အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
2
လွန်ခဲ့သော ၂ နှစ် က · မုဒုံ

ငါးသလောက် ကျော့ပိုက် အကြောင်းအသေးစိတ်

မွေးမြူနည်း ပုစွန်
3

ဖြေကြားချက် ၃ ခု

အတည်ပြုပြီး 161,188 လွန်ခဲ့သော ၂ နှစ် က

ကျော့ပိုက်တစ်လက်ဟာ လက်လံ ၁၅၀ ကနေ ၁၈၀ ထိ ရှည်ပါတယ်။ ၄ တောင်တစ်လံဆိုတော့ လက်တောင်အားဖြင့် ၆၀၀ ကျော် ၇၀၀ လောက်ရှိပါတယ်။ ပိုက်ကွက်အနေအထားကတော့ ၂ လက်မကွင်း၊ ၁ လက်မကွင်း စသဖြင့် အမျိုးမျိုးရှိပါတယ်။ ငါးအုပ်ကိုလိုက်ပြီး အသုံးပြုရတာပါ။ ဇောက်အနေနဲ့ကတော့ လက်တောင် ၁၀၀ ကျော်ရှိပါတယ်။ ဒါမှလည်း ရေအနက်မှာရှိတဲ့ ငါးတွေကို ကျော့ယူလို့ရတာပါ။ ကျော့ယူတယ်ဆိုကတည်းက အောက်ကနေကျော့ပြီး ဖမ်းယူတာပါ။ ညအချိန်၊ လမိုက်ရက်တွေမှ ငါးတွေကိုဖမ်းယူရတာဖြစ်ပါတယ်။ ငါးအုပ်ကိုတွေ့ပြီဆိုတာနဲ့ ငါးတွေကို ကျော့ပိုက်နဲ့ ဝိုင်းလိုက်တာပါ။ ဝိုင်းတဲ့အချိန်ကတော့ ၁၀ မိနစ်၊ မိနစ် ၂၀ လောက်ပဲကြာပါတယ်။ ငါးဖမ်းပိုက်လှေ သမားတွေရဲ့ ကျွမ်းကျင်မှုကလည်း အရေးကြီးပါတယ်။ အချိန်တိုအတွင်း ဝိုင်းပတ်နိုင်မှ ငါးတွေ ထွက်မပြေးနိုင် မှာပါ။ ကျော့ပိုက်၏ပုံသဏ္ဍာန်ကို မြင်လွယ်အောင် ပြောရမည်ဆိုပါက ကြိုးရှုံ့အိတ်ပုံစံဖြစ်သည်။ အပေါ်မှကားထားပြီး ငါးအုပ်ကိုဝိုင်းပတ်ပြီးသည်နှင့် အောက်ခြေမှ ကြိုးစကိုဆွဲငင်ကာ ရှုံ့ယူလိုက်ပြီး ငါးများကို ပိတ်လှောင်ထားခြင်းဖြစ်သည်။ ထိုကဲ့သို့ ဝိုင်းပတ်ပိတ်လှောင်ပြီးနောက် ပိုက်ဝိုင်းတွင် ပိတ်လှောင်နေသောငါးများကို ဆယ်မဖမ်းယူခြင်းဖြစ်သည်။ ကျော့ပိုက်နဲ့ အဓိကဖမ်းယူတဲ့ ငါးများကတော့ ငါးနီတူ၊ ငါးကုန်းညို၊ ပလာတူး စတဲ့ငါးတွေဖြစ်ပါတယ်။ တစ်ခါတစ်လေတော့လည်း ကံကောင်းရင် မမျှော်လင့်ဘဲ ငါးမုတ် (အမည်း)တို့၊ ငါးမဲလုံးလို့ခေါ်တဲ့ တူနာငါးတို့၊ ငါးတံခွန်တို့ကို တွေ့ရတတ်ပါတယ်။ ဒါဆိုရင် ရေလုပ်သားတွေ ကံကောင်းပါတယ်။ ဒီငါးတွေက ဈေးကောင်းကောင်းရလို့ပါ။ငါးတွေအထိအမိကောင်းရင်၊ ငါးအုပ်ကြီးကြီးတွေ့ရင် နောက်တွဲလှေနဲ့တင်တာတောင် မနိုင်တော့ ကမ်းကိုလှမ်းပြီး ငါးသယ်တဲ့ လှေတွေကို မှာပြီးယူရပါတယ်။ တစ်ခါတစ်လေ လှေ ၆ စီးလောက်နဲ့ သယ်ရတဲ့အခါမျိုးရှိပါတယ်။

အတည်ပြုပြီး 1,929 လွန်ခဲ့သော ၂ နှစ် က

ငါးသလောက်ဖမ်းဆီးရမိသည့်ငါးဖမ်းပိုက်အမျိုးအစားအမျိုးမျိုးရှိသည်။ရေချိုတွင် မျှောပိုက်အသုံးများသည်။ပင်လယ်ဝတွင်ဘုံကျောင်းကျားပိုက်၊စိန်ပိုက်စသည်ဖြင့်အသုံးပြုသည်။(စိန်ပိုက်နည်းဖြင့်ငါးဖမ်းခြင်းသည်ငါးမျိုးပြုန်းတီးစေသဖြင့်အသုံးမပြုသင့်ပါ) ကမ်းနီးတွင်လှေငယ်အသုံးပြု၍ဝိုင်းပိုက်ဖြင့်လည်းငါးသလောက်ဖမ်းကြသည်။ကမ်းဝေးတွင်ဝိုင်းချုပ်ပိုက်ဖြင့်ငါးသလောက်ကိုအဓိကဖမ်းကြသည်။ယင်းဝိုင်းချုပ်ပိုက်ကိုတနည်းအားဖြင့် “Purse seine”ဟုခေါ်သည်။အဆိုပါငါးသလောက်ဖမ်းသည့်ပိုက်အမျိုးအစားအားလုံး မွန်ပြည်နယ် နှင့် ဧရာဝတီတိုင်းအတွင်းအဓိကအသုံးပြုဖမ်းဆီးကြသည်။ လက်ရှိတွင်ဧရာဝတီတိုင်း၌ အများဆုံးဖမ်းဆီးမိသည်။ ဝိုင်းချုပ်ပိုက်(အကြီး)သည်ပင်လယ်ကမ်းဝေးတွင်အဓိကငါးသလောက်ဖမ်းခြင်းဖြစ်ပြီးတစ်မိုင်ကျော်ရှည်သည့်ငါးဖမ်းပိုက်ကိုအသုံးပြု၍ ၄၅မီတာရှည်သောငါးဖမ်း သင်္ဘောဖြင့်ဝိုင်းချုပ် ချုပ်ပြီးဖမ်းခြင်းဖြစ်သည်။ငါးသလောက်အဓိကဖမ်းဆီးရမိသည်။ ငါးနီတူဖမ်းမိသည့်ငါးဖမ်းပိုက်မှာလည်းဝိုင်းချုပ်ပိုက်မျိုးပင်ဖြစ်သည်။ ဝိုင်းချုပ်ပိုက်(သေး)ဖြင့်လည်းငါးသလောက်/ငါးနီတူဖမ်းဆီးခြင်းလဲရှိသည်။ယင်းကိုဒေသအခေါ် ငါးသလောက်ကျော့ပိုက် ဟုခေါ်ခြင်းဖြသ် ဟန်တူသည်။

အတည်ပြုပြီး 161,188 လွန်ခဲ့သော ၂ နှစ် က

ကျော့ပိုက်ဆိုတာ ငါးတွေကို အောက်ကနေကျော့ပြီး ဖမ်းယူနိုင်တဲ့ပိုက်ပါ။ ကျော့ပိုက်သမား၊ ကျော့ပိုက်ခေါင်းဆောင်တွေဟာ ဘယ်ရာသီ၊ ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်နေရာမှာ ဘယ်လိုငါးအမျိုးအစားတွေ ပေါ်မယ်၊ ရှိနေမယ်ဆိုတာကို သိကြပါတယ်။ အစဉ်အဆက်အားဖြင့် မှတ်သားထားလာကြတာပါ။ ဒီလို မှတ်ထားတဲ့နေရာတွေကို သွားပြီး ငါးအုပ်ကိုတွေ့တာနဲ့ ဝိုင်းပတ်ကျော့ပြီး ဖမ်းဆီးကြတာဖြစ်ပါတယ်။

You

ဆက်စပ်မေးခွန်းများ

မွေးမြူဖို့ စစခြင်း အရင်းအနှီး ဘယ်လောက်ဆို လုံလောက်မှာလဲ ဆရာတို့ ကန်တူးဖော်ခြင်းတွေရော ဘယ်လိုမြေတွေမှာ အဆင်ပြေ...

ဖြေကြားချက် 2 ခု

ရေငံပုဇွန် ကို ဘယ်လိုရှင်အောင်မွေးရမလဲဗျ သိသူများ ပညာလေးမျှဝေပေးပါဦးဗျ

ဖြေကြားချက် 2 ခု

မြစ်ဝကျွန်းပေါ်ကမ်းနီးလုပ်ကွက်တွေမှာမုတ်သုံလေဘယ်ရက်ထိအားကောင်းနိူင်အုံးမလဲဆရာလေတိုက်နူန်းနဲ့လှိုင်းအမြင့်ပေဘယ်...

ဖြေကြားချက် 4 ခု

ပုဇွန်စိတ်ဘာအစာကိုပိုကြိုက်လဲပြောပြပါ ငါးရှဉ်ကဘာအစာကိုပိုကြိုက်လဲဗျ

ဖြေကြားချက် 1 ခု

ဆရာတို့ရေ ပုဇွန်မွေးထားတာ ပုဇွန်တွေကရေညှိတွေတက်နေလို့သိပ်လဲမကြီးလာဘူးနည်လမ်းလေးများရှိရင် ဝေမျှပေးပါအုံးဗျ

ဖြေကြားချက် 4 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။