အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
Aung Chan
Aung Chan 2,876
လွန်ခဲ့သော ၃ နှစ် က · မုံရွာ

ဆရာတို့ခင်ဗျာ့ ငရုတ်အပင်ခြေကို ထရိုင်ဂိုဒါးမား+အသင့်သုံးem+ငါးအမိုင်နိုအက်စစ် သုံးမျိုးပေါင်း၍ အပင်ခြေကိုဆေးဖျန်းခေါင်းဖြုတ်၍ လိုက်လောင်းမလို့ပါ အဲဒီသုံးမျိုးစပ်အရောထဲမှာ (အာမိုဇင့်=ဇင့်(၂၂%)&ကန့်(၁၁%))ပါဝင်သော ဆေးထပ်ထည့်လို့ရပါသလားခင်ဗျာ့ ငရုတ်ပင်ခေါင်ညွန့်လေးများ ဝါဖျော့ရောင်ပြောင်းပီး ဇင့်နှင့်ဆာလဖာ လိုအပ်သည်ထင်လို့ပါ (အာမိုဇင့်)ကို ရွက်ဖျန်းအဖြစ်သီးခြားသုံးမည်ဆိုပါက လောင်းကျွမ်းနိုင်ပါသလားခင်ဗျာ ရာသီဥတုကတော့မမှန်ဘူးဗျာ ခုမိုးရွာ ခနနေ နေပြဲကနဲပူဆိုတော့ ဆေးလောင်မှာစိုးရိမ်လို့ပါ

ပိုးမွှားရောဂါ ငရုတ်သီး ဆေးဖျန်းနည်း

ဖြေကြားချက် ၂ ခု

U Mg Mg Htwe
U Mg Mg Htwe အတည်ပြုပြီး 218,458 လွန်ခဲ့သော ၃ နှစ် က
ဤအဖြေဖြင့် ပြေလည်

Aung ChanEM ထဲမှာထရိုင်ကိုဒါးမားမျိုးစိတ်လဲပါတယ်မင်းဖော်ပြထားတဲ့ပထမသုံးမျုးကသက်ရှိတွေပါတယ်ငါးအမိုင်နိုအက်စစ်ကပြင်းတယ်သူ့​ကိုအရင်ဖျော်ပြီးမှemနဲ့ထရိုငိကိုဒါးမားကိုထည့်ရမယ်အကြံပြုချင်တာကတော့အပင်အာဟာရအတွက်ဆိုငါးအမိုင်နိုနဲ့အာမိုဇင့်ကိုဖျန်းပါမြေကောင်းရန်ဆိုအီးအမ်နဲထရိုင်ကိုဒါးမားပျန်းပါး

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,604 လွန်ခဲ့သော ၃ နှစ် က

အပင်​ခြေ​လောင်တာကို သီးသန့်​လောင်းပါ။ ဇင့် ဆာလဖိတ်ကို အရွက်ဖျန်းပါ။

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။