စပါအနှံ အဖြာမှာအသီးမရှိအမွှေးလေတွေဖြစ်နေတာဘာဖြစ်တာလဲ
- မြေသြဇာ ကျွေးထား/မထား
- ကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- မရှိ
ဖြစ်နေတဲ့စပါးနှံပုံ ပြရင်ကောင်းမယ်။ စပါးပြူတစ်ပြူတစ်ဖြစ်တာမျိုးနေမှာပါ။ ဖြစ်လေ့ဖြစ်ထရှိတာကတော့,ဗိုက်ဖောင်းချိန် အအေးလှိုင်းဖြတ်တာမျိူး၊ရေငတ်တာ/ပိုးကျတာ တခုခုကြောင့်ဖြစ်နိုင်ပါတယ်
စပါးအနှံ အဖျားပိုင်းမှာ အစေ့အဆန်မတည်ဖြူပြီး အဖျင်းဖြစ်နေတာဖြစ်လို့ မှို့စကပ်ချိန်မှာ ရောဂါကျခြင်း၊မြေဩဇာမကျွေးခဲ့ခြင်း သို့ ရေပြတ်ခဲ့ခြင်းကြောင့် စပါးစေ့တည်ဆောက်မှုမပြည့်စုံခဲ့တာကြောင့်ဖြစ်နိူင်သလို အနှံစထွက်ထွက်ချင်းမှာ မိုးမိခဲ့တာကြောင့်လဲဖြစ်နိုင်ပါတယ်၊ အနှံထွက်လာပြီးတော့မှပြုပြင်လို့မရနိုင်တော့ပါ မှို့စကပ်ချိန်ကစပြီး ရောဂါနိုင်အောင်၊မြေဩဇာနှင့်ရေပြတ်လပ်ချို့တဲ့မှုမရှိအောင်၊အနှံထွက်ချိန်မိုးလွတ်အောင်ချင့်ချိန်စိုက်ပျိုးရမှာဖြစ်ပါတယ်ခင်ဗျာ။
ဆက်စပ်မေးခွန်းများ
စပါး မှို့ကပ်ချိန်
ဖြေကြားချက် 2 ခု
စပါးမှိုရောဂါအတွက်ကြိုတင်ကာကွယ်ဆေးဝိစာရရဲ့ စနှိုက် ဆေးကကြိုဖြန်းလို့ရပါသလား စပါးမှို့ကပ်ချိန်မှာ
ဖြေကြားချက် 1 ခု
စပါးအဖုံးအားကောင်းအောင်အပေါ်ဆေးဖျန်းသင့်လားဆရာ ဘယ်လိုဆေးမျိုးဖျန်သင့်လဲ ဘယ်နှကြိမ်းဖျန်သင့်လဲဆရာ
ဖြေကြားချက် 4 ခု
စပါးအနှံ အဖျားဘာဖြစ်တာလဲ
ဖြေကြားချက် 1 ခု
စပါးအဟာရကိုမှိုကပ်ချိန်အပြီးကျွေးတာနှင့်ပန်းပွင့်တိတ်နို့ရည်ခဲချိန်တွင်လိုအပ်သော အဟာရထပ်မံ ကျွေးရန် လိုအပ်မလို...
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။