ပြောင်းစိုက်ပျိုးရန်မြေပြင်ထားပါပြီ နည်းစနစ်တကျစိုက်ပျိုးန ည်းလေးများသိချင်ပါတယ်ခင်ဗျာ
- မြေသြဇာ ကျွေးထား/မထား
- မကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- မရှိ
စိုက်နည်းစနစ် ------------ ပြောင်းသည် လေဖြင့် ဝတ်မှုန်ကူးသောအပင်ဖြစ်၍ အတန်းများအား လေသွားလမ်းကြောင်းကို ကန့်လန့် ဖြတ်၍ ထားသင့်သည်။ အတန်းကြား(၂၄ - ၃၀) လက်မ၊ အပင်ကြား (၈ - ၁၂) လက်မတွင် (၁) ကျင်း (၁) ပင် ချန်ထားပြီး စိုက်ပါ။ မျိုးနှင့်စိုက်စနစ် ကွဲပြားသည်နှင့်အမျှ အတန်းကြား၊အပင်ကြား ကွာခြားနိုင်ပါသည်။ တစ်ဧကအပင်ဦးရေ (၁၇,၀၀၀) မှ (၂၄,၀၀၀) ပင်ဝင်အောင်စိုက်ပါ။ ရေပေးသွင်းခြင်း -------------- ပြောင်း တစ်ရာသီ အပြည့်အဝကြီးထွား ဖြစ်ထွန်းစေရန် လုံလောက်သော မိုးရေမရပါက (သို့မဟုတ်) ရေသွင်းစိုက်ပါက ၂၀၊ ၄၀၊ ၆၀၊ ၈၀၊ ၁၀၀ ရက်သားများတွင် ရေပေးသွင်းပါ။ တစ်ကြိမ် နှင့်တစ်ကြိမ် တိုးပြီး ရေပေးသွင်းပေးသင့်ပါသည်။
ဆက်စပ်မေးခွန်းများ
စပ်မျိုးပြောင်းစိုက်ရာတွင် လိုအပ်သည့်ဆေးဝါးနှင့် အချက်အလက်များကို နည်းပညာ မျှဝေပေးပါရန် တောင်းခံအပ်ပါသည်။
ဖြေကြားချက် 1 ခု
ပြောင်းရဲ့အပူချိန်ဘယ်လောက်လဲရှင့်
ဖြေကြားချက် 1 ခု
ပြောင်းရဲ့မိုးရေချိန်ဘယ်လောက်လဲရှင့် ပြောင်းရဲ့အပူချိန်ဘယ်လောက်လဲရှင့် ပြောင်းရဲ့ရိတ်သိမ်းချိန်အစိုဓာတ်/သို...
ဖြေကြားချက် 1 ခု
ဒီပြောင်း မျိုး ဘယ်မှာရနိုင်မလဲခင်ဗျာ။ဘယ်အချိန် ဘယ်လိုမြေ မျိုး စိုက်ရမလဲ ဆိုတာလဲ ညွှန်ပြပေးစေလိုပါတယ်။တတ်...
ဖြေကြားချက် 1 ခု
ပြောင်းနဲ့ပတ်သက်၍ သိသမျှလေးဖြေပေးပါလားဗျ
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။