အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Dear Tulip
လွန်ခဲ့သော ၃ နှစ် က · ဒလ

ထိုင်ဝမ်မုန်ညင်းစိုက်ဖို့ မြေဘလိုစပ်ရမလဲဗျ မြေကြီးမှာချစိုက်မှာမဟုတ်ပါဘူး စင်ပေါ်မှာခွက်တွေနဲ့စိုက်မှာပါ သဲ နဲ့စိုက်ရင်အဆင်ပြေမလားဗျ မြေဘလိုစပ်ရမလဲသိချင်ပါတယ်။ပထမတစ်ခါစိုက်တာအပင်ပေါက်လေးတွေသေကုန်လို့ ။အနိုင်တစ်ပိုင်အိမ်စားဖို့စိုက်တာပါ။

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်အာဟာရ မုန်ညင်း

ဖြေကြားချက် ၄ ခု

U Mg Mg Htwe
U Mg Mg Htwe အတည်ပြုပြီး 218,458 လွန်ခဲ့သော ၃ နှစ် က

အိုးထဲစိုက်ရန်စပ်မြေကိုအပေါ်ရံမြေ၊ဖွဲပြာ၊နွားချေးသုံးမျိုးဆတူ၊ထုံးသို့မဟုတ်ဂျပ်ပဆင်နဲနဲထည့်၊တီတူပါစပ်မြေတစ်တင်းကိုနို့ဆီဘူးတဝက်ထည့်သမပြီးပြုလုပ်ပါ

MR FISH
MR FISH 641 လွန်ခဲ့သော ၃ နှစ် က

စင်ပေါ်မှာခွက်လေးတွေနဲ့ဆိုတေ့ာ Hydroponic လိုမျိုးလားဗျာ။ ကျနော် Aquaponic မှာ မုန့်ညင်း၊ ပူစီနံ၊ တီလားပီးယား တွဲဖက်မြေမဲ့စိုက်ပျိုးမွေးမြူတဲ့အခါမှာတေ့ာ အပင်ကို ပြင်ပ‌မြေမှာ အရင်ပျိုးပါတယ်။ အပင်ပေါက်တလလောက်ကြာရင်တေ့ာ ခွက်ထဲ ကို ရေမြုပ်ဖေ့ာကြားထဲ အပင်ထည့်ပြီး ဖော့ချပ်ပေါ်တင်စိုက်ပါတယ်။ အာဟာရအနေနဲ့ကတေ့ာ aquaponic ဖြစ်တဲ့အတွက်တေ့ာ ငါးနဲ့အညစ်အကြေးက အပင်အတွက်အာဟာရဖြစ်လို့ ဘာမှထပ်ထည့်စရာမလိုပါဘူးဗျ။ မျှဝေခြင်းသာဖြစ်ပါတယ်ဗျ

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,604 လွန်ခဲ့သော ၃ နှစ် က

စပ်​မြေ ဝယ်သုံးပါ။ ဒါမှမဟုတ် အုန်းဆံမှုန့်ကို ​ရေစိမ်ပြီးသုံးပါ

Sai zin lin
Sai zin lin 2,745 လွန်ခဲ့သော ၃ နှစ် က

GAP စပ်မြေသုံးကြည့်ပါလား

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။