ဖြေကြားချက် ၄ ခု
Detasseling ပါရှင့် ပြောင်းဖူးမှာ အဖိုဝတ်မှုန်ဖယ်တဲ့ ဖြစ်စဉ်ပါရှင့် ပုံမှာမြင်ရတဲ့ အနှံကိုချိုးပေးရတာပါ သူ့ဝတ်မှုန်တွေ အောက်မှာရှိတဲ့ အမပွင့်ပေါ်ကျမှာစိုးလို့ပါ Tassel ကိုဖယ်ပြီးရင်လည်း တော်တော်များများက ကွင်းထဲမှာပဲပြန်ပစ်ချခဲ့လေ့ရှိပါတယ်။ အဲ့လိုလုပ်တာက လေနဲ့အတူဝတ်မှုန်ပါသွားပြီး မျိုးရောနိုင်ပါတယ် (ဒါကိုသိချင်တာမဟုတ်ဘူးဆိုရင်တော့ အပေါ်ကဆရာတွေပြောတဲ့ Data Selling ဆိုတဲ့ ဒေတာရောင်းချတာတွေရှိပါတယ်)
Data Selling ဆိုတာဘာလဲ။ ဒေတာရောင်းချခြင်းဆိုသည်မှာ စိတ်ဝင်စားသူအား ဒေတာအတွဲများကို လဲလှယ်ခြင်း သို့မဟုတ် ရောင်းချခြင်းလုပ်ငန်းစဉ်ကို ရည်ညွှန်းသည်။ အဖွဲ့အစည်းများသည် ဖောက်သည်အပြန်အလှန်ဆက်သွယ်မှု၊ ဝဘ်ဆိုက်လည်ပတ်မှု၊ အွန်လိုင်းငွေပေးငွေယူများနှင့် အခြားရင်းမြစ်များမှတစ်ဆင့် ဒေတာအများအပြားကို စုဆောင်းပါသည်။ ဤဒေတာသည် အဖိုးတန်သော ထိုးထွင်းသိမြင်မှုများကို ဖော်ထုတ်ရန်၊ အသိဥာဏ်ရှိသော ဆုံးဖြတ်ချက်များချရန်နှင့် လုပ်ငန်းတိုးတက်မှုကို မောင်းနှင်ရန်အတွက် ကြီးမားသောအလားအလာရှိသည်။ ဒေတာရောင်းချခြင်းဖြင့်၊ စီးပွားရေးလုပ်ငန်းများသည် ၎င်းတို့၏ အချက်အလက်ပိုင်ဆိုင်မှုများကို ငွေရှာနိုင်ပြီး သီးခြားဒေတာအတွဲများကို အသုံးပြုခွင့်လိုအပ်သော ဝယ်ယူသူများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုများကို ထူထောင်နိုင်သည်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
သံတွဲမြို့ကနေ ၁၃. ရက်နေ့ မနက် 4 နာရီလောက်စထွက်ပြီး ဂွ လမ်းအတိုင်း ရန်ကုန်ပြန်လာရင် လမ်းမှာ မုန်တိုင်းနဲ့ ကြုံ...
ဖြေကြားချက် 1 ခု
ဘာပင်ပါလဲရှင့်
ဖြေကြားချက် 2 ခု
ဆူးပုပ်ပင်လေးစိုက်ချင်ပါတယ်ကိုင်းဖြတ်စိုက်ရင်ရနိုင်ပါသလားဘယ်အချိန်စိုက်ရင်ပိုကောင်းလည်းဆိုတာနည်းလမ်းလေးပြောပေး...
ဖြေကြားချက် 3 ခု
ဘာပိုးလဲမသိလို့ သနက်ဖက်ပင်ပါ
ဖြေကြားချက် 1 ခု
ကွမ်းသီးပင်တွေကို ဘယ်ဘိုမြေဩဇာသုံးသင့်ပါသလဲ သီးနေတဲ့အပင်နဲ့စိုက်ခါစအပင်အတွက်သိချင်ပါတယ်
ဖြေကြားချက် 1 ခု