည်) ရောစပ်ပေးထားနိုင်သည်။ ဆီများက ဆေးရည် မျက်နှာပြင်ပေါ်တွင် ဖုံးအုပ်ထားပါလိမ့်မည်။ သို့သော် ချက်ချင်းဖျော် နေ့ချင်းပြီး သုံးနိုင်ရန် တိုင်းဆဖျော်စပ်သင့်ပါသည်။

ဘော်ဒိုဆေးရည်သည် ဆေးခါးကြီးဖြစ်ပါသည်။ ရွက်ပြောက်နှင့် မှိုရောဂါ တော်တော်များများကို ကာကွယ် နှိမ်နှင်းနိုင်သည်။ လိမ္မော်၊ ရှောက်၊ ရာဘာ ကိုင်းဖြတ်ပြီး သုတ်လိမ်းပါ။ ကိုင်းဖြတ်ဒဏ်ရာနာ မြန်မြန်ကျက်သည်။ နှင်းဆီ၊ ဂန္ဓမာ၊ မေမြို့ ပန်းများအတွက် ကျရောက်သော မှိုရောဂါများကို ကာကွယ်နိုင်သည်။ လုပ်ကိုင်ရ လွယ် ကူ ခြင်း၊ ကုန်ကြမ်းများ ပေါပေါရနိုင်ခြင်း၊ ထိရောက်မှုရှိခြင်းတို့ကြောင့် လက်ကိုင်ထား သုံးရမည့် ဆေးဖြစ်သည်။

 ကိုးကား - ကွမ်းနှင့် တွဲဖက်သီးနှံ ကွမ်းသီး၊ ငှက်ပျော၊ အုန်း စနစ်တကျ စိုက်ပျိုးနည်း


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်