ဘက်စုံသုံးတမာ သို့မဟုတ် လေသန့်စက်ကြီး Azadirachta indica

19/01/2018 12:37 PM တွင် Khant Zaw Htet Khant Zaw Htet မှ ရေးသား

ကျွန်တော်တို့ ငယ်ငယ်က မိတ္ထီလာမှာ အဆုတ် တီဗွီရောဂါသမားတွေ အထက(၃) နားက တမာတန်းမှာလာလေရှုပြီး ကျန်မာရေး ကုထုံးနေရာ ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီအချိန်က တမာလေကို ဘာကြောင့် တကူးတက လာရှုရတယ်ဆိုတာ မသိခဲ့ပါဘူး။ နားလည်း မလည်ခဲ့ပါဘူး။ လက်ရှိ ကမ္ဘာကြီးဟာလည်း စက်ရုံတွေတည်၊ သစ်ပင်တွေခုတ်၊ တောင်တွေဖြိုတာ များလာမှုကြောင့် ပူနွေးလာနေပါပြီ။ ကာဗွန် ထုတ်လုပ်မှု ပမာဏ မြင့်တက် လာအချိန်မှာ ကာဗွန် စုပ်ယူမယ့် အပင်များဟာလည်း လူတွေကြောင့် ပျောက်ကွယ် လာတာဟာ နေ့မြင် ညပျောက်ပါပဲ။ ဒီလို အပင်များထဲမှာ တမာပင်ဟာလည်း တမျိုးအပါအဝင် ဖြစ်ပါတယ်။

ကျွန်တော် တမာပင် အသုံးဝင်မှု လေ့လာချိန်မှာ ထန်းပင်လိုပဲ တနေရာမှ အသုံးမတည့်တာ မရှိဘူးဆိုတာ သွားတွေ့ပါတယ်။ တကယ့် အဖိုးထိုက် အပင် တမျိုးပါ။ တမာပင် ထုတ်ကုန်များမှာ ဈေးကွက်အနေနဲ့ ဈေးကွက် နည်းပါးတယ် ဆိုပေမယ့် လူသိနည်းပေမယ့် တကယ့် တော်ဝင်အဖိုးတန် အပင်ဆိုလျှင် လုံးဝ မမှားချေ။ တမာပင် အစိတ်အပိုင်းဖြစ်တဲ့ တမာရွက် အမှုန့်ကနေ လူသုံးဆေး၊ ခေါင်းလျော်ရည်၊ ချည်ဆိုးဆေးများ ပိုးသတ်ဆေးများ ထုတ်လုပ်နိုင်ပြီး အခေါက်မှ သွားတိုက်ဆေး အသီးနှင့် အစေ့ခွံမှ ပိုးသတ်ဆေး၊ တမာဆီကြိတ်ပြီး တမာဆီကို ဖယောင်းတိုင် မီးလင်းဆီ၊ လူသုံးဆေး၊ ပိုးသတ်ဆေး၊ တမာကြိတ်ဖတ်မှ ပိုးသတ်ဆေး၊ မြေကြီး မြေတွင်းအောင်းပိုး ကာကွယ်မှု၊ သိုလှောင်သီးနှံများ ရေရှည်ခံအောင် ထိန်းသိမ်းမှုများ၊ တမာပန်းပွင့်ဝတ်မှုန်မှ တမာပျားရည်၊ ပင်စည်မှလည်း အိမ်အတွက် အသားများ၊ အမိုးများ၊ ပရိဘောဂများကို ဖန်တီး နိုင်ပါတယ်။ ယုတ်စအဆုံး ရာသီခန်းခြောက်ပူပြင်းချိန် ကျွဲ၊နွား၊ ဆိတ် စသဖြင့် တိရိစ္ဆာန် အစာအဖြစ် အသုံးဝင်ပါတေယ်။

အိန္ဒိယနိုင်ငံမှ တမာဆီမှတဆင့် စိုက်ပျိုးရေးသုံး ပစ္စည်းများ၊ ဆပ်ပြာ၊ အလှကုန်ပစ္စည်းများ၊ တိရိစ္ဆာန်ဆေးများ စသဖြင့် ပစ္စည်းမျိုးစုံ ထုတ်လုပ်ပြီး ဉရောပနဲ့ အမေရိကန်သို့ ကြီးမားတဲ့ ဈေးကွက်အဖြစ် တင်ပို့ နေပါတယ်။ ဘင်္ဂလားဒေ့ရှ်အောင်ပွဲခံ အော်ဂဲနစ် တမာထုတ်ကုန်များကို ဂျပန်၊ မလေးနိုင်ငံများသို့ တင်သွင်းနေပါတယ်။ အပင်သက်တန်းမှာ (၄)နှစ်ကနေ နှစ်ပေါင်း (၅ဝ)ကျော်အထိ အသက်ရှင်သန်ပြီး ၄နစ်ကျော်တွင် အသီးများစသီးကာ (၇)နှစ်တွင် အသီးများ စီးပွားဖြစ် ထုတ်လုပ်နိုင်ပါတယ်။ တောင်ပေါ်ဒေသများမှအပ နေရာမရွေး စိုက်ပျိုးနိုင်ပြီး အညာဒေသ၊ အပူပိုင်းနေရာများနှင့် အထူး သင့်တော်သော အပင်များ ဖြစ်ပါတယ်။ တမာပင်မှ အေးသောအရိပ်ကို ပေးသလို စိုက်ပျိုးရေးတွင် ပိုးမွှားများ၊ ရောဂါများ ကာကွယ်ပေးသလို၊ လေကာပင်များ အဖြစ်လည်း တာဝန်ယူပေးပါတယ်။ ဒါ့အပြင် မြေဆီလွှာ ပျောက်ဆုံးမှုအတွက်ပါ ကာကွယ် ပေးပါတယ်။ တမာရွက်ခြောက်များ မြေပေါ်ကျရောက်ခြင်း၊ အခြားအပင်ခြေတွင် သွားရောက်ဖုံးအုပ်ပေးပါက မြေဆောင်ပိုးများ၊ နီမတုတ်များ၊ မှိုနှက့်ဘက်တီးရီးယားများကို ကာကွယ် နှိမ်နင်းပေးပါတယ်။ အချို့သော ကျေးငှက်များဟာလည်း ရာသီဒဏ် ခံနိုင်ရန် တမာရွက်များဖြင့် အသိုက်ဆောက်လေ့ ရှိပါတယ်။ တမာဆီမှာ အဝါရောင် ရငိ့ရင့်ရှိပြီး ဆပ်ပြာ၊ ပိုးသတ်ဆေးပြုလုပ်နိုင်ပါတယ်။ တမာပင် ပိုးသတ်ဆေး အနေဖြင့် ပြုလုပ်ပုံတွေကို သီးသန့် တင်ပြပါ့မယ်။ အခုတပိုင်းကတော့ တမာပင်​ေ ကောင်းကျိုးချမ်းသာကို အဓိကထား တင်ပြပါ့မယ်။

တမာပိုးသတ်ဆေးမှာ အာနိသင် (၃) မျိုးနဲ့ ပိုးကိုဖျက်ဆီးပါတယ်။ ပထမအဆင့် အနေဖြင့် ခန္ဓာကိုယ်ကို ကြီးထွားအောင် ပြုလုပ်ပါတယ်။ juvenile hormone (ရှင်သန်ကြီးထွားနိုင်မှု) ဟော်မုန်းတမျိုး တမာတွင် ပါဝင်ပါတယ်။ ပိုးလောက်ကောင်အဆင့်တွင် အရွက်ပေါ်ရှိချိန်မှာ အစာစားချိန် တမာမှထုတ်လွတ်တဲ့ ဟော်မုန်းက သူတို့ ကိုယ်တွင်း ပါးစပ်ကနေ ရောက်သွားလေ့ရှိပါတယ်။ ပိုးကောင် စက်ဝန်းတွင် သားလောင်း (lava) မှတဆင့် ရုပ်ဖုံး (pupa)၊ ထိုမှ တဆင့် အရွယ်ရောက် အကောင်အဆင့်၊ နောက်တမျိုးက သားလောင်း lava မှ အရေခွံလဲခြင်း (moulting)၊ ထိုမှ အရွယ်ရောက်ကောင်အဆင့်ဆိုပြီး ရက်အကန့်အသတ်အလိုက် ဘဝစက်ဝန်း ပြောင်းလဲပါတယ်။ ဒါပေမယ့် တမာပိုးသတ်ဆေး ကြောင့် အကြိမ်ရေများများ ထိဖူးသော ပိုးလောက်ကောင်သည် သားလောင်း pupa အဆင့် အရေခွံလဲခြင်း moulting အဆင့်သို့ မရောက်တော့ပဲ ခန္ဓာကိုယ် ကျုံလှီကုန်တတ်သည်။ ဆေးအတန်အသင့် ထိသောအကောင်များ သို့မဟုတ် သားလောင်း pupa၊ အရေခွံလဲနေသော moulting အဆင့်တွင် ထိသောပိုးများဟာလည်း အရွယ်ရောက်ကောင်အဆင့် မရောက်တော့ပေ။ အကယ်လို့ အကောင်ကြီးအဆင့် ရောက်ရင်တောင် မြုံနေသော အကောင် အထီးကောင်များသာ ဖြစ်လာစေသောကြောင့် ပိုးပြနိ့ပွားမှုကို ထိန်းချုပ်နိုင်ပါတယ်။

 

တမာဆီ၊ တမာအရွက်တို့ကို အခြေခံထုတ်လုပ်တဲ့ တမာပိုးသတ်ဆေးဟာ ပိုးအပြင် မှို၊ ဘက်တီးရီးယား တို့ကို ကာကွယ်ပေးပါသေးတယ်။ တမာကြိတ်ဖတ်ကို အမှုန့်အဖြစ် ပြောင်းလဲကာ လယ်ယာများတွင် ကျဲပက်ပါက မြေတွင်းအောင်းပိုးများဖြစ်တဲ့ ငမြောင်တောင်၊ ဖိုးလမင်းကျိုင်းကဲ့သို့ အကောင်များကို ကာကွယ်သလို တမာကြိတ်ဖတ်တွင် နိုက်ထရိုဂျင် ၂-၅%၊ ဖော့စဖရပ် ဝ.၅-၁%၊ ပိုတက်ဆီယမ် ၁-၂%၊ ကယ်လစီယမ် ဝ.၅-%၊ မဂ္ဂနီဆီယမ် ဝ.၃-၁ %၊ ဆာလဖာ ဝ.၂-% ပါဝင်တာကြောင့် မြေဩဇာဆိုလျှင်လည်း မမှားချေ။ ၁၀၀% အော်ဂဲနစ်မြေဩဇာဆိုလျှင် တမာကြိတ်ဖတ်ကို ဆိုနိုင်ပါတယ်။ လက်ရှိ ကမ္ဘာမြေကြီးတွင် ကမ္ဘာကြီး ပူနွေးလာမှု (global warming) ကြောင့် အပူချိန်များ တိုးလာခြင်း၊ ပင်လယ်ရေများ တိုးလာခြင်း၊ ရာသီဥတုဖောက်ပြန်မှု ပြသနာများ၊ ကား၊ စက်ရုံများမှ ထွက်လာသော ကာဗွန်များ လေထုအတွင်း ရောတွေးမှုကို တမာပင် အရွက်များက တစက္ကန့်လျှင် ၁၄u အထိ စုပ်ယူပေးပါတယ်။ တနည်းအားဖြင့် လေထု သန့်ရှင်းရေး ပြုလုပ်ပေးပါတယ်။ ကာဗွန်သာမက အခြားသော ဖုန်မှုန့်များ၊ နိုက်ထရိုဂျင် ဆာလဖာနှင့် အခြားအဆိပ်ဖြစ်စေသော ဓာတ်သတ္တုများကိုပါ လေထုအတွင်းမှ စုပ်ယူပါတယ်။ ထိုအပြင် အမြစ်များမှလည်း သတ္ထုဓာတ် အဆိပ် Heavy metal များ ကြွင်းကျန်မှုကို ဖြေရှင်းပေးသောကြောင့် မြေဆီလွာ ပျက်စီးမှုကိုလည်း ကာကွယ်ပေးပြန်ပါတယ်။ ဒါကြောင့် ကျနော်တို့ ငယ်ငယ်တည်းက ရှိခဲ့တဲ့ တမာပင်များဟာ အပင်ပိုများ၊ အလကားအပင်များ မဟုတ်ချေ။ ငှက်ဖျားကာကွယ်ဆေးအတွက် တမာကို အသုံးပြုသလို ပိုးသတ်ဆေး၊ ဆပ်ပြာ၊ ခေါင်းလျော်ရည်၊ အခြားသော လူသုံးဆေးများတို့တွင် သုံးနိုင်သော တန်ဖိုးမဖြတ်နိုင်သော အပင်ဖြစ်ပါတယ်။

တမာပင်ကြောင့် စိုက်ခင်းကို မထိခိုက်သည့်အပြင် လေကာပင်များအဖြစ် ပိုးများ မလာနိုင်အောင် ထိန်းသိမ်းပေနိုင်ပါတယ်။ တမာပင်ဟာ စိုက်ပျိုး အတွက်သာမက သစ်တော ထန်းသိမ်းရေးအပြင် မြေဆီလွာ ထိန်းသိမ်းရေးပါ လုပ်ဆောင်ပေးသောကြောင့် အာရှနိုင်ငံ အတော်များများတွင် တမာပင်ကို စီမံကိန်း ထိန်းသိမ်းရေး အပင်အဖြစ် စိုက်ပျိုးကြ၊ ထိန်းသိမ်းကြပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်း ၂၀၁၅-၂၀၂ဝ မှာ Action Plan Green in Bangaldesh ဆိုပြီး စီမံကိန်း project တစ်ခု စခဲ့ပါပြီ။ (၁) တစ်နိုင်ငံလုံး လမ်းဘေးဝဲယာ တမာပင်များ စိုက်ပျိုးခြင်း၊ ထိန်းသိမ်းခြင်း (၂) ဗလီများ၊ ကျောင်းများ၊ ရုံးများ၊ စခန်းများ၊ လယ်ယာမြေ နယ်နိမိတ်များ၊ သစ်တောအစားထိုး နေရာများ စသဖြင့် နေရာအနှံ့တွင် စနစ်တကျ ပြန်လည်စိုက်ပျိုး ထူထောင်ရန် (၃) ကမ္ဘာ့ခရီးသွားလုပ်ငန်းကို တမာပင်များဖြင့် ထမ်းစားပြီး ဝင်ငွေဖန်တီးရန် စသဖြင့် အချက်ပေါင်းများစွာ ပါဝင်ပြီးတော့ သဘာဝအကျိုးကျေးဇူးများ အနေဖြင့် အဆောက်အအုံ ပရဝဏ်မှာစိုက်ခြင်းဖြင့် အောက်ဆီဂျင် ပါဝင်မှုများသော လေကောင်းလေသန့်ကို ရသည့်အပြင် ခြင်နှင့် တခြားသောပိုးကောင်များမှ အကာကွယ်ရခြင်း၊ လမ်းဘေးဝဲယာစိုက်ခြင်းဖြင့် ကာဗွန်များကို လျော့ချပြီး အပူချိန် လျော့ချပေးခြင်း၊ ပန်းခြံများ၊ ကစားကွင်းများ၊ ကွင်းပြင်များတွင် စိုက်ခြင်းဖြင့် ကာဗွန်ပမာဏ လျော့ကျကာ လေများ သန့်ရှင်းစေခြင်း၊ ရှားပါးလာသော ကျေးငှက်များကို ပျော်မွေ့ နေထိုင်လာစေရန် အထောက်အပံ့ ပေးလာနိုင်ခြင်း၊ စိုက်ခင်းများတွင် လေကာပင်များ ဖြစ်လာကာ ပိုးကာကွယ်ရေး၊ မြေဆီလွာထိန်းသိမ်းရေး၊ မြေဆီလွာတိုက်စားမှုတို့ကို အကူညီပေးနိုင်ပါတယ်။

 

ကျွန်တော်တို့ နိုင်ငံတွင်လည်း တစ်စထက်တစ်စ ပြုန်းတီးလာသော တမာပင်ကို ထိန်းသိမ်းသင့်ပါပြီ။ တမာစိုက်လို့ အကျိုးမယုတ်ဘူးလို့ မြင်မိလာပါတယ်။ တမာပင် စိုက်ပျိုးခြင်းနှင့် တမာ ထုတ်ကုန်များဟာ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်လို ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ အခြေခံ အသေးစား ထုတ်လုပ်မှုလုပ်ငန်းအဖြစ် အသုံးတဲ့သောကြောင့် အလုပ်လက်မဲ့များ၊ ဝင်ငွေနဲသော မိသားစုများအတွက် အားကိုးအားထား ဖြစ်လာခဲ့ပါတယ်။ ကျွန်တော်တို့ဆီမှာ တမာပင်ဆိုတာ အညာဒေသမှာ ပေါများ လှပါတယ်။ တမာဆီအထိ ထုတ်လုပ်နိုင်ပြီး နောက်ထပ် နည်းပညာပံ့ပိုးမှု လုပ်ခဲ့ရင် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်လို အမေရိကန်၊ ဥရောပ၊ ဂျပန်နိုင်ငံတွေကို ပို့ကုန်တစ်ခုအဖြစ် မရနိုင်တော့ဘူးလား၊ ယူကလစ်စိုက်မှ သစ်တောစိုက်ခင်း နေရာတွေမှာ အစားထိုးနိုင်မှာလား၊ ယူကလစ်ကြောင့် နိုင်ငံတကာဝင်ငွေတွေ ရမှာလား၊ ယူကလစ်တွေနဲ့မှ ကမ္ဘာ့ခရီးသွားလုပ်ငန်း ဖမ်းစားလို့ရမှာလား၊ ဝင်ငွေတွေ တိုးလာမှာလား လို့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက တမာအကြောင်း ဖတ်ရင်း တွေးမိလို့ ဒီစာလေးရေးမိတာပါခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

ခန့်ဇော်ထက် ACOM


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်