ဖြေကြားချက် ၁ ခု
ကြက်မောက်သီးကို အစေ့မှသော်လည်းကောင်း အဖူးမြှုပ်မျိုးပွားခြင်း ကိုင်းကူးကိုင်းဆက် မျိုးပွားခြင်းနှင့် မြေထုပ်စည်း မျိုးပွားခြင်းတို့ အသုံးပြုလျက် မျိုးပွားနိုင်ပါတယ်။ အစေ့ကတော့ အားလုံး သိပြီးသားဖြစ်ပါလိမ့်မယ် အဖူးမြှုပ်မျိုးပွားနည်းမှာတော့ သစ်ဖူးတုံးမျိုးပွားနည်းကို အသုံးပြု မျိုးပွားပါတယ် အောက်ခံပင်အဖြစ် အစေ့မှ စိုက်ထားတဲ့ ကြက်မောက်ပင်(ဒေသမျိုး) သက်တမ်း ( ၇ လမှ တစ်နှစ်သားအရွယ်) ကို အသုံးပြုရပါမယ် အဖူးကိုင်းကိုတော့ ကောင်းစွာ သီးပွင့်နေသော ကြက်မောက်ပင်(သက်တမ်း ၇ နှစ်ခန့်) မှ ရယူပါမယ် အဖူးကိုင်းယူမယ့် အကိုင်းဟာ တစ်နှစ်သား သက်တမ်း ရှိရမည် ဖြစ်ပြီး အညွန့်မှ အောက်ဖက် ပထမ အဆစ်ကစ၍ ၆ဆစ်မြောက်ရှိ အဖူးများကို ယူရပါမယ်။ ကိုင်းကူးကိုင်းဆက်နည်းမှာတော့ လွယ်ကူပြီး အောင်မြင်မှု များတဲ့ သပ်သွင်း ကိုင်းဆက်နည်းကို အသုံးပြု မျိုးပွားပေးရပါမယ် မြေထုပ်စည်း မျိုးပွားနည်းကို ကြက်မောက်ပင်မှာ အသုံးပြုနိုင် သော်လည်း အမြစ်ထွက်ရန် အနည်းငယ်ကြာခြင်း၊ အမြစ်ထွက် ဟော်မုန်း အသုံးပြုရခြင်းတို့ကြောင့် စီးပွားဖြစ် မျိုးပွားမှု မလုပ်ကြပါ ဘူး။
ဆက်စပ်မေးခွန်းများ
ကြက်မောက်အဖူးကူးနည်းများ
ဖြေကြားချက် 1 ခု
ကြက်မောက် ဒူးရင်း ကဲ့သို့သော နှစ်ရှည်ပင်တွေထဲမှာ မစိုက်ပျိုးသင့်သော ရာသီပေါ်သီးနှံပင်များ ရှိပါသလား။ စိုက်...
ဖြေကြားချက် 1 ခု
ဟူးမစ်အစ်စစ်ကိုစိုက်ပျိုရေးဆိုင်တွေမှာဘယ်လိုမေးဝယ်ရလဲ ဆရာတို့
ဖြေကြားချက် 2 ခု
ဆရာများခင်ဗျာ ကျွန်တော့်ကြက်မောက်ပင်တွေပါ အပင်တွေက တစ်ပင်နဲ့ တစ်ပင်အရမ်းကပ်သွားတယ် နှစ်တိုင်းအသီကြွေကျကုန်တယ်...
ဖြေကြားချက် 2 ခု
ကြက်မောက်ပင် နှင့်ကျွဲကောပင်။ ရေပေးရမည့်ပုံစံကိုသိချင်လို့ပါ။ဖြေကြားပေးကြပါဆရာတို့။
ဖြေကြားချက် 1 ခု