အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မျိုးသူ
လွန်ခဲ့သော ၃ နှစ် က · မြောင်းမြ

ဆရာခဗျ စပါးဖုံးတဲ့ချိန်မှာ ပိုတက်ဓာတ်မြေသြဇာကျဲရင် အပင်အတွက်အကျိုးရှိနိုင်သေးလားခဗျ။ အပင်ငယ်စဥ်ကျွေးဖို့မှက်သားဖူးလို့ပါ။ကျေးဇူးပါ။

အပင်အာဟာရ စပါး ပိုတက်စီယမ်

ဖြေကြားချက် ၄ ခု

U Mg Mg Htwe
U Mg Mg Htwe အတည်ပြုပြီး 218,458 လွန်ခဲ့သော ၃ နှစ် က

အကြိုးရှိပါတယ်ပိုတက်ကြွေးပါ

U Zaw Ye Thu
U Zaw Ye Thu 82,997 လွန်ခဲ့သော ၃ နှစ် က

N P Kမှာ K အချိုးများတဲ့ ရွက်ဖျန်းမြေသြဇာရွေးချယ်ပြီး အသုံးပြုနိုင်ပါတယ် ။ ရွက်ဖျန်းမြေသြဇာက အကျိုးသက်ရောက်မှု့ မြန်ဆန်ပါတယ်။

မျိုးသူ
မျိုးသူ 21,645 လွန်ခဲ့သော ၃ နှစ် က

အပင်ငယ်စဥ်ကတော့တခါကျွေးထားတယ်ဆရာ။ ဖုံးတဲ့ချိန်ထပ်ကျွေးရင်ကောင်းမလားစဥ်းစားမိလို့ပါ။

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,592 လွန်ခဲ့သော ၃ နှစ် က

ရှေ့မှာ တခါမှ မ​ကျွေးခဲ့ရရင် ​ကျွေး​ပေးပါ။ အာနိသင်ရှိနိုင်ပါတယ်။ ​ရေစပ်စပ် ရှိရင် အဆင်​ပြေပါတယ်။ အပင်ငယ်စဥ်နဲ့ အဆစ်တက်ချိန် ​နောက်ဆုံးထား​ကျွေးကြပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။