အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
moe wai
လွန်ခဲ့သော ၁ နှစ် က · ထားဝယ်

ဒူးရင်းသြဇာအပင်ဖြစ်ပါတယ် အပင်သက်တမ်း၈နှစ်ပါ အ​စေ့တိုက်ရိုက်စိုက်ဖြစ်ပါတယ် ယခူပုံပါမျိုးအဖူးဖူးပါတယ် အဖူးအလွှာ​ကြွေပြီး​တော့ ပုံပါအတိုင်းအသီးအကင်းကျန်ပါတယ် အဲအရွယ်​လောက်ဆိုရင်အကုန်​ကြွေကျပါတယ် အဲလိုဖြစ်​နေတာ နှစ်နှစ်ဖြစ်​နေပါပြီ အသီးတလုံးမှအဖတ်မတင်​သေးပါ ဘယ်လိုဘာ​ဆေး​ကြွေးရမယ်ဆို​ကျေးဇူးပြု၍​ဖြေကြား​ပေးပါဆရာ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၈ ရက်
စိုက်ပျိုး ဗဟုသုတ သြဇာသီး ဒူးရင်းသြဇာပင် အသီးမတင်ခြင်း
Post image
Post image

ဖြေကြားချက် ၂ ခု

U Mg Mg Htwe
U Mg Mg Htwe အတည်ပြုပြီး 218,488 လွန်ခဲ့သော ၁ နှစ် က

ဒူးရင်းသြဇာမျိူးတွေကပင်ကြားဝတ်မှုံကူးလေ့ရှိလို့တစ်ပင်ထည်းအသီးမတင်တတ်ပါလိမ်စုံပွင့်ဖြစ်သော်လည်းအဖိုအင်ဂါ(ဝတ်မှုံအိပ်)ပေါက်ချိနဲ့အမအင်ဂါ(ဝတ်မှုံခံတိုင်)တို့အရယ်ရောက်ချိန်မတူလို့ပင်တည်းဝတ်မှုံမကူးနိုင်လို့ပါပနး်ပွင့်လာရင်လေ့လာကြည့်ပါနံနက်မှာဝတ်မှုံတွေပေါက်ချိန်မှာဝတ်မှုံခံတိုင်ကကြီးထွားမှုရှိမရှိတာမမဟုတ်ဝတ်မှုံခံတိုငိး်ကကြီးထွားပြီးဝတ်မှုံကမပေါက်ထွက်သေးရင်ပင်တည်းဝတ်မှုံမကူးနိုင်ဘဲဖြစ်နေလို့အသီးမတင်တာပါအကယ်၍ ဝတ်မှုံကနံနက်မှာပေါက်တယ်ဆိုရင်ဝတ်မှုံမျုးကိုပုလင်းငယ်သန့်သန့်နဲ့စုထထားပြီးညနေအမအင်ဂါကြီးပြီးတိာင်ထိပိတွင်အချိုရေတွေစို့လာရင်ဝတ်မှုံကူးပေးပါနံနက်ဝတ်မှုံယူပြီးပွင့်ဖတ်များ ကိုဖယ်ရှားထားပါအနိးအနားမှာအခြားသြဇာပင်များရှိရင်လဲအသီးတင်နိုငတယ်

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,120,219 လွန်ခဲ့သော ၁ နှစ် က

ဒူးရင်းပင် အကြုိက်ဖန်တီးပေးဖိူ့လိုပါတယ်။ လေဝင်လေထွက်ကောင်းအောင် ပတ်ဝန်းကျင်ကို ရှင်လင်းပါ။အပေါ်ထောင်တက်တဲ့ကိုင်းတွေကို ဖြတ်ပါ။ကိုင်းခြောက်တွေရှင်းပါ။အပင် canopy ဧရိယာတဝိုက်ကို NPK+Gypsum +humicရောပြီး သဘာဝမြေဆွေးနဲ့နှပ်ထားပါ။ရေလုံလောက်စွာပေးပါ။ အပင်အာဟာရပြည့်ဝမှ အသီးအောင်မှာဖြစ်ပါတယ်။အပွင့်/အသီးကင်းများနေပါက ချွေပေးရပါတယ်။ကိုင်းအကြီးအသေးပေါ်မူတည်ပြီး တကိုင်း ၁၊၂လုံးသာချန်ပါ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။