အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၃ နှစ် က · နမ့်ဆန်

ဤလက်ဖက်ပင်သည် အနှစ် ၃၀ ခန့်ရှိပြီး ၆/၂၀၂၃လက အပင်ကို ခုတ်၍ပြုပြင်ခဲ့ပါသည်။ပြုပြင်ပြီး ၂လအကြာတွင် ထွက်လာသည့် အ...

ဤလက်ဖက်ပင်သည် အနှစ် ၃၀ ခန့်ရှိပြီး ၆/၂၀၂၃လက အပင်ကို ခုတ်၍ပြုပြင်ခဲ့ပါသည်။ပြုပြင်ပြီး ၂လအကြာတွင် ထွက်လာသည့် အရွက်တွေမှာ ပုံပါအတိုင်း ရောဂါပိုး ဖြစ်ပေါ်၍လာပါသည်။ထို့ကြောင့် ဤရောဂါပိုး အဘယ်ကြောင့်ဖြစ်ပေါ်လာပြီး ရောဂါပိုးကင်းစင်အောင် မည်ကဲ့သို့ ဆောင်ရွက်ရမည်ကို ဖြေကြားပေးပါရန် အကူအညီတောင်းခံအပ်ပါသည်ခင်ဗျား

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
မည်သည့်အပိုင်း ထိခိုက်သနည်း?
အရွက်
ရာသီဥတု (တစ်ပတ်အတွင်း)
အများအားဖြင့် တိမ်ထူထပ်ပြီး မိုးရွာ
ပိုးမွှားရောဂါ လက်ဖက်
Post image
Post image

ဖြေကြားချက် ၃ ခု

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၃ နှစ် က

ပင်စည်​ပေါ်က မှိုကို.lichenလိုင်ခန်လို့​ခေါ်ကြပါတယ်။ သူ့ကိုယ်တိုင် အစာချက်ရပ်တည်နိုင်တဲ့ ​ရေညှိတမျိုးလို့ ဆိုပါတယ်။ သစ်ပင်ရဲ့အစာကို လုမစားလို့ အပင်ကို ဒုက္ခမ​ပေးပါဘူး။ မိုးရွာ၊နှင်းကျ ၊စိုစွတ်တဲ့အချိန်မှာ ရှင်သန်ပြီး၊​ခြောက်​သွေ့ရင်လည်း ​နောက်ရာသီထိ ​စောင့်​နေနိုင်တယ်လို့ဆိုပါတယ်။

အတည်ပြုပြီး 218,454 လွန်ခဲ့သော ၃ နှစ် က

လ္ဘက်ပင်စည်မှာကျနေတဲ့မှိုက trichodama နုဲတူတယ် အရွက်တွေမှာကျနေတာ phomosis မှိုရောကာကျနေ တာနဲ့တူတယ် အပင်ရောဂါပည်ညာရှင်များမှတ်ချက်ပေးစေချင်ပါတယ်

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၃ နှစ် က

အရွက်နာ​တွေ ခူးပြီးလွင့်ပစ်ပါ။ အကိုင်းအရွက်အားလုံးကို ​ကော့ပါး​အောက်ဆီကလိုရိုဒ် သို့မဟုတ် ​ကော့ပါးဟိုက်​ဒြောက်ဆိုက်ကို ​ဆေး၁ပုံး ၄၀ဂရမ်နုန်းဖျန်း​ပေးပါ။

You

ဆက်စပ်မေးခွန်းများ

မြေကြီးမှာအဖြူရောင်တွေဖြစ်လာတာမှိုဖြစ်တာလား သိချင်လို့ပါရှင့်လက်ဖက်မွှေးခေါ်ကောက်ညှင်းမွှေးပင်အမျိုးစားပါရှင့်...

ဖြေကြားချက် 1 ခု

လက်ဖက်မွှေးခေါ် ကောက်ညှင်းမွှေးပင်ပါရှင့်အပင်က45ရက်သားရပါပြီရှင့်ပုံမှာပြထားသလိုအပင်ခြေကနေပီး ပြတ်ကျသေတာပင့်ကူ...

ဖြေကြားချက် 1 ခု

ပေါင်းမျက်သတ်ချင်လို့၂၀လီတာဆေးဖြန်းပုံးတစ်ပုံးဘယ်နှစ်ခွက်ထည့်ရမလဲဗျ

ဖြေကြားချက် 1 ခု

ဘာဖြစ်တာလဲမသိပါဘူးရှင့်အပင်က2လသားပါရှင့်မှိုဆေးဟက်ဇာဂွန်အရည်မက်တယ်လဇီးအမှုန့်တို့ရောဖျန်းပါတယ်ရှင့် 2ရက်နေတော့...

ဖြေကြားချက် 3 ခု

လက်ဖက် ဒီထက်ပိုပီ ထွက်လာအောင် ဘာဆေးဖျန်းရမလဲ ဆရာ

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။