အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
603
လွန်ခဲ့သော ၁ နှစ် က · ဝက်လက်

စပါးစိုက်ပီး ၂၅ ရက်သားမာ ဆစ်ပိုးတွေ့နေလို့ပါဗျ တချို့အခင်းကျ မတွေ့သေး‌ပါဘူး ဆစ်ပိုးတွေ့တဲ့အခင်းရော မတွေ့သေးတဲ့...

စပါးစိုက်ပီး ၂၅ ရက်သားမာ ဆစ်ပိုးတွေ့နေလို့ပါဗျ တချို့အခင်းကျ မတွေ့သေး‌ပါဘူး ဆစ်ပိုးတွေ့တဲ့အခင်းရော မတွေ့သေးတဲ့ အခင်းရောအတွက် ပိုးသတ်ဆေး ပတ်ချင်တာပါ တချို့တွေက (ဖျူရာဒန်) ပတ်ခိုင်းနေပါတယ် ဖျူရာဒန်က အောက်က ပတ်ပီး အပေါ်က ပိုးသတ်ဆေး တမျိုးမျိုး ထပ်ပတ်ခိုင်းနေပါတယ် ဘယ်လို အဆင်ပြေနိုင်လဲဗျ ဖျူရာဒန်အကြောင်းလဲ သိချင်ပါတယ် ရှင်းပြပေးကြပါ ဆရာတို့

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၂၅ ရက်
ရာသီဥတု (တစ်ပတ်အတွင်း)
တိမ်အသင့်အတင့်ဖြစ်ထွန်း
ပိုးမွှားရောဂါ စပါး စပါးဆစ်ပိုး

ဖြေကြားချက် ၃ ခု

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၁ နှစ် က

ဖျူရာဒန်3Gဆိုတာ၊အစိုဓါတ်/ရေနဲ့တွေ့ရင် အဆိပ်ငွေ့ထုတ် ​ေပးပါတယ်။ မြေအောင်းပိုးအတွက်သုံးပါတယ်။ဆစ်ပိုးအတွက် အပေါ်ဖျန်းဆေးကို ကာတက်ဟိုက်ဒြိုကလိုရိုဒ်၊သို့မဟုတ်၊ကာဘိုဆာလ်ဖန်၊ကလိုဖန်နပိုင်ယာ စသဖြင့် ဖျန်းနိုင်ပါတယ်။

348,307 လွန်ခဲ့သော ၁ နှစ် က

ဆစ်ပိုးမကျသေးတဲ့ လယ်မှာ ဖျူရာဒန် တမျိုးတည်းတစ်ကြိမ်ကြဲပက်ထားခြင်းဖြင့်ကာကွယ်နိုင်ပါတယ်၊ မကျ‌ သေးသောလယ်အတွက်စပါးစိုက်ပြီးသက်တမ်း45ရက်နောက်ပိုင်းမှသာပိုးသတ်ဆေးဖျန်းခြင်းဖြင့်ကာကွယ်နိုင်ပါတယ်ဗျ၊ ဆစ်ပိုးကျနေတဲ့လယ်ကွက်မှာတော့ ဖျူရာဒန်အရင်ကြဲပက်ပြီး ၅ရက်အကြာမှာ ပိုးသတ်ဆေးဖျန်းပက်ပေးရမှာဖြစ်ပါတယ်ဗျ။ ‌ဖျန်းပက်ရမည့်ဆေးaiများကတော့ Profenofos+ Lambda cyhalotharin, Fipronil , Cartaphydrochloride တမျိုးမျိုးဖျန်းပက်ပေးရမှာဖြစ်ပါတယ်ဗျ၊ စပါးမှိူ့ကပ်ချိန်နောက်ပိုင်းမှ အနှံထွက်ချိန်အတွင်း (7-10)ရက်ခြားပိုး‌သတ် ဆေးဖျန်းပက်ပေးနိုင်မှ စပါးအထွက်မထိခိုက်မှာဖြစ်ပါတယ်ဗျ၊

2,181 လွန်ခဲ့သော ၁ နှစ် က

ဖျူရာဒမ် ပက်ရင် ၁ဧကကို ၄-၅ထုပ်လောက်ပက်ပေးရမှာပါဗျ ပင်လုံးပျံပိုးသတ်ဆေး ဆေး နာမည်က ဆစ်ပိုး ပါခင်ဗျ ဆေး၁ပုံးကို ဆစ်ပိုး ၁၀ဂရမ် ၁ထုပ်ထည့်ပီး ၁ဧကကို ၅ပုံးဝင်အောင်ဖျန်းပေးပါ ခင်ဗျ အဆင်ပြေပါတယ်ဗျ

You

ဆက်စပ်မေးခွန်းများ

ဖြုတ်ကျတာလားခဗျ စိုက်ခင်းက ရေလဲမဝင် ရေလဲမရှိပါဘူးခဗျ အမြစ်နားမှာပြတ်လုလုတေဖြစ်ပီး ဆွဲနှတ်လိုက်ရင် အမြစ်ကျန်ခဲ့...

ဖြေကြားချက် 3 ခု

ဆရာတို့ရေ ပုံပါဆေးက ဆစ်ပိုးနိုင်လောက်လားဖြေပေးပါအုံး အီပိုပီလီ အတွက်ပါ အီပိုပီလီနဲ့ရော့ကက် တွဲဖျန်းလိူ့ရလား...

ဖြေကြားချက် 2 ခု

ပေါ်ဆန်း ဘေးကြား ပျိုးခင်း ၂၂ရက်သားမှာ ဆစ်ပိုးကျရောက်နေပါတယ် နှိမ်နှင်းလို့ ရနိုင်လား?ဗျ အောက်ပံုပါစိုက်ပျိုး...

ဖြေကြားချက် 3 ခု

စပါးခင်းမှာ ဆစ်ပိုးကျနေလို့ပါဗျ လောက်ကောင်လေးတေလည်းတွေ့ရပါတယ်ဗျ ဆေးအနေနဲ့ကတော့ ပရိုလန်ဒါဆိုတဲ့ဆေးဖျန်းထားပါတယ်...

ဖြေကြားချက် 4 ခု

စပါးအဆစ်ပိုးကိုမည်သည့်အချိန်မည်သည့်ဆေးမျိုးများဖြင့်ကာကွယ်ကုသသင့်သလဲ

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။