အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
280
လွန်ခဲ့သော ၂ နှစ် က · မြောက်ဦး

SRIစပါးအစွမ်းဖွင့်စိုက်ပျိုးနည်းစားအုပ်ကိုဖတ်ရတော့ တော်တော်လည်း ဝမ်းသာမိပါတယ်ခင်ဗျာ စပါးအထွက်နှုန်းက သာမာန်စ...

SRIစပါးအစွမ်းဖွင့်စိုက်ပျိုးနည်းစားအုပ်ကိုဖတ်ရတော့ တော်တော်လည်း ဝမ်းသာမိပါတယ်ခင်ဗျာ စပါးအထွက်နှုန်းက သာမာန်စပါးခင်းထက်ပိုထွက်နေတော့ ဝမ်းသာမိပါတယ် ဒါပေမဲ့ နားမလည်တာက အဲဒီနည်းကို နွေစပါးတခုတည်းဘဲရတာလား မိုးစပါးကမရဘူးလားခင်ဗျာ စပါးအစွမ်းဖွင့်စိုက်ပျိုးနည်းမှာဆိုယင် ၁ ကောက်သက်ငယ်ငယ်နဲ့စိုက်ပါတယ် အဲဒီအစား စပါးအညှောက်ပေါက်စကို အတမ်းလိုက်ချပေးတာနဲ့ကွာခြားမူရှိပါသလား ၂ ေမြကိုပတ်ကြားကွဲအောင်ထားပါတယ် ဒါဆိုယင်စပါးအမြစ်ကအဲဒီလောက်မာလားတဲ့မြေကြီးကိုထိုးဖောက်နိုင်ပါသလားခင်ဗျာ နားမလည် တာကတော့ ကျနော့ဒေသမာ ကုန်းစပါးက ရေထဲကစပါးလောက်မကောင်းပါဘူခင်ဗျာ စပါးသားတက်ထွက်တာ အပင်ကြီးတာကစလို့အယင်းကိုကွာခြားပါတယ် ရေအိုင်ထဲကစပါးဆိုသားတက်တွေအများကြီးထွက်ပါတယ် ကွာခြားမူတွေကို ပြေပြပေးပါ ကျနော့အမြင်ပါ မိုးစပါးဆိုယင် ပျိုးသက်ငယ်ငယ်နဲ့ အမြစ်မစွဲဘဲ မြေပေါ်တင်ထားယင် မိုးရေကြောင့်အမြစ်စွဲနိုင်မယ်လို့မထင်ပါ

စိုက်ပျိုးနည်း စပါး SRI စပါးစနစ်

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 1,116,120 လွန်ခဲ့သော ၂ နှစ် က
ဤအဖြေဖြင့် ပြေလည်

လက်​တွေ့ စနစ်တကျစိုက်ကြည့်မှSRIအစွမ်းကို သိရမှာပါ။ ​ရေအဆင်​ပြေမယ်၊လုပ်သားအဆင်​ပြေမယ်၊နည်းစနစ်လိုက်နာနိုင်မယ်၊သ​ဘောတရားနားလည်မယ်ဆိုရင်.. တကယ် ​ကောင်းတဲ့စနစ်ပါ။ မိုးစပါး​၊​နွေစပါး ရပါတယ်။ အမြစ်ကြပ်​လောက်​အောင် ၊​မြေထဲကို နစ်မြုပ်​အောင်မစိုက်ရပါ။ ​မြေမကြပ်​အောင် သဘာဝ​မြေသြဇာ.ခံထားရပါတယ်။ ​ရေကို စိုတလှည့်၊​ခြောက်တလှည့် လိုအပ်သလို သွင်း​ပေးရပါမယ်။ ​ရေ​လှောင်မထားရပါ။

15,275 လွန်ခဲ့သော ၂ နှစ် က
You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။