အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဇော်ဇော်ထက်
လွန်ခဲ့သော ၃ နှစ် က · ဆားလင်းကြီး

အဝီစိတွင်းရေ ရေငံ နေတာကို PH 7 နီးနီးရအောင်သဘာဝနည်းနဲ့ဘယ်လိုပြုပြင်ရမလဲ Chlorine တို့ ထုံးဓာတ်တို့ အယ်ကာလီတို့ သန့်စရာမလိုအပ်ပဲ လူသောက်သုံးရန်မဟုတ် ဆေးဖျန်းဖို့အတွက်ပါ ဆရာ

စိုက်ပျိုး ရေ ကွမ်း

ဖြေကြားချက် ၄ ခု

U Mg Mg Htwe
U Mg Mg Htwe အတည်ပြုပြီး 218,460 လွန်ခဲ့သော ၃ နှစ် က

ရေစစ်ကန်မှာအောက်ဆုံးမှာကျောက်စရစ်ခဲအလပ်ငါးလက်မတုခံအပေါမှကျောက်စရစ်အသေးသုံးလက်မတုတစ်လွှာထဲ့၄င်းအပေါ်မှာမီးသွေးခဲသေးသေး၃ လက်မထည့်နောက်ဆုံးသဲကြမ်း၅ လက်မထည့်ပါ နောက်ရေကိုရေပန်းခရားလိုရအောင်ရေပိုက်ကိုအပေါက်ငယ်များဖောက်ပြီးကန်ကိုရေဖြည့်ပါသံဓာတ်နို့အခြားသတ္ထုနဲ့ပိုးတွေပါစစ်ပြီးရေသန့်ကိုရမယ်

ဇော်ဇော်ထက်
ဇော်ဇော်ထက် 118 လွန်ခဲ့သော ၃ နှစ် က

ကျေးဇူးပါ ဆရာ

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,618 လွန်ခဲ့သော ၃ နှစ် က

ရှာလကာရည် ထည့်ပြီး pH တိုင်းကြည့်ပါ။ လိုသလို ညှိပါ။

အေးနိုင်
အေးနိုင် 233 လွန်ခဲ့သော ၃ နှစ် က

မီးသွေးမှုန်အိတ်ကြီးနဲ့တွင်းရေကိုစစ်ပြီးအုန်းဆံမှုန့်အိတ်ကိုထပ်ဖြက်ရင်တော့အဆင်ပြေနိုင်ပါတယ်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။