အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
ဦးသက်နိုင်ဦး
လွန်ခဲ့သော ၃ နှစ် က · မိုးညို

ပေါင်းသတ်ဆေး ပေါင်းဝေး ကြောင့် ခြောက်သွားတယ် ပြန်ကောင်းပါအုံးမလား

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၃၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
တစ်ပင်လုံး
ရာသီဥတု (တစ်ပတ်အတွင်း)
နေသာ
စိုက်ပျိုး ဗဟုသုတ စပါး စပါးပေါင်းသတ်ဆေးများ
Post image
Post image

ဖြေကြားချက် ၇ ခု

ကျော်ကျော်မောင်
ကျော်ကျော်မောင် 6,697 လွန်ခဲ့သော ၃ နှစ် က
ဤအဖြေဖြင့် ပြေလည်

ဦးသက်နိုင်ဦးရေ စပါးပင်အပေါ်ကစပီးသေရင်ဖြန်းဆေးကြောင့် အမြစ် ပင်စည် ကစပီးရိသေနေရင်မြေကြောင့် သို့ အောက်ဆေး ကြောင့်ပါ အခြေအနေမလှရင်ပြန်စိုက်ပါ ၁၃၅/၁၂၀ရက်သက်တမ်းစပါးအသက်တစ်လဆို နောက်ပြန်စိုက်ရင်ထိုင်း90စပါးကိုရှာစိုက်ပါ Gw 11ဆိုလည်းရပါတယ် ခိုကောက်တတ်တယ်သတိထားစောင့်ပါ ပညာရှင်မဟုတ်ပါ အတွေ့အကြုံအရပါ

Ko Than Naing
Ko Than Naing 116 လွန်ခဲ့သော ၃ နှစ် က
ကျော်ကျော်မောင်
ကျော်ကျော်မောင် 6,697 လွန်ခဲ့သော ၃ နှစ် က

ဆရာဒို့ဦးလေးရေ ကျွန်တော်စပါးပင်ဆေးလောင်လို့သေကုန်တုန်းကအနေအထားနဲ့ဆင်တယ် ရေခံမရှိ ၃ရက်အတွင်းနေပူမိသွားတယ် Nitrogen 46ကိုတစ်အိပ်နှုန်းသုံးတယ် သေတာပါပဲဆရာ

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,594 လွန်ခဲ့သော ၃ နှစ် က

fenoxaprop​တွေက စပါးပင် ၂၀ရက်သား​အောက်ဖျန်းမယ်/အစိုဓါတ်နည်းမယ်/နုန်းထားများမယ်/​နော်ဇယ်​ခေါင်း​ရေထွက်များမယ်/ဖျန်းတဲ့သူစနစ်မကျရင် စပါးနာပါတယ်။ (Safenerမပါတာလည်း..ပါနိုင်တယ်)

ဦးသက်နိုင်ဦး
ဦးသက်နိုင်ဦး 640 လွန်ခဲ့သော ၃ နှစ် က

ပေါင်းဝေး တစ်မျိုးတည်းဗျ

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,594 လွန်ခဲ့သော ၃ နှစ် က

ရေစပ်စပ် သွင်းပြီး ပုလဲ ၄ပြီနုန်း​လောက်ပက်လိုက်ပါ။

ကျော်ကျော်မောင်
ကျော်ကျော်မောင် 6,697 လွန်ခဲ့သော ၃ နှစ် က

ပေါင်းဝေးတစ်ခုတည်းမဖြစ်နိုင်ဘူးအုပ်ဆေးသို့မဟုတ်စပါးသေသို့မဟုတ်Aiအတွဲမှားနေတာ‌ေြကာင့်လည်းြဖစ်နိုင်ပါတယ်စပါးသက်တမ်း15ရက်ထက်ငယ်ရင်လည်းဖြစ်နိုင်တယ်စပါးပင်ဆေးလောင်ပီးသေဖို့ဆို၇ရက်ကနေ၁၀ရက်အထိြကာပါတယ်ပုလဲဓာတ်ဆားပတ်ပြီးစောင့်ကြည့်ပေးပါ ပညာရှင်တော့မဟုတ်ပါဘူးကြုံဖူးထားလို့ပါ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

စပါးကြားပေါင်းသတ်ဆေးဖြန်းပြီး၇ရက်အြကာမှာပေါင်းပင်တေကနီနေပါတယ်သေတယ်လို့ယူဆလို့ရပါသလားအကယ်၍ပုလဲမြေသြဇာပတ်လိုက်...

ဖြေကြားချက် 3 ခု

ပေါင်းဝေး ဖြန်းတာ စပါးပင်တွေဝါ ခြောက်သွားတယ် ဆေးဖြန်းပြီးတာ 15 ရက်လောက်ရှိပြီ ပြန်စိမ်းဖို့ဆိုရင် ဘယ်လိုအဟာရ...

ဖြေကြားချက် 1 ခု

နာမည်ဘယ်လိုခေါ်လဲဆရာတို့စပါးခင်းထဲပေါက်နေလိုပါ2မျိုးဖျန်းထားပေါင်းသတ်ဆေးမသေဘူးဗျနာမည်နဲဆေးလေး ညွန်ပေးပါဆရာတို့

ဖြေကြားချက် 2 ခု

တောင်ယာစပါးခြးပါ တော်လန်ရေးပင်လို့လဲခေါ်ကြပါတယ် ဘာဆေးဖြန်းရမလဲဗျာ.,.,..

ဖြေကြားချက် 5 ခု

စပါးခင်းထဲမှာပေါက်တဲ့ ဒေသအခေါ် ဂယ်မြက်ဟုခေါ်ကြပါတယ်ဆရာ မည်သည့်ပေါင်းသတ်ဆေး A.I ဖြင့်နှိမ်နင်းလို့ရပါသလဲဆရာခင်...

ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။