အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
610
လွန်ခဲ့သော ၂ နှစ် က · ကံမ

စပါးအခြောက်ခင်းအတွက် ဆားရည်စိမ်ပြီးမျိုးသန့်ဖို့ဆိုတာ အဆင်ပြေနိုင်လားဗျ။ ပုံမှန်ဆိုရင် ဆန်စေ့ကျိုးတတ်တော့ စပါး...

စပါးအခြောက်ခင်းအတွက် ဆားရည်စိမ်ပြီးမျိုးသန့်ဖို့ဆိုတာ အဆင်ပြေနိုင်လားဗျ။ ပုံမှန်ဆိုရင် ဆန်စေ့ကျိုးတတ်တော့ စပါးအခြောက်ခင်းမှာ အဆင်မပြေမှာကိုစိုးမိတာပါ။ ဆားရည်စိမ်ပြီးမျိုးသန့်တာကိုတကယ်ကြိုက်ပါတယ်။

စိုက်ပျိုးနည်း စပါး စပါးမျိုးစေ့ ဆားရည်စိမ်ခြင်း

ဖြေကြားချက် ၄ ခု

အတည်ပြုပြီး 1,116,097 လွန်ခဲ့သော ၂ နှစ် က
ဤအဖြေဖြင့် ပြေလည်

အညာဒေသ လိုနေရာမျိုးမှာ အခြောက်ကြဲခင်းဆိုတာ၊ အစိုဓါတ်အနေတော်မှာ မျိုးစေ့ချထွန်နဲ့ စိုက်တာမျိုးရှိပါတယ်။(အဲဒီစနစ်ဆိုရင် ဆားရည်စိမ်ပြီး ချက်ချင်း စိုက်လို့ရနိုင်ပါတယ်။) မိုးမရွာသေးဘဲ အခြောက်ကြဲတာမျိုးဆိုရင် အဆင်မပြေနိုင်ပါ။

အတည်ပြုပြီး 1,116,097 လွန်ခဲ့သော ၂ နှစ် က

၂၈၀၂ ကို ၄၃၅၆၀ နဲ့ စားကြည့်ပါ။

116 လွန်ခဲ့သော ၂ နှစ် က

၂၈၀၂ဆိုအေကဘလောက်လဲ

610 လွန်ခဲ့သော ၂ နှစ် က

မိုးလည်းကျနေပြီဆိုတော့ အဆင်ပြေမယ့်သဘောမှာ ရှိတယ်လို့မှတ်ယူပြီး ဆားရည်စိမ်ပါတော့မယ်။ မေးခွန်းတိုင်းကိုဖြေကြားပေးလို့လည်း ဒို့ဦးလေးကို ကျေးဇူးတင်ပါတယ်ခင်မျာ🙏🙏🙏။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။