ဖြေကြားချက် ၂ ခု
သဇင်စိုက်ပျိုးနည်း ---------------------------- သဇင် သည် အရွက်ကို အထူးဂရုစိုက်ရပါတယ်။ အရွက် နှခွသာ ရှိတဲ့အတွက် အရွက်ကျိုးပုတ် သွားလျင် နောက်ထပ် အရွက် မထွက်နိင် တော့ပါ။ သားတက်လည်းပဲ ထွက်လာပါသည်။ ထိုသားတက်သည် လုံးဝ အားမကောင်းတော့ပါ။ သဇင် ဥဟောင်းသည် ကို သီးခြားခွဲစိုက်ရန် ရေးသားခဲ့ပါသည်။ ဥဟောင်းသည်လည်း သားတက် ထွက်နိင်ပါသည်။ သိုသော် အားနည်းပါသည်။ အထူး ဂရုစိုက်သင့်ပါသည်။ သဇင်သည် တခြားသစ်ခွတို လို အရွက် မများတဲ့အတွက် အစာစားရန် အရွက် တခု သာ အားမကိုးပဲ အမြစ်ကိုလည်း အဓိကထားရပါမည်။ အစာများများစားနိင် မှ ဥကြီးပွင့်နိင်ပါမည်။ သဇင် တန်ဖိုးရှိနေခြင်းသည် ထိလွယ်ရှလွယ် သဘော ရှိသောကြောင့်ဖြစ်ပါသည်။ တစ်နှစ် တကြိမ်သာပွင့်ခြင်း ပြုစုရ ခက်ခဲ့ခြင်း တစ်သျှူးမျိုးပွား မရသေးခြင်း စသော အကြောင်းတွေ ကြောင့် သဇင် ၏ ဂုဏ်ဟာ ခုထိမြင့်နေဆဲပါ။ သဇင် အတွက်ဆေးကိုလည်း ရိုးရိုးလေးပဲသုံးစေချင်ပါ တယ်။ ဝါသနာရှင်များ အနေဖြင့် စမ်းသပ် ပြီးပညာ ရှင် တို နည်းအတိုင်းသာ ပြုစုစေချင်ပါတယ်။ သဇင် သဘာဝ သည် အမြဲ စို နေလျင် မကြိုက်ပါ။ အမြဲခြောက်နေလျင် လည်းမကြိုက်ပါ။ စိုတလှည့် ခြောက်တလှည့် သာ ကြိုက်ပါသည်။ အမြဲစိုနေလျင် ရောဂါများ၍ အမြဲခြောက်နေလျင် ရေငတိဒဏ် အာဟာရ မပြည့်ဝတဲ့ဒဏ်ခံရပါသည်။ ပူတဲ့နေရာ ကို ပြုပြင်ပြီး အေးမြစေဖို့ အလင်းရောင် နဲ့ လေဝင် လေထွက်ကောင်းဖို့ အထူးသတိထားရပါမယ်။ အုန်းဆံတိုင်..အုန်းဆံခြေသုတ်ခုံ နှင့်လဲရ ပါတယ်။---ဇန်နဝါရီ ... အပွင့်စပွင့်ချိန် -ဖေဖော်ဝါရီ... ပထမနှစ်ပတ်အတွင်းပန်းပွင့် ဒုတိယပတ်မှစ၍ ပြန်စိုက်ရန် မျိုးဥရှာဖွေစုဆောင်း -မတ်...ဥအသစ်ကိုပြန်စိုက်ရန် ၁. အမြစ်ရှည်တွေညှပ် ၂. Atonic B + Lithosin အားဖြည့်အဟာရကိုဖျော်ပြီး (ဆေးအညွှန်း..ဆေးထုပ်တွင်ပါ) ၂နာရီခန့်စိမ် ၃.သတင်းစာစက္ကူပေါ်ပြန်လှမ်း ၄.မစိုက်ခင်အုန်းဆံတိုင်ကိုရေဝအောင်လောင်း မှိုသတ်ဆေးပါလောင်းပါ ၅. သွားကြားထိုးတံ နှင့် သဇင်ဥ တစ်ဝက်မရှိတရှိမှ တစ်စောင်းထိုး ၆.အမြစ်သည်အုန်းဆံနှင့်ကပ်နေအောင်ထိုး ၇. လက်တစ်လုံးခြားစီထိုး ၈. တစ်ပတ်ခန့်ရေမလောင်းရ ရေကိုမွမွလေးဖြန်း ရေများ၍မရ အပင်ကိုမထိစေရ မှိုသတ်ဆေးဖြန်း လေဝင်လေထွက်ကောင်းသည့်နေရာတွင်ထား မှိုသတ်ဆေးနိုင်အောင်ဖြန်းမိုးများခေါင်ပုတ်ဖြစ်တတ်သည်။ -စက်တင်ဘာ နောက်ဆုံးအပတ်မှာရေဖြတ် ။ပိုက်အုပ် မြေသြဇာကျွေး ဟော်မုန်းဆေးကျွေး မီးခိုးမှိုင်းတိုက် ။ -အောက်တိုဘာ...အရွက်ကြွေ ရေဖြန်းပြီး အပွင့်ဆေးကျွေး -နိုဝင်ဘာ... အပွင့်ဆေးကျွေး ရေခဲရေကို မနက်အစောကြီးအမှုန်လေးကျွေး အဖူးလိုက်ပြီဆို ရေပြန်လောင်း အမိုးဖွင့် ။ -ဒီဇင်ဘာ ပန်းပွင့်ပါမယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
မေမြို့ပန်းဘောင်အတွက် ပေါင်းမြက်မနိုင်တော့လို့ သြဘာ မေးကြည့်တော့ပုံပါရွေးချယ်ပေါင်းသတ်ဆေးဖျန်းလို့မရဘူးတဲ့ ဝိ...
ဖြေကြားချက် 1 ခု
မေမြို့ပန်း အဖူးထိုးနေပါပြီ အရပ်နိပ်နေလို့ပါ အရပ်မြင့်နိုင်သေးလားဗျ အရပ်မြင့်အောင်ဘယ်လိုလုက်ရမလဲဗျ
ဖြေကြားချက် 1 ခု
သိရင် ဖြေပေးကြပါ....... ဘာဖြစ်တာလည်း မသိလို့
ဖြေကြားချက် 6 ခု
ဘိုကာရှီသုံးအမှိုက်ပုံးတွေ ရန်ကုန်ဆိုရင် ဘယ်မှာဝယ်လို့ရမလဲဗျ
ဖြေကြားချက် 1 ခု
မေမြို့ပန်းစိုက်ထားတာ ဒီလိုအပင်တွေအဝါရောင်ဖြစ်လာလို့ အလင်းပြပေးပါ
ဖြေကြားချက် 1 ခု