အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
19
လွန်ခဲ့သော ၂ နှစ် က · မြို့သစ်

သဘာဝ အသီးများနှင့် အော်ဂယ်နစ်အပင်အားဆေးဖော်ရာတွင် npk အချိုးအစားနှင့် ဖောစပ်အသုံးပြုနည်းများကို သိချင်ပ့တယ်ဆရာ

ဖြေကြားချက် ၂ ခု

3,627 လွန်ခဲ့သော ၂ နှစ် က

ကျေဇူးပါ

အတည်ပြုပြီး 1,116,097 လွန်ခဲ့သော ၂ နှစ် က

သတင်း N-P-K သဘာဝမြေဩဇာရည် ပြုလုပ်သုံးစွဲနည်း ၂၆ စက်တင်ဘာ ၂၀၂၁စိုက်ပျိုးရေးရာ နည်းပညာ  ယခုခေတ်မှာ သီးနှံတွေ အထွက်တိုးရေးအတွက် နိုက်ထရိုဂျင်၊ ဖော့စ်ဖရပ်၊ပိုတက်စီယမ်ဓာတ်တွေပါတဲ့ ကွန်ပေါင်းဓာတ်မြေသြဇာတွေ၊ အရွက်ဖျန်းမြေသြဇာအရည်တွေ တော်တော်ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြတာ တွေ့ရတယ်။ အာဟာရပါဝင်မှု ပမာဏစစ်မှန်ရင်တော့ အာနိသင်ထိရောက်မှုကောင်းတာ တွေ့ရတယ်။ ဒါပေမယ့် နိုင်ငံခြားကတင်သွင်းကြတာဆိုတော့ ဈေးကြီးတယ်။ တစ်ခါတလေ တချို့သီးနှံတွေမှာ စီးပွားရေးတွက်ခြေမကိုက်တာ တွေ့ရတယ်။ စာမျက်နှာ၊ စိုက်ပျိုးရေးနည်းပညာပြန့်ပွားရေး ကနေ မျှဝေထားတဲ့ NPK ဓာတ်တွေပါတဲ့ သဘာဝမြေသြဇာအရည် (အရွက်ဖျန်း) ကိုပြည်တွင်းရှိပြီးဖြစ်တဲ့ သဘာဝပစ္စည်းတွေနဲ့ လွယ်လွယ်ပြုလုပ်သုံးစွဲနည်းလေးကို တောင်သူလယ်သမားကြီးများရဲ့ အကျိုးအတွက် ထပ်ဆင့်မျှဝေပေးလိုက်ပါတယ်။  လိုအပ်တဲ့ပစ္စည်းတွေကတော့ -  (၁)ထမင်းခြောက် (စားကြွင်း၊ စားကျန် ပိုနေတဲ့ထမင်းရေဆေး နေလှန်း အခြောက်ခံထားတဲ့ပစ္စည်း) ကီလိုဝက်။  (၂) ဟင်းသီးဟင်းရွက် (ရောင်းမကုန်၊ ချက်ပြုတ်ပိုလျှံလွှင့်ပစ်ရမယ့်အသီးအရွက်အတိုအစများ) ကီလိုဝက်။  (၃) အုန်းစိမ်းရည် ၁၀ ဇွန်း။  (၄) EM (Effective Microorganism) တစ်ဇွန်း။  (၅)သကြားလေးဇွန်း။  (၆) ရေသန့်တစ်လီတာ။ ပြုလုပ်သုံးစွဲနည်း - သန့်ရှင်းပြီး အဖုံးပါတဲ့ ဘူးတစ်ခုထဲသို့ နုပ်နုပ်စဉ်းထားတဲ့ ဟင်းသီးဟင်းရွက်အတိုအစများကိုထည့်ပါ။  - ထမင်းခြောက်ကီလိုဝက်ကိုထည့်ပါ။  - အုန်းစိမ်းရည် ၁၀ဇွန်း၊ EM တစ်ဇွန်း၊ သကြားလေးဇွန်း၊ ရေသန့်တစ်လီတာ တို့ကိုထည့်ပြီးနောက် သမသွားအောင်ကောင်းစွာမွှေပေးပါ။  - ပြီးရင်အဖုံးလုံအောင်ပိတ်ပြီး အရိပ်ထဲမှာ တစ်ပတ်ထားပါ။  - ရက်ပြည့်တဲ့အခါ စွပ်ကျယ်စ (သို့) ပိတ်ပါးစနဲ့စစ်ယူပြီး ရရှိတဲ့အရည်ကို အသုံးပြုနိုင်ပါတယ်။  - ဆေးဖျန်းပုံးတစ်ပုံးကို ရေအပြည့် လေးဂါလန်ခန့်ထည့်ပြီး ဆေးရည်စတီးဇွန်းငါးဇွန်း ထည့်ဖျန်းနိုင်ပါတယ်။  - အပင်ရင်း၊ ပင်စည်၊ အရွက်အားလုံး ဖျန်းနိုင်ပါတယ်။  - သဘာဝပစ္စည်းများနဲ့ ပြုလုပ်ထားတဲ့ ဓာတ်မြေသြဇာအရည်ဖြစ်တဲ့အတွက် အရွက်လောင်တာမရှိနိုင်ပါ။  - NPK ၁၅ ပတ်လည် ဓာတ်မြေသြဇာအရည်နဲ့ အာနိသင်ညီမျှတယ်လို့ဆိုပါတယ်။ အသုံးပြုနိုင်သော သီးနှံများ စပါး၊ အစေ့ထုတ်ပြောင်း၊ ပဲမျိုးစုံ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ပဲစင်းငုံ၊ မြေပဲ၊ ဟင်းသီးဟင်းရွက်မျိုးစုံ၊ သစ်သီးဝလံပင်များ၊ သရက်၊ကျွဲကော၊ ငှက်ပျော၊ လိမ္မော်၊မက်မန်း၊ ဒူးရင်း၊ ကြက်မောက်၊ မင်းကွတ်၊သံပရာ၊ ထောပတ်သီး၊ ဖရဲ၊ သခွားမွှေး စသည်တို့မှာအသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။  သီးနှံတစ်မျိုးကို ငါးကြိမ်၊ ခြောက်ကြိမ်လောက် ဖျန်းနိုင်ပါက ပို၍သိသိသာသာကောင်းမွန်တယ်လို့ ဆိုပါတယ်။  ပြည်ပကဝင်လာတဲ့ ၁၅ ပတ်လည်၊ ၁၆ ပတ်လည် NPK အရွက်ဖျန်းမြေသြဇာတွေဟာ ဈေးနှုန်းလည်းကြီးမြင့်တယ်။  ဓာတ်ကြွင်းလည်းကျန်မယ်၊ ဒီသဘာ၀ NPK မြေသြဇာအရည်ဟာ မိမိပြည်တွင်းက ပစ္စည်းတွေနဲ့ လွယ်လွယ်လုပ်လို့ရမယ်၊ ဈေးနှုန်းလည်းသက်သာမယ်၊ ဓာတ်ကြွင်း အန္တရာယ်လည်း ကင်းဝေးမယ်။ ဒါကြောင့် အကျိုးကျေးဇူးများစွာ ရရှိနိုင်တဲ့အတွက် တောင်သူလယ်သမားကြီးများက စမ်းသပ်ပြုလုပ်သုံးစွဲသင့်ပါတယ်လို့ ထပ်ဆင့်မျှဝေလိုက်ရပါတယ်ခင်ဗျား။  အောင်ဆန်း(စိုက်ပျိုးရေး)

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။