အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
သက်နိုင်(ငါးဦးစီး - ငြိမ်း)

သက်နိုင်(ငါးဦးစီး - ငြိမ်း)

အတည်ပြုပြီး

အခြား · တာမွေ

1,929
လွန်ခဲ့သော ၄ လ က

(၃) ငါးအမျိုးအစား ဟော်မုန်းအမျိုးအစားအလိုက်ဆေးထိုးရမည့် Dosage - (က) ငါးမြစ်ချင်း၊ ငါကြင်း ငါးခေါင်းပွ 1- Pituitary gland (ပစ်ကျူထရီဟော်မုန်း) ~ငါးအမ (Female): (ပ) အကြိမ် dose - 2 - 3 mg/kg (fish) (ဒု) အကြိမ် dose - 5 - 8 mg/kg (fish) ~ ငါးအထီး (Male): - Single dose (တစ်ကြိမ်) - 2 - 3 mg/kg (fish) 2- Ovaprim / Ovatide - Female: ~ 0.5 - 1.0 ml/kg (fish) Male: ~ 0.2 - 0.5 ml/kg (fish) (ခ) ငါးခူ ငါးတန် - 1. Ovaprim _ - Female: 0.5 - 1.0 ml/kg(fish) - Male: 0.25 - 0.5 ml/kg(fish) 2. HCG ~ - Female: 500 - 1000 IU/kg(fish) - Male: 250 - 500 IU/kg(fish) (ဂ) တီလားပီးယား ~ ~ Ovaprim - 0.3 - 0.5 ml/kg တို့ဖြစ်ပါကြောင်းသိစေအပ်ပါသည်။

ငါးကို ဆေးထိုးသာဖောက်တာဘယ်လိုဆေးကိုအသုံပြုလဲငါးရဲ့ဘယ်နေရာကိုထိုးရလဲ ဘယ်လောက်ccထိုးပေးရလဲ

ငါးသားဖောက်နည်း
လွန်ခဲ့သော ၄ လ က

(၂) ငါးအမျိုးအစားအလိုက်ဆေးထိုးမဲ့နေရာ (Injection Site) (က) ကြွက်သား (muscle) ထဲသို့ဆေးထိုးခြင်း (Intramuscular Injection) - တွင်များသောအားဖြင့် Carp အုပ်စုဝင် ငါးမြစ်ချင်း ငါးကြင်း ငါးခေါင်းပွ နှင့် တီလားပီးယားငါးများအတွက်ဆောင်ရွက်သည်၊ - ကျောရိုးဆူးတောင်အောက်တစ်ဖက်တစ်ချက်ရှိ ကြွက်သားထဲသို့ဆေးထိုးထဲ့ခြင်း၊ - ငါးရဲ့ခေါင်းနားရင်ဘတ်ဘက်မှာရှိအသက်ရှုအဂ်ါနောက်ဘက်ရှိ ကြွက်သားထဲသို့ ဆေးထိုးထည့်ခြင်း ဖြစ်သည်။ (ခ) ကြွက်သား (သို့မဟုတ်) ဝမ်းဗိုက်အခန်းအတွင်း သို့ဆေးထိုးသွင်းခြင်း (Intraperitoneal) တွင် များသောအားဖြင့် Catfish အုပ်စုဝင် ငါးခူ ငါးတန်ငါးများအတွက်ဆောင်ရွက်သည်။ - ငါးရဲ့ရင်ဘတ်ဘက်ရှိဆူးတောင်စထွက်တဲ့အရင်းပိုင်းနေရာ (သို့မဟုတ်) - ငါး body အောက်ပိုင်းဝမ်းဗို က်ဘက် (velly side) အတွင်းအဂ်ါတွေရှိတဲ့ဘက်နေရာ၊ ယင်းနေရာကိုဆေးထိုးမယ်ဆိုရင် သတိရှိဘို့လိုသည်၊ အတွင်းပိုင်းအဂ်ါ (အူ အစာအိမ် အသဲ) တို့ထိခိုက်နိုင်သည်။ ​General Rule အနေဖြင့် - ကြွက်သားထူသောနေရာကိုရွေး (muscle thick area) - Internal Organ တွေမထိခိုက်အောင် ဆေးထိုးပေးရမည်။

ငါးကို ဆေးထိုးသာဖောက်တာဘယ်လိုဆေးကိုအသုံပြုလဲငါးရဲ့ဘယ်နေရာကိုထိုးရလဲ ဘယ်လောက်ccထိုးပေးရလဲ

ငါးသားဖောက်နည်း
လွန်ခဲ့သော ၄ လ က

(၁) ငါးဆေးထိုးသားဖောက် (Induced Breeding) လုပ်ငန်းတွင်အသုံးပြုနိုင်သော ဟော်မုန်း (Hormone) ဆေးအမျိုးအစားများမှာ - (က) Pituitary Extract (PG) - ငါးဦးနှောက်အောက်မှာရှိသောဟော်မုန်းဂလန်း မှထုတ်ယူအသုံးပြုသည်၊ doner ငါးအဖြစ်ရွှေဝါငါးကြင်းကိုအဓိကသုံးသည်၊ မိရိုးဖလာနည်းဖြစ်သည်။ (ခ) Synthetic Hormones - ဓါတုဗေဒ နည်းဖြင့်ဖန်တီးထားသောဟော်မုန်းများဖြစ်သည်။ - Ovaprim (Combination) - Ovatide (Combination) - Suprifac (Single hormone) ဥမှသားပေါက်ခြင်းကိုမြန်စေသည်၊ Pituitary gland နေရာတွင်အစားထိုးသုံးနိုင်သည်၊ အားသာချက်အနေဖြင့် ဆေးထိုးသွင်းသည့်ပမာဏ(dose) တိကျခြင်း- extract လုပ်စရာမလိုဘဲအဆင်သင့်သုံးနိုင်ခြင်း- ရလာဒ်သေချာတည်မြဲခြင်းတို့ကြောင့် သားဖောက်လုပ်ငန်း (Hatchery) တွင်အသုံးများသည်။ (ဂ) HCG (Human Chorionic Gonadotropin) - Human hormone ဖြစ်သည်၊ - Catfish (ငါးခူ/ငါးတန်) မျိုးစိတ်များတွင်အသုံးပြုသည်။

ငါးကို ဆေးထိုးသာဖောက်တာဘယ်လိုဆေးကိုအသုံပြုလဲငါးရဲ့ဘယ်နေရာကိုထိုးရလဲ ဘယ်လောက်ccထိုးပေးရလဲ

ငါးသားဖောက်နည်း
လွန်ခဲ့သော ၂ နှစ် က

ရေချိုပုစွန်သားပေါက် (ထိုင်းမျိုးနဲ့မြန်မာ မျိုး) လိုခြင်ရင်တော့အောက်ပါဖုန်းနံပါတ်သို့ စုံစမ်းမေးမြန်း booking လုပ်ဝယ်ယူနိုင်ပါသည်။ ဦးမြင့်စိုး (၀၉ ၂၅၂၅၂၀၉၉၁) ရေချိုပုစွန်သားပေါက်ထုတ်လုပ်ရေး ကျွဲလမ်း (၁၃)မိုင်၊ တွံတေး

ပုဇွန် သားပေါက်များ ဘယ်မှာရနိုင်မှာလဲ တစ်ကောင် ဘယ်လောက်လဲ

လွန်ခဲ့သော ၂ နှစ် က

ပုစွန်ကိုတာပေါ်လင်ဖြင့်မွေး၍ရပါသည်။ သို့သော်ကုန်ကျစရိတ်အလွန်မြင့်မားသည်။ လက်ရှိတွင် ပုဂ္ဂလိကကုမ္ပဏီကြီးအနည်းငယ်လောက်သာ တနသာင်္ရီတိုင်းဒေသကြီး(ကျွန်းစု)နှင့်ဧရာဝတီတိုင်းဒေသကြီး(ပုသိမ်)တွင်သာ စီးပွါးဖြစ်ရေငန်ပုစွန်ဖြူမွေးမြူပြီးအမြောက်အများထုတ်လုပ်နေပါသည်။ သို့မှသာ စီးပွါးရေးအရတွက်ခြေကိုက်မည်ဖြစ်ပါသည်။ ကန်အတွက်အသုံးပြုသည့် တာပေါ်လင် ၏အရည်အသွေးမှာ High Density Polyethylene- HDPE Pond Liner (အနည်းဆုံးအထူ-0.75 mm) ကိုအသုံးပြုရသဖြင့်ကုန်ကျစရိတ်အလွန်များသည်။ Intensive system (ကန်ကြပ်စနစ်) ဖြင့် တစ်နှစ် နှစ်ကြိမ်မွေးနိုင်သည့် ရေငန်ပုစွန်ဖြူ(ဘနားမီး) mass production မွေးမှအကျိုးအမြတ်ရနိုက်ပါသည်။

ပုစွန်ကို တာပေါ်လင်ကန်နဲ့မွေးလို့ရလားဖြေပေးပါ

လွန်ခဲ့သော ၂ နှစ် က

မိတ်လိုက်ချိန်တွင်ကဏန်းအထီးသည်ယင်း ၏သုတ်ပိုးများပါသောအတောင့်တစ်ခု (a capsule of sperm) ကိုအမ၏မျိုးပွါးအင်္ဂါ အတွင်းထားရှိပါသည်။ အဆိုပါသုတ်ပိုးများ သည်အမ၏မျိုးဥ (Ova) များမျိုးအောင်ရန် အဆင်သင့်မဖြစ်မီအထိထန်းထားနိုင်သည်။ ကဏန်းအမများသည် မျိုးဥမထုတ်မီသုတ်ပိုး ကိုတစ်နှစ်(သို့)ထို့ထက်ပို၍ထိန်းသိမ်းနိုင် သည်။ယင်းမှာဆောင်းရာသီတွင်မိတ်လိုက် သည့်ကဏန်းများသည်ယင်းတို့၏ဥများဥချရန်ပူနွေးသောရာသီဥတုအထိစောင့်နိုင်စေပါ သည်။အမများသည်ရက်သတ္တပတ်အနည်း ငယ်အတွင်းပေါက်လာမည့်မျိုးအောင်သောဥ များဖြင့်ကမ်းလွန် (Offshore) သို့ရွှေ့ပြောင်း နေထိုင်သားပေါက်ကြပါသည်။ ကဏန်းအမတစ်ကောင်သည်တစ်သက်တွင် တစ်ကြိမ်သာဥသည်။ ဥအရေအတွက် ၂၀,၀၀၀ ခန့်ဥချပြီးဥမှပေါက်လာသောအကောင်များတွင်အရွယ်ရောက်သည်အထိ ကဏန်း (၃) ကောင်ခန့်သာ သဘာဝတွင်ရှင် သန်ခွင့်ရကြသည်။ အများစုမှာ ငါးများမှစား လိုက်ခြင်းဖြစ်သည်။ သဘာဝမှသာဖမ်းဆီးနေပါကရေရှည်တွင် မျိုးတုန်းမည့်အန္တရာယ်ရှိနိုင်သည်။ ကဏန်း သားဖေါက်လုပ်ငန်းဖွံ့ဖြိုးလာရန်လိုမည်ဖြစ်ပါသည်။

ကဏန်း မျိုးပွား နည်းလေး သိရင် ပြေားပြပေးပါ ခင်ဗျား

လွန်ခဲ့သော ၂ နှစ် က

မြန်မာနိုင်ငံတွင်စီးပွါးဖြစ် (ကဏန်းအရှင်/ကဏန်းပျော့) လုပ်ကိုင်နိုင်သည့် ရွှံ့ကဏန်းမျိုးစိတ်(၂)မျိုးရှိပြီးယင်းတို့မှာ (၁) Scylla serrata နှင့် (၂) Scylla olivacea တို့ဖြစ် သည်။ ကမ်းရိုးတန်းဒေသများတွင်အဓိက တွေ့ရှိသည်။ ရွှံ့ကဏန်းသည်အငန်ဓါတ်ရှိသောပင်လယ် ရေတွင်ကောင်းစွာရှင်သန်နိုင်သော်လည်းရေချိုတွင်နာရီအနည်းငယ်သာရှင်သန်နိုင်သည်။ ဆားငံဓါတ် Salinity 15 - 25 ppt ကိုနှစ်သက်သည်။ Scylla serrata အမများသည်ကျောခွံအကျယ်(Carapace width) ၉၁ - ၁၀၀ မီလီမီတာ ရှိပါကယင်းအမများ၏ ၅၀% သည်မိတ်လိုက်မျိုးပွါးရန်အရွယ်ရောက်ပြီ ဖြစ်သည်။ သားပေါက်ရာသီသည် ဒီဇင်ဘာလမှအောက် တိုဘာလအထိဖြစ်ပြီးနွေဦးနှင့်နွေရာသီတွင် အမြင့်ဆုံးဖြစ်သည်။ အမမျိုးဥများသားပေါက်ရန်အဆင်သင့်ဖြစ်သောအခါတွင်ယင်းတို့၏ မျိုးဥများကိုသိုလှောင်ထားသောသုတ်ပိုး (ကဏန်းအထီးထံမှ) ဖြင့်ထိတွေ့ပေါင်းစပ်စေပြီးမျိုးအောင်သောဥများ (Fertilize Eggs) ကိုယင်းတို့၏ဝမ်းဗိုက်ရှိ အဆက်ဆက်များ ၏အမွှေးသေးသေးလေးများပေါ်တွင်ထိန်းသိမ်းထားကြသည်။ မိတ်လိုက်ချိန်တွင်ကဏန်းအထီးသည်ယင်း၏

ကဏန်း မျိုးပွား နည်းလေး သိရင် ပြေားပြပေးပါ ခင်ဗျား

လွန်ခဲ့သော ၂ နှစ် က

(၂) အဆက် 30 cm 45 cm အတွင်းရောက်အောင်ပြုပြင်ပေးရမည်။ ရေကြည်နှုန်းအားပုံမှန်အားဖြင့် တစ်ပတ်တစ်ကြိမ် (နေထွက်ချိန်) တိုင်းပေးရမည်။ ရေအရောင်ကိုကြည့်ပြီးလိုအပ်သလိုတိုင်းနိုင်သည်။ ရေအောက်တွင်အနယ်ထိုင်သွားသောရေညှိများသည်စုပေါင်းသွားပြီး ကြာလာပါက(သို့) ကန်ရေလှုပ်ရှားမှုရှိက ရေညှိဖတ်များအဖြစ် ကန်ရေမျက်နှာပြင်ပေါ်သို့တက်လာပြီးလေတိုက်ရာ လမ်းကြောင်းအရအောက်ဖက်ကမ်းစပ်တွင်သွားစုနေတတ်သည်။ ယင်းတို့ကိုပေါ်လာတိုင်းဆယ်ပေး၍ကန်ကိုသန့်ရှင်းအောင်ပြုလုပ်ပေးရန်လိုကြောင်းအကြံပြုပါသည်။

ဆရာတို့ရေ ပုဇွန်မွေးထားတာ ပုဇွန်တွေကရေညှိတွေတက်နေလို့သိပ်လဲမကြီးလာဘူးနည်လမ်းလေးများရှိရင် ဝေမျှပေးပါအုံးဗျ

လွန်ခဲ့သော ၂ နှစ် က

(၂)အဆက် - နည်း(သို့)များပါကမွေးထားသည့်သတ္တဝါများကိုအန္တရာယ်ဖြစ်စေနိုင်သည်။ ပွါးများမှုလွန်ကဲပါကရေအရောင်မှာအစိမ်းပုပ်ရောင်သို့ပြောင်းကာ ကန်အောက်ခြေရေအရည်အသွေးကိုပိုကျဆင်းစေသည်။ ကန်အောက်ခြေနေထိုင်ကျက်စားသည့်ငါး/ပုစွန်များကိုပိုထိခိုက်စေသည်။ Plankton Density ကိုထိန်းရန် ရေကြည်နှုန်းတိုင်း ကိရိယာ “Secchidisc” အသုံးပြုရမည်။ အစိမ်းရောင်ဖျော့ရှိသောကန်ရေ၏ရေကြည် နှုန်းတန်ဘိုးသည် 30 cm (၁၂ လက်မ)မှ 45 cm (၁၈ လက်မ)အတွင်းရှိသည်။ ရေကြည်နှုန်းတန်ဘိုးနည်းသွားပါက ပိုအန္တရာယ်ရှိနိုင်သည်။ အစာကျွေးနှုန်းလျော့ခြင်း၊သဘာဝ/ဓါတ်မြေဩဇာထည့်သွင်းနေမှုရပ်ခြင်း၊ရေကိုနောက်သွားအောင်ပြုလုပ်ခြင်း၊ ထုံး (သို့) ကော့ပါးဆာလဖိတ်(အရည်)ကိုမွေးထားသည့့်သတ္တဝါများမထိခိုက်အောင်သေချာမှန်ကန်သည့်နှုန်းဖြင့် ကန်အနှံ့ထည့်ပေးခြင်းဆောင်ရွက်နိုင်သည်။ ရေကြည်နှုန်းသတ်မှတ်အတိုင်းအတာကျော်သွားပါကသဘာဝရေဩဇာနည်းသွား၍အစာတိုးကျွေးခြင်း၊ သဘာဝ/ဓါတ်မြေဩဇာထည့်သွင်းပေးပြီး ရေကြည်နှုန်း 30 cm - 45 cm

ဆရာတို့ရေ ပုဇွန်မွေးထားတာ ပုဇွန်တွေကရေညှိတွေတက်နေလို့သိပ်လဲမကြီးလာဘူးနည်လမ်းလေးများရှိရင် ဝေမျှပေးပါအုံးဗျ

လွန်ခဲ့သော ၂ နှစ် က

(၂)ကန်ရေတွင်အပင်မျှောလှေး (Phytoplankton)ပွါးများခြင်းမှလွန်ကဲစွာပွါးများခြင်း (Excess Blooming)၊ယင်းအခြေ အနေမှအပင်မျှောလှေးများရုတ်တရက်သေဆုံးပြီးကန်အောက်ခြေတွင်စုပုံအနယ်ထိုင်သွားသဖြင့်ကြာလာပါကကန်အောက်ခြေတွင်ရေညှိများအဖတ်လိုက်ပုံစံဖြင့်ရှိနေကာ၊ ကန်၏အရည်အသွေးကိုကျဆင်းစေသည်။ မွေးထားသည့်ပုစွန်များကိုလည်းသွားလာလှုပ်ရှားမှု၊စားသောက်မှုတို့တွင်ယင်းရေညှိများမှတိုက်ရိုက်သက်ရောက်မှုဖြစ်စေပြီးကြီးထွားမှုကိုထိခိုက်စေသည်။ရေညှိများမှလည်းပုစွန်ကိုယ်တွင်ကပ်တွယ်ရစ်ပတ်နေသဖြင့် (Algae Shrimp)ကြာလာပါကသေဆုံးသည်အထိအန္တရာယ်ပေးနိုင်သည်။ ပြုပြင်ရန်အနေဖြင့်ကန်ရေတွင်ပွါးများနေသည့်အပင်မျှောလှေး၏ထုထယ် (Density)ကို ထိန်းရန်ဖြစ်သည်။ ရေအရည်အသွေးကောင်းသည့်မွေးမြူရေးကန်၏အရောင်မှာအစိမ်းဖျော့ရောင်ရှိသည်။ယင်းမှာသာမန်မျက်စိဖြင့်မမြင်နိုင်သည့်အစိမ်းရောင်ရှိသောအပင်မျှောလှေးပွါးများနေမှုကြောင့်ဖြစ်သည်။ ယင်းပွါးများမှုသည်သတ်မှတ်အတိုင်းအတာထက်နည်

ဆရာတို့ရေ ပုဇွန်မွေးထားတာ ပုဇွန်တွေကရေညှိတွေတက်နေလို့သိပ်လဲမကြီးလာဘူးနည်လမ်းလေးများရှိရင် ဝေမျှပေးပါအုံးဗျ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။