အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၁ နှစ် က · ကော့ကရိတ်

ရော်ဘာ အစေးထွက်နည်းလို့.ဘယ်မြေသြဇာသုံးရင် သင့်တော်မလည်း တစ်ချို့အပင်ဆိုအစေး.လုံးဝကိုမထွက်တော့တာ ဘယ်လိုလုပ်ရင်အ...

ရော်ဘာ အစေးထွက်နည်းလို့.ဘယ်မြေသြဇာသုံးရင် သင့်တော်မလည်း တစ်ချို့အပင်ဆိုအစေး.လုံးဝကိုမထွက်တော့တာ ဘယ်လိုလုပ်ရင်အဆင်ပြေမလည်း လမ်းညွန်းပေးပါအုံး.ဆရာသမားတို့

စိုက်ပျိုးနည်း ရော်ဘာ ရော်ဘာအစေးထွက်ကောင်းစေရန်

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 22,958 လွန်ခဲ့သော ၁ နှစ် က

အစေးထွက်အောင်အနဲလိုရောအများလိုအာဟာရများလိုအပ်ပါသည်ရာဘာမှာအစေးပ်ုထွက်အောင်လှုံ့ဆော်ပေးတဲ့အီသရယ်​ဟော်ကိုပေးထားတဲ့အညွှန်းအတိုင်းလှီးပြီးမိက်နီပြင်ကိုသုတ်ပေးရင်များများထွက်ပါလိမ့်မယ်

348,957 လွန်ခဲ့သော ၁ နှစ် က

၁၅ပတ်လည်ကွန်ပေါင်းဓာတ်မြေဩဇာသုံးသင့်ပါတယ်။ အစေးမထွက်ရင်အစေးထွက်လှုံ့ဆော်ဆေး(၂.၅ ရာခိုင်နှုန်း) ရာခိုင်နှုန်း သုံး ဆေးကို အစေးခြစ်မျက်နှာပြင်တွင် 0.5-1.0 g နှုန်းတစ်ပင်လျှင် သုံး နိုင်ပါသည်။ အစေးခြစ်ချိန်ကို နံနက်စောစော ၂ နာရီမှ ၃ နာ ရီတွင် အစေးခြစ်လျှင်ပြင်ပလေမှာ ပိုအေး နေသဖြင့် အ စေးကြောအတွင်းရှိ ဖိအား Turgor Pressure သည် ပိုမြ င့်နေသဖြင့် အစေးပိုမို ထွက်ရှိ ပါသည် ။ နံနက်စောစော အေးသည့်အချိန်သည် အစေးကြောအတွင်းရှိ ဖိအားနှင့် ပြင်ပလေထု ဖိအား ကွာခြားမှု အမြင့်ဆုံးဖြစ်သည့်အချိန် တွင် အစေးယိုစီးမှူ အကြာဆုံးအချိန်ဖြစ်ပါသည်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။