ဖြေကြားချက် ၃ ခု
U NAing Win ရွက်ဖျန်းမြေသြဇာအတွက်ဓာတုပစ္စည်းအားလုံးကိုဓာတ်မြေသြဇာရောင်းတဲ့ဆိုင်မှာရနိုင်ပါတယ် ဖော့ဖိုရစ့်အက်စစ်သာမရနိုင်တာပါ၄င်းအစားတီစူပါဖော့စဖိတ်ကိုဘက်ထရီထဲမှာထဲ့တဲ့ဟိုက်ဒရိုကလောရစ်အက်စစ်အပျော့နဲနဲထည့်ဖျော်ရင်ပျောပြီးဖော့ဖိုရစ်အက်စစ်ရနိုင်ပါတယ်တီစူပါသုံးရင်ထုံးဓာတ်လဲရတာပေါ့၄င်းကိုစစ်ပြီးသုံးနိုင်ပါတယ်မပျော်တဲ့အရာတွေကထုံးတိို့စီလီကွန်တို့ဖြစ်တယ်အမိုနီယံဆာလဖိတ်ကတော့နိုက်ထရိုဂျင်နဲ့ကန့်ဓာတ်ပါတယ်ပိုတယ်စီယံနိုက်ထရိတ်ကပိုတယ်စီယံနဲ့နိုက်ထရိုဂျင်ရတယ်ပုလဲလိုနိုက်ထရိုဂျင်၄၆ရာခိုင်နန်းပါတယ်တာကြောင့်ပိုတယ်စီယံနိုက်ထရိတ်တို့အမိုနီယံဆာလဖိတ်လိုဓာတုပစ္စည်းတွေသုံးရင်၄င်းတို့တွင်ပါတဲ့အဟာရတွေကိုထည့်တွက်ရပါတယ်
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
အခု ဆိုင်တွေမှာရောင်းနေတဲ့ ဓာတုဓာတ်မြေဩဇာတွေအကြောင်းသိချင်လို့ပါ ဘယ်လိုလေ့လာရမလဲဗျ ရေးထားတဲ့စာတွေ ရှိရင်လည်း...
ဖြေကြားချက် 1 ခု
တီစူပါနဲ့ ပိုတက်ရှ်ရဲ့ ဆိုးကျိုးသိပါစေ။
ဖြေကြားချက် 1 ခု
NPK 15:15;15တွင်ပါ၀င်သော အဟာရများသည် မည်သည့်ရက်ကြာမှာစတင်အာနိသင်ပြု၍ရက်မည်မျှကြာထိအာနိသင်ပြု ကြာချိန်တစ်ခုစီသိ...
ဖြေကြားချက် 3 ခု
mgoကဘာဓာတ်လဲခဗျဘယ်လိုအကျိုးပြုတာလဲဖြေကြားပေးပါအုန်းနှမ်းအတွက်ဘယ်ချိန်သုံးသင့်လဲဗျ
ဖြေကြားချက် 4 ခု
ပုလဲမြေသြဇာတွေမျိုးစုံရှိပီးစျေးတွေလဲမတူကြပါဘူး။တချို့ကစျေးသက်သာပီးတချို့ကစျေးကြီးပါတယ်။တောင်သူအများစုကစျေး...
ဖြေကြားချက် 1 ခု
ရေပန်းစားသော အကြောင်းအရာများ