အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဦးကိုကိုထက်
လွန်ခဲ့သော ၂ နှစ် က · ညောင်တုန်း

ရေနစ်မြုပ်သွားတဲ့ကွမ်းပင်တွေကိုနူတ်ပြီးပြန်စိုက်ချင်ပါတယ် မြေပြုပြင်ရန်ထည့်သွင်းရမည့်သွင်းအားစုများနှင့် ပြန်လည်စိုက်ပျိုးနိူင်မည့်အချိန်ကာလသိချင်ပါတယ် မိုးတွင်းကာလလည်းဖြစ်တာမို့ ကွမ်းဘောင်တွေရေမစစ်မှာလည်းစိတ်ပူလို့ပါ ပြည့်ပြည့်စုံစုံလေးဖြေကြားပေးစေလိုပါတယ်ခင်ဗျား

Post image

ဖြေကြားချက် ၃ ခု

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,614 လွန်ခဲ့သော ၂ နှစ် က

ဒါဆိုရင်တော့..ပုံမှန်အတိုင်းရပါတယ်။ ဘေးပတ်လည်ကို ရေထုတ်မြောင်းလုပ်ပါ။ .မစိုက်မီ..ဘောင်ပေါ်ကို ထုံးဖြူးပါ/မက်တလက်ဇီးဖျန်းပါ

ဦးကိုကိုထက်
ဦးကိုကိုထက် 125 လွန်ခဲ့သော ၂ နှစ် က

ရေဝပ်ဧရိယာမဟုတ်ပါဘူးခင်ဗျား သဘာဝဘေးအန္တာရာယ်ကြောင့် ထူးခြားဖြစ်စဥ်အနေနဲ့ ရေနစ်မြုပ်သွားတာပါ

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,614 လွန်ခဲ့သော ၂ နှစ် က

ရေဝပ်ဧရိယာ ဆိုရင်၊ဘောင်မြင့်ပြုလုပ်ပါ။ တတောင်အမြင့်၊ဝါးတပြန်အရှည်ကပ်ယက်ပြီးမြေဘောင်ပြုလုပ်ပါ။ မြေကြီးကို ထုံးဖြူးပါ။ အဲဒီအပေါ်စိုက်ရင် ပိုအဆင်ပြေနိုင်ပါတယ်။ ရေလိုအပ်ပါက ပိုက်ဖြင့်ဖျန်းပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။