အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
Aungkomin
Aungkomin 121
လွန်ခဲ့သော ၂ နှစ် က · လှည်းကူး

နွေစပါးစိုက်တဲ့လယ်(သို့)ဆည်ရေဝင်တဲ့လယ်တွေမိုစပါးကျဲချိန်ရောက်တဲ့အခါကျဲရင်မျိုးစပါးတွေသေဆုံးပါတယ်အာ့လိုမဖြစ်အောင်ဘယ်လိုစိုက်ပျိုးရပါမလဲခင်ဗျာ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
ရာသီဥတု (တစ်ပတ်အတွင်း)
တိမ်အသင့်အတင့်ဖြစ်ထွန်း
စိုက်ပျိုးနည်း စပါး စပါးပျိုးထောင်နည်း
4

ဖြေကြားချက် ၄ ခု

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,595 လွန်ခဲ့သော ၂ နှစ် က
ဤအဖြေဖြင့် ပြေလည်

ပျိုးပင်အရွယ်​သေတာလား၊အ​ညှောင့်မ​ပေါက်နိုင်တာလား..၊စပါးပင်ကြီးမှ​သေတာလား.. ​မေးခွန်းကိုစိတ်ဝင်စားပါတယ်၊ဒါထက်ပြည့်စုံ​အောင်​ရေးပြီးပြန်​မေးပါဦး.. ​နွေစပါးအပြီး၊မိုးစပါး ထပ်စိုက်တဲ့လယ်ဖြစ်မယ်၊ ​မြေမနား၊လယ်မနားဘဲအမြဲစပါးစိုက်လယ်ဖြစ်မယ်၊ စပါးမျိုးကိုလည်း ၄/၅နှစ် ဆက်တိုက်စိုက်မယ်..အဲသလိုလယ်မျိုးလားး?

naing lin tun
naing lin tun 1,162 လွန်ခဲ့သော ၂ နှစ် က

ပျိုးထောင်ချိန်မှာ နေရာကောင်းရွေးချယ်ပျိုးထောင်ပေးပါ ဖြစိနိုင်ရင် အဲ့လယ်ထဲမှာပျိုးမထောင်ပါနဲ့

naing lin tun
naing lin tun 1,162 လွန်ခဲ့သော ၂ နှစ် က

လယ်ကရေအမြဲဝပ်နေတယ်ဆိုရင်လည်း ခက်ခဲပါတယ်. မြစ်ဝကျွန်းပေါ်မှာတော့ သမန်းပူလောင်တယ်လို့ ခေါ်ကြပါတယ်. ပင်ကြွင်းပင်ကျန်တွေကို သေချာဆွေးမြေ့အောင်အပုတ်ခံပေးပါ ကြဲပက်တာမလုပ်ဘဲ ပျိုးထောင်ကောက်စိုက် စနစ်ကိုပြောင်းပေးရင်အဆင်ပြေပါလိမ့်မယ်

Aungkomin
Aungkomin 121 လွန်ခဲ့သော ၂ နှစ် က

အညှောင့်ဖောက်ပြီးကျဲတာအညှောင့်လေးတွေသေဆုံးကုန်တာပါ.နွေစပါးပြီးမိုးစပါးထပ်စိုက်တဲ့လယ်မျိုးပါဆရာအာ့ကိုဘယ်လိုဖြေရှင်းရမလဲခင်ဗျာ..လယ်ကိုတရာသီလှပ်ရအောင်လို့သီးစားလုပ်ရတာမို့ပါ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ဒီနှစ်မိုးစပါးဘယ်အချိန်မှာပျိုးထောင်လို့အကောင်းဆုံးဖြစ်မလဲ

ဖြေကြားချက် 1 ခု

ဆရာတို့ စပါးကိုဘောင်ပျိုးပျိုးထောင်တာ သမန်းအစိုက အိအိကျနေပြီးဘောင်ပြုလုပ်ရတာအဆင်မပြေခဲ့ပါဘူး။ဘောင်လုပ်နည်းကအစ...

ဖြေကြားချက် 1 ခု

ပျိုးခင်းဘာဖစ်တာလဲ မသိဘူး ကျနော် ပျိုးမလောက်လို့ နည်းးလေးလိုတာနင့် သူများပေးထါးတာ ကောင်းသေးလားဆိုတာ ကြည့်ပေးပါ...

ဖြေကြားချက် 2 ခု

ပျိုးသက်၂၂ရက် အပင်ရွယ်ပုံပါတိုင်းကို စိုက်လို့အဆင်ပြေလောက်လား။ အကြံပြုပေးပါအုံး။ကျေးဇူးပါ

ဖြေကြားချက် 3 ခု

စပါးကို မျိုးစေ့ကြဲစိုက်တာနဲ့ ပျိုးထောင်စိုက်တာနဲ့က သက်တန်းကွာသွားတယ်လို့ဖတ်ဖူးပါတယ်။ သိချင်တာက ဆိုကြပါစို ရက်...

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။