ဖြေကြားချက် ၂ ခု
မျိုးသန့်စပါးရဖို့အတွက်၊အလံရွက် ဟာ ပိုးမွှား၊ရောဂါလက်ခံ တဲ့ အရွက်ဖြစ်လို့ ဖြတ်ကြတာလို့ဆိုပါတယ်။ ယခင်သိထားကြတာက အလံရွက်သည် အနှံကိုအာဟာရထောက်ပံ့တံ့ အဓိကအရွက်လို့ မှတ်ထားကြတာပါပဲ။
နားလည်မှုလွဲတာများဖြစ်မလားဗျ အလံရွက်ဖြတ်တာမဟုတ်ဘဲ စပါးအပင်စုံညီညာရန်အရွက်ဖျားတွေဖြတ်တာဖြစ်နိုင်မလားဗျ။ မျိုးကွဲပါလို့ အလံရွက် အနေအထားမတူတဲ့အပင်များပါလာရင် အလံရွင်ဖြတ်ရုံတင်မရဘဲ နှုတ်ပြစ်မှသာလျှင်မျိုးကောင်းမျိုးသန့်ရပါမယ်ဗျ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဘာရောဂါလဲ ဆရာတို့ ဘာဆေးတွေဖြန်းရမလဲ
ဖြေကြားချက် 1 ခု
နွားကျင်ငယ် ပင်ဖျန်းရင် ရနိုင်တဲအကျိုးကိုပြောပေးပါ
ဖြေကြားချက် 1 ခု
ဆန်/စပါးစျေးနှုန်းတွေကို ဆန်ကုန်သည်ကြီးများ ထုတ်ပြန်တဲ့စျေးရယ် တိုင်း/ဒေသကြီးအလိုက်ကစျေးနှုန်းရယ်/မြို့ကြီးတွေ...
ဖြေကြားချက် 6 ခု
ဆင်းသုခ 15ရက်သားပါ စပါးပင်ထိပ်လေးတွေကအဲ့လိုဖြစ်နေလို့ပါ အရင်နေ့ကတော့ ဩဘာကထုတ်တဲ့မြေကောင်းဆေးပုံဆောင်ခဲ ကြဲထား...
ဖြေကြားချက် 2 ခု
စပါးပင်ခုလိုဝါပြီးတိုဝင်နေတာ ဘာဆေးဖျန်းရမှာလဲဗျ ပိုးလား ရေားဂါလားဗျ မသိလို့ပါ ဖြေပေးပါအုံး ဆရာကြီး
ဖြေကြားချက် 2 ခု