အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
MyoKyawThu
MyoKyawThu 1,492
လွန်ခဲ့သော ၁ နှစ် က · ရမည်းသင်း

ကျွန်တော်ခရမ်းချင်ပင်ကရွက်နုထွက်ခါစမယ်မလိပ်ဘူးမတွန့်ဘူးအရွက်ရင့်လေတွန့်လာဖြစ်နေတယ်ပင်စီရဲ့အညွှန့်အကိုင်းတွေကလဲကျမသွားပဲပုံမှန်ပဲထွက်လာတယ်အပွင့်လဲပွင့်တယ်ဒါပေမယ့်အသီးတော့မတင်ဘူးတချို့ကပြောတော့အားဆေးများလို့တချို့ရောက်တော့ဆေးမှားလို့တဲ့နေပူရင်ပိုပြီးတော့လိပ်တယ်ထွက်လာတဲ့အညွန့်ရောက်တော့မလိပ်ပဲနဲနဲရင့်မှလိပ်တာရောဂါလဲရှာမရဘူးဘာဖြစ်တာလဲဘာဓာတ်တေများပြီးဘာဓာတ်တေချို့နေတာလဲဆရာတို့ကူညီပါဦး

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၆၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အရွက် အပွင့်
ရာသီဥတု (တစ်ပတ်အတွင်း)
အများအားဖြင့်တိမ်ထူထပ်ပြီး မိုးရွာ
အပင်အာဟာရ ခရမ်းချဉ် ခရမ်းချဉ်အရွက်တွန့်ရောဂါ
Post image
Post image

ဖြေကြားချက် ၅ ခု

သော်ဇင်
သော်ဇင် 453,450 လွန်ခဲ့သော ၁ နှစ် က
ဤအဖြေဖြင့် ပြေလည်

အဟာရကတော့ အနည်းလိုများဖြစ်တဲ့ ဆာလဖာ၊ဘိုရွန် ချို့တဲ့နေတာဖြစ်နိုင်ပါတယ်

Ei Phyu
Ei Phyu 118 လွန်ခဲ့သော ၁ နှစ် က

ပိုတက်စီယမ်ချို့တည့်တဲ့လက္ခဏာပါ ပိုတက်စီယမ်ဓာတ်အဓိကပါတဲ့မြေသြဇာကျွေးပေးပါ

U Maung Maung Htwe
U Maung Maung Htwe အတည်ပြုပြီး 22,992 လွန်ခဲ့သော ၁ နှစ် က

ဘိုင်းရပ်ရောဂါပါနှုပပြီးမီးရှို့ပါကျနတဲ့အပင်တွေမကူးအောင်ပိုးသတ်ဆေးပျန်းပေးပါ

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,123,111 လွန်ခဲ့သော ၁ နှစ် က

ပိုတက်စီယံဟူးမိတ်နဲ့သဘာဝမြေဩဇာရောကျွေးပါ။ပုလဲမြေဩဇာရောထည့်ပါ

သော်ဇင်
သော်ဇင် 453,450 လွန်ခဲ့သော ၁ နှစ် က

လှေးပိုး စုပ်စားပိုးကြောင့် ရွက်တွန့်ဗိုင်းရပ်စ်ရောဂါဝင်နေတာပါ ၊ Fipronil, Emamectin-Benzoate တမျိုးမျိုးဖျန်းပေးပါ၊ အဟာရချိုတဲ့သောလက္ခဏာများကြည့်ပေးစေလိုချင်ရင်၃ပုံလောက် ပုံရှင်းရှင်းလင်းလင်းမြင်ရရက်ပိုအဆင်ပြေပါမယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ဆရာ ၁ ။ အခုပုံပါခရမ်းချဥ်ပင်က အသုံးမဝင်လောက်တော့ဘူးထင်လို့နှုတ်ပစ်ခဲ့တယ်ဆရာ အပန်းမကြီးရင်အခုပုံပါခရမ်းချဥ်ပင်က...

ဖြေကြားချက် 4 ခု

ခရမ်းချဥ် ရွက်တွေ အဲ့လို ​ဖြစ်နေလို့ဗျ ၁၀ ပင် လောက် ​ဖြစ်နေပါတယ်ဗျ ​​​​ အေမီတာကလိုဖစ်၇ွ၀ ၁ဇွန်းနဲ့ ကွန်ဘီ...

ဖြေကြားချက် 2 ခု

ခရမ်းချဥ်ပင်လေးက အပွင့်ပွင့်ပြီး အသီးမတင်ဖြစ်နေပါတယ်ဗျာ ဆရာတို့နည်းလမ်းလေးပေးကြပါဗျာ။ ဘယ်လိုလုပ်ရပါမလဲ?

ဖြေကြားချက် 2 ခု

အ့လို အရွက်မှာအဝါရောင်လေးတွေနဲ့ တွန့်နေတာတွေတွေ့လို့ ဘာဖြစ်တာလဲဗျ

ဖြေကြားချက် 2 ခု

အရွက်လိပ်ပြီးအပင်အညွှန့်ဦးညိုးပြီးသေနေတာဘာဖြစ်တာပါလဲပြောပြပေးပါ

ဖြေကြားချက် 3 ခု

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။