အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မဖြိုး
လွန်ခဲ့သော ၂ နှစ် က · ဇေယျာသီရိ

စပါးပင် မြေဩဇာထည့်ထားတာ တစ်ပတ်ရှိပါပြီ။ အပင်က တက်မလာဘဲ စပါးအရွက်တေ ဝါလိုက်နေပါတယ်။ တချို့အပင်တေဆို ကြီးထွားမှုမရှိဘဲ အပင်ပုနေပါတယ်။ ဘာဖြစ်တာလဲ အကြံပြုပေးပါဦးရှင်။

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၅၉ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အရွက်
Post image
Post image
Post image

ဖြေကြားချက် ၄ ခု

မဖြိုး
မဖြိုး 235 လွန်ခဲ့သော ၂ နှစ် က

ဟုတ်ကဲ့ပါ။ ကျေးဇူးပါရှင်။အကြံပြုတဲ့အတိုင်းလုပ်လိုက်ပါမယ်။

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,123,108 လွန်ခဲ့သော ၂ နှစ် က

ရေထုတ်ပစ်ပါ။ပိုတက်နဲ့ဂျစ်ဆန်ပက်ပါ။၃ရက်​နေရင် ​ရေပြန်သွင်းပါ။ ​ရေပူ၊တမန်ပူမိပြီး အမြစ်နာ​နေလို့ပါ။

မဖြိုး
မဖြိုး 235 လွန်ခဲ့သော ၂ နှစ် က

ဖြုတ်မရှိပါဘူး။ ပိုးစစ်ကြည့်တာလည်းမရှိပါဘူးရှင်။

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,123,108 လွန်ခဲ့သော ၂ နှစ် က

အပင်ကို လက်နဲ့ပုတ်ကြည့်ပါ၊ ဖြုတ်​လေး​တွေရှိသလား...။အပင်​ခြေ​ရေအစပ်မှာ ဖြုတ်ညိုရှိသလားကြည့်​ပေးပါဦး..

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ကျောက်မှုန့်သုံးရင်ဘယ်အမျိုးစားကပိုကောင်းသလဲဆရာတို့ရေဖြေပေးပါအုံးဗျ ဘယ်လိုအသုံးပြုရင်အကောင်းဆုံးဖြစ်မလဲဗျ...

ဖြေကြားချက် 2 ခု

ကျောက်မှုန့် (အဖြူရောင်) powder မှုန့် နဲ့ လချေးကျောက် ဘာကွာလဲ သိချင်လို့ပါ ခင်ဗျာ reference ဘယ်မှာ ရှာဖတ်လို့...

ဖြေကြားချက် 2 ခု

လချေးကျောက်မှုန့်အကြောင်းအသေးစိတ်သိချင်ပါတယ် စပါးနှင့်ပဲတီစိမ်းအတွက်မြေဆီလွှာ အကျိုးပြုပုံလဲသိချင်ပါတယ်။

ဖြေကြားချက် 1 ခု

ဘာဆေး သုံးရမှာလဲ ဗျ ဆေးနည်းလမ်းပြောပေးပါ အုံးဗျ

ဖြေကြားချက် 1 ခု

ဆရာကြီးများတို့ရေ ကျတော်စပါးခင်းလေးကြည့်ပီး ဘာဖစ်တယ် ဘာဆေးဖျန်းသင့်လဲညွှန်ကျပါအုံးဗျာ ရွက်ဖျားလေးတေကခြောက်ပီး...

ဖြေကြားချက် 6 ခု

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။