ဖြေကြားချက် ၂ ခု
ပဲမြစ်ဖုမြေသြဇာကိုမိမိကိုယ်တိုင်ပြုလုပ်လိုရင်မိမိစိုက်မည့်ပဲပင်ကရိပ်သိမ်းချိန်တွင်ပဲမြစ်ဖုများကိုစုဆောင်းပြီးအေးမှောင်ခြောက်သွေ့တဲ့နေရာမှာပုလင်းထဲထည့်ပြီးတစ်လနှစ်လခန့်ထားပြီးသုံးခါနီးမှာကြိတ်ပြီးဆန်တေးရည်အနည်းငယ်တွင်ဖျော်ပြီးစိုက်မည့်ပဲနဲ့လူးပြီးညနေခင်းမှာစိုက်ပါ
ပဲမြစ်ဖုဇီဝမြေသြဇာဆိုတာ ပဲမျိုးနွယ်ဝင်အပင်တွေရဲ့ အမြစ်မှာ မြစ်ဖုအဖြစ်တည်ဆောက်နေပြီး လေထဲမှ နိုက် ထရိုဂျင်ကို ဖမ်းယူပေးနိုင်တဲ့ ရိုင်ဇိုဘီယမ်ဘက်တီးရီးယားတွေပါဝင်တဲ့ မြေသြဇာဖြစ်ပါတယ်။ ပဲမြစ်ဖု ဘက်တီး ရီးယားတွေဟာ ပဲမျိုးအလိုက် လေထဲမှနိုက်ထရိုဂျင်ကို တစ်ဧက (၄၀-၁၅၀)ပေါင်ထိ ဖမ်းယူပေးနိုင်ပြီး ပဲမျိုးစုံ သီးနှံအထွက်ကို (၂၀-၅၀)%ထိ တိုးတက်စေနိုင်ပါတယ်။ ပဲမြစ်ဖုဇီဝမြေသြဇာကို မြေပဲ၊ ကုလားပဲ၊ မတ်ပဲ၊ ပဲတီ စိမ်း၊ ပဲပုပ်၊ ပဲလွမ်းနဲ့ ပဲစင်းငုံသီးနှံတွေအတွက် ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိပါတယ်။ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန နဲ့ စိုက်-သုတေသန(ရေဆင်း)မှာ ဝယ်ယူနိုင်ပါတယ်။
ဆက်စပ်မေးခွန်းများ
ပဲမြစ်ဖုမြေသြဇာကို ကိုယ်တိုင်ပြုလုပ်သည့်အခါ အုန်းဆံမုန့်/လွှစာမုန့်နဲ့မပွားပဲ ထိရောက်မှု ကောင်းစေရန် နို့အချဥ်...
ဖြေကြားချက် 1 ခု
ဒါဟာမြစ်ဖုနီမတုတ်ရောဂါလားခင်မျဘယ်လိုကုသလို့ရလဲခင်မျဝါနေတဲ့အပင်တွေမှာလဲအဲ့လိုအဖုလေးတွေတွေ့နေပါတယ်
ဖြေကြားချက် 1 ခု
ရိုင်ဇိုဘီယမ်နဲ့ထရိုင်ဂိုဒါးမားတို့ကို မန္တလေးဘယ်နားမှာရနိုင်ပါသလဲခင်ဗျ
ဖြေကြားချက် 1 ခု
မင်္ဂလာပါ green way ဒီလကုန်လောက် ပဲစင်းငုံနီစိုက်ဖိ့ုစီစဉ်ထားပါတယ် စိုက်ချိန်မျိုးစေ့ကို ပဲမြစ်ဖုဇီဝမြေသြဇာ...
ဖြေကြားချက် 3 ခု
ပဲမြစ်ဖုမြေသြဇာဆိုတာဘယ်လိုဆေးမျိုးကိုခေါ်ပါသလဲရှင်းပြပေးပါဆရာတိ့
ဖြေကြားချက် 2 ခု