ဖြေကြားချက် ၁ ခု
တမာဆီ၊ တမာအရွက်တို့ကို အခြေခံထုတ်လုပ်တဲ့ တမာပိုးသတ်ဆေးဟာ ပိုးအပြင် မှို၊ ဘက်တီးရီးယား တို့ကို ကာကွယ်ပေးပါသေးတယ်။ တမာကြိတ်ဖတ်ကို အမှုန့်အဖြစ် ပြောင်းလဲကာ လယ်ယာများတွင် ကျဲပက်ပါက မြေတွင်းအောင်းပိုးများဖြစ်တဲ့ ငမြောင်တောင်၊ ဖိုးလမင်းကျိုင်းကဲ့သို့ အကောင်များကို ကာကွယ်သလို တမာကြိတ်ဖတ်တွင် နိုက်ထရိုဂျင် ၂-၅%၊ ဖော့စဖရပ် ဝ.၅-၁%၊ ပိုတက်ဆီယမ် ၁-၂%၊ ကယ်လစီယမ် ဝ.၅-%၊ မဂ္ဂနီဆီယမ် ဝ.၃-၁ %၊ ဆာလဖာ ဝ.၂-% ပါဝင်တာကြောင့် မြေဩဇာဆိုလျှင်လည်း မမှားချေ။ ၁၀၀% အော်ဂဲနစ်မြေဩဇာဆိုလျှင် တမာကြိတ်ဖတ်ကို ဆိုနိုင်ပါတယ်။ လက်ရှိ ကမ္ဘာမြေကြီးတွင် ကမ္ဘာကြီး ပူနွေးလာမှု (global warming) ကြောင့် အပူချိန်များ တိုးလာခြင်း၊ ပင်လယ်ရေများ တိုးလာခြင်း၊ ရာသီဥတုဖောက်ပြန်မှု ပြသနာများ၊ ကား၊ စက်ရုံများမှ ထွက်လာသော ကာဗွန်များ လေထုအတွင်း ရောတွေးမှုကို တမာပင် အရွက်များက တစက္ကန့်လျှင် ၁၄u အထိ စုပ်ယူပေးပါတယ်။ တနည်းအားဖြင့် လေထု သန့်ရှင်းရေး ပြုလုပ်ပေးပါတယ်။ ကာဗွန်သာမက အခြားသော ဖုန်မှုန့်များ၊ နိုက်ထရိုဂျင် ဆာလဖာနှင့် အခြားအဆိပ်ဖြစ်စေသော ဓာတ်သတ္တုများကိုပါ လေထုအတွင်းမှ စုပ်ယူပါတယ်။ ထိုအပြင် အမြစ်များမှလည်း သတ္ထုဓာတ် အဆိပ် Heavy metal များ ကြွင်းကျန်မှုကို ဖြေရှင်းပေးသောကြောင့် မြေဆီလွာ ပျက်စီးမှုကိုလည်း ကာကွယ်ပေးပြန်ပါတယ်။ https://greenwaymyanmar.com/posts/azadirachta%20indica
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ခရမ်းပင်မှာ အခုလိုလေးတွေဖြစ်နေလို့ ဘယ်လို့ လုပ်ရမလဲ ကူညီပါဦး ဆရာတို့ မဂ်လာပါ
ဖြေကြားချက် 7 ခု
ပျိုးထောငမရ်ဘယ်လောက်ကြာသိခြင်းပါတယ်ခင်ဗျာ
ဖြေကြားချက် 1 ခု
ဘာဆေးသုံးရမလဲဗျာ့
ဖြေကြားချက် 2 ခု
တမာကို ပိုးသတ်ဆေး အဖြစ်သို့ ပြောင်း၍သုံးသော ဆေးနည်းလေး ပြောပြပေးပါအုံးရှင့်
ဖြေကြားချက် 2 ခု
Furan 3G ကို သုံးစွဲပုံလေးသိချင်ပါတယ်ဗျာ
ဖြေကြားချက် 1 ခု