အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Wai phyo PHYO
Wai phyo PHYO 881
လွန်ခဲ့သော ၂ နှစ် က · ကျုံပျော်

အီးအမ်အပြင်းဖော်စပ်နည်းလေးသိကြလားဗျ ဆရာတို့ ဘိုကာရှီမြေဆွေးလုပ်ရန်အသင့်သုံးအီးအမ်တေကို ဝယ်လို့ရနိုင်ပေမဲ့ အီးအမ်အပြင်းက မလွယ်လို့ပါ ကိုယ်တိုင်ပြုလုပ်သုံးစွဲချင်ရင် ဘာတေလိုအပ်ပါသလဲဗျာ။

စိုက်ပျိုး ဗဟုသုတ စပါး ဒေသခံအဏုဇီဝ (IMO)

ဖြေကြားချက် ၈ ခု

သန်းမင်းထက်
သန်းမင်းထက် 703 လွန်ခဲ့သော ၂ နှစ် က

ထန်းလျက်တို့နွားနို့တို့ရှာလို့လွယ်တယ် ဒါတွေနဲ့အဆင်ပြေတဲ့နည်းရှိရင်ပေးပါ မရှိရင်အခြားနည်းပေါ့ အခုတော့၁ပုံလုပ်ကြည့်ထားပါတယ် အသင့်သုံးအီးအမ်နဲ့ပါ အဆင့်ဆင့်ပြောင်းလဲလာမယ့်အခြေအနေလေးသိချင်ပါတယ် ၂ရက်ရှိပါပြီ

သန်းမင်းထက်
သန်းမင်းထက် 703 လွန်ခဲ့သော ၂ နှစ် က

ဟုတ် ကျေးဇူးတင်ပါတယ် မြေပဲခွံကိုမြေဆွေးပြုလုပ်ချင်ပါတယ် မြန်မြန်ဆွေးတဲ့နည်းလမ်းပြောပြပေးပါ

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,595 လွန်ခဲ့သော ၂ နှစ် က

➡️အကျိုးပြုအဏုဇီဝဖျော်ရည်ပြုလုပ်ရန် လိုအပ်သောပစ္စည်းများ ..... (၁) သင်္ဘောသီး - ၁ လုံး (၅၀ သား ဝန်းကျင်) (၂) ငှက်ပျောသီး - ၁ ဖီး (၅၀ သား ဝန်းကျင်) (၃) ရွှေဖရုံသီး - ၁ လုံး သို့မဟုတ် ၁ခြမ်း (၅၀ သား ဝန်းကျင်) (၄) ကြက်ဥ- ၃-လုံး (၅) ဆန်ဖွဲနု (သို့မဟုတ်) ဂျုံဖွဲနု - ၁- ပိဿာ (၆) ထန်းလျက် (သို့မဟုတ်) ကြံသကာ (သို့မဟုတ်) သကာရည် - ၂ ပိဿာ (၇) ရေ (၅ မှ ၁၀) လီတာ ဝန်းကျင် (၈) ရေ (၈) ဂါလံဆန့် ပလပ်စတစ်ပုံး (သို့) စဉ့်အိုး ➡️ပြုလုပ်နည်းအဆင့်ဆင့် ..... ၁။ ငှက်ပျောသီး၊ သင်္ဘောသီး၊ ရွေဖရုံသီး၊ မုန်လာဥနီ(အမှည့်လွန်နေလျှင် ပိုကောင်းသည်။ အမှည့်အရမ်းလွန်ပြီး ပုပ်နေတာမျိုးတော့ မဖြစ်စေရပါ) တို့ကို ၅၀သားစီစုပြီး ဓါးဖြင့်ပါးပါးလှီးပါ။ အခွံများပါ အသုံးပြုနိုင်သည်။ အသီးများကို ရေမဆေးရပါ။ ၂။ သကြားအညိုကြမ်း၊ ကြံသကာအညိုကြမ်း၊ ထန်းလျက်အညိုကြမ်းစသည့် ဈေးသက်သာသော ကုန်းကြမ်းတခုခုကို (၃)ပိဿာခန့်ဝယ်ပြီး ရေဖြင့် မပြစ်မကျဲကျိုပါ။ ၃။ ထို့နောက် အသီး (၃)မျိုး၊ သကာရည် (အချိုရည်)၊ ဖွဲနု၊ ကြက်ဥ (၃)လုံး(လတ်လတ်ဆတ်ဆတ်ကို ဖောက်ထည့်ပါ)။ ထိုအရောများကို စဉ့်အိုးအသန့်ထဲရောထည့်ပါ။ အနဲဆုံး စဉ့်အိုးအပေါ်ပိုင်း ၃ပုံ ၁ပုံခန့် လစ်ဟာနေပါစေ။ ၄။ ရေကို မပျစ်မကျဲအနေအထား ရောနိုင်ပါတယ်။ အမယ်အားလုံး မြှပ်ရုံအနေအထားဆို ရပါတယ်။ ထို့ နောက် ပလက်စတစ်အိတ်အကြည်ဖြင့် လုံအောင်အုပ်၍ စီးထားပါ။ ၅။ (၂ - ၃) ရက်တခါ အိုးကို အနည်းငယ်လှုပ်ပေးပါ။ ရာသီဥတုပူလျှင် (၇) ရက် အေးလျှင် (၁၀) ရက်ကျော်ကြာလျှင် အပေါ်ယံမျက်နှာပြင်တွင် အဖြူရောင်မှိုများ အနည်းငယ် တက်နေလိမ့်မည်။ ၆။ စဉ့်အိုးကို အပူချိန်မျှတ၍ အရိပ်ရသောနေရာတွင်ထားပါ။ အကယ်၍ စဉ့်အိုးအစား အလင်းပေါက်နိုင်သော ဖန်အိုးများလဲ ရှိပါက သုံးနိုင်ပါတယ်။ ၇။ ထိုဖျော်ရည်ကို ပိတ်စပါးဖြင့် စစ်ယူပြီး ပုလင်းအသန့်ထဲ ထည့်ထားပါ။ ပုလင်းထဲသို့ အပြည့်မထည့်ဘဲ လေဟာနယ် အနည်းငယ်ချန်ပေးရမည်။ (၆)လအတွင်း အသုံးပြုရမည်။ ၈။ အီးအမ်ဖျော်ရည်ရေသန့်ဘူး ၄ပုံ ၁ပုံ (၂၅၀ စီစီ) အားရေ (၄) ဂါလံဖြင့်ဖျန်းနိုင်သည်။ ➡️အီးအမ်ကို စိုက်ခင်းမြေသို့ထည့်ပေးခြင်း၊ သီးနှံပင်ပေါ်သို့ တိုက်ရိုက်ဖျန်းပေးခြင်း၊ မြေဆွေးအသုံးပြုရာတွင် ထည့်သွင်းအသုံးပြုခြင်းဖြင့် သီးနှံများ၏အထွက်နှုန်းနှင့် အရည်အသွေးကို တိုးတက်ကောင်းမွန်စေပါသည်။ ရောဂါနှင့် ပိုးမွှားကျရောက်မှုကိုလည်း ကာကွယ်ပေးပါသည်။ အီးအမ်ဖြင့် မြေဩဇာအမျိုးမျိုးအပြင် ပိုးသတ်ဆေး၊ ရောဂါသတ်ဆေးများလည်း ပြုလုပ်နိုင်ပါကြောင်း စိုက်ပျိုးရေးဗဟုသုတအဖြစ်တင်ပြအပ်ပါသည်။

သန်းမင်းထက်
သန်းမင်းထက် 703 လွန်ခဲ့သော ၂ နှစ် က

စာမျက်နှာကတက်မလာတာ

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,595 လွန်ခဲ့သော ၂ နှစ် က

ယူနီကုဒ် ​ပြောင်းကြည့်ပါ

Zaw Lay
Zaw Lay 354 လွန်ခဲ့သော ၂ နှစ် က

ဖတ်လို့မရပါ

သန်းမင်းထက်
သန်းမင်းထက် 703 လွန်ခဲ့သော ၂ နှစ် က

ဖတျမရဘူးဖွဈနတေယျ

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,595 လွန်ခဲ့သော ၂ နှစ် က

အကျိုးပြုအဏုဇီဝမြေဩဇာ (အီးအမ်)ပြုလုပ်နည်း (၄) နည်း တမျိုးမျိုးကို ကိုယ်တိုင်ပြုလုပ်သုံးစွဲပါ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။