အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၁ နှစ် က · ကျွန်းစု

15နှစ်သက်တမ်းရှိ ရော်ဘာပင် အရိုင်းများက အစေးထွက်အရမ်းနေသည် အစေးထွက်ကောင်းစေ မည်သို့ပြုလုပ်ရမယ်ကိုသိချင်ပါတယ်ခ...

15နှစ်သက်တမ်းရှိ ရော်ဘာပင် အရိုင်းများက အစေးထွက်အရမ်းနေသည် အစေးထွက်ကောင်းစေ မည်သို့ပြုလုပ်ရမယ်ကိုသိချင်ပါတယ်ခဗျား ကျေးဇူးပြု၍ပြန်လှန် ဖြေကြားပေးပါခင်ဗျား

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၁၅ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
ပင်စည် တစ်ပင်လုံး
ရာသီဥတု (တစ်ပတ်အတွင်း)
မိုးရွာ
စိုက်ပျိုး ရေ ရော်ဘာ ရော်ဘာအစေးထွက်ကောင်းစေရန်

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 1,116,069 လွန်ခဲ့သော ၁ နှစ် က

အပင်သက်တမ်းအလိုက် မြေဩဇာနှုန်းထားတွေကို မှန်ကန်စွာ ပေးသွင်းဖို့လိုပါတယ်။ ပုံမှန်အားဖြင့် မိုးဦးနဲ့ မိုးနှောင်း တစ်နှစ် နှစ်ကြိမ် ကျွေးသင့်ပါတယ်။ * မြေဩဇာကျွေးတဲ့အခါ အပင်ဖြစ်ထွန်းမှုအလိုက် ဆူးထိုးကျွေးခြင်း၊ ပေါက်ကျွေးခြင်း၊ စက်ဝိုင်းပတ်ဖြူးကျွေးခြင်း စတဲ့နည်းလမ်းတွေနဲ့ ကျွေးနိုင်ပါတယ်။ ၃။ အစေးလှီးခြင်း လုပ်ငန်း စနစ်တကျ လုပ်ဆောင်ခြင်း: * အစေးလှီးရက်များများ ရရှိအောင် ရက်ပျက်မရှိ၊ လူပြည့်၊ ကွက်ပြည့် လှီးဖို့လိုပါတယ်။ တစ်နှစ်ကို ရက်ပေါင်း ၂၂၀ မှ ၂၄၀ ခန့် ရရှိအောင် လှီးသင့်ပါတယ်။ * အစေးလှီးကြောင်း အစောင်းဒီဂရီ မှန်ကန်အောင် လှီးဖို့ အရေးကြီးပါတယ်။ * အစေးလှီးမျက်နှာပြင် ပြောင်းတဲ့အခါ စတင်လှီးရမယ့် အမြင့်ကို မှန်ကန်အောင် လုပ်ဆောင်ရပါမယ်။ (ဥပမာ- ပထမအကြိမ် မြေပြင်မှ ၄၀ လက်မ၊ ဒုတိယအကြိမ် ၅၀ လက်မ) * ပင်စည်လုံးပတ်ဝက် နေ့ခြားလှီး (½S d2) စနစ် ကို ကျင့်သုံးသင့်ပါတယ်။ * အခေါက်အတွင်းပိုင်း အသားတိုးလွှာ (cambium) ကို မထိခိုက်အောင် ဂရုစိုက်လှီးရပါမယ်။ နက်လွန်းပါက အခေါက်ပျက်စီးပြီး အစေးထွက်နှုန်း လျော့နည်းနိုင်ပါတယ်။ * နံနက်စောစော အစေးလှီးခြင်း က အစေးပိုထွက်စေတာကြောင့် နံနက် ၃ နာရီခန့်ကတည်းက စောနိုင်သမျှ စောစောလှီးသင့်ပါတယ်။ ၄။ အပင်ပြုစုထိန်းသိမ်းခြင်း: * ပေါင်းမြက်ရှင်းလင်းခြင်း - ရာဘာပင် မြေထဲက အစိုဓာတ်နဲ့ အာဟာရဓာတ်တွေ အပြည့်အဝရရှိဖို့ ပုံမှန်ပေါင်းရှင်းပေးရပါမယ်။ * ကိုင်းဖြတ်ခြင်း - ပင်စည်မှာ ကိုင်းတက်တွေမရှိဘဲ လုံးချောနေဖို့ မြေပြင်အမြင့် ၆ ပေအထိ ကိုင်းပိုတွေကို စနစ်တကျ ဖြတ်ပေးရပါမယ်။ * အစိုဓာတ်ထိန်းခြင်း - မိုးရာသီကုန်ဆုံးချိန်မှာ ပင်ခြေပတ်လည်ကို သစ်ရွက်ခြောက်၊ မြက်ခြောက်တွေ စုပုံပေးခြင်းဖြင့် မြေကြီးအစိုဓာတ်ကို ထိန်းသိမ်းပေးသင့်ပါတယ်။ * ပိုးမွှားရောဂါ ကာကွယ်ခြင်း - ကျရောက်တတ်တဲ့ ပိုးမွှားရောဂါအမျိုးအစားအလိုက် ထိရောက်စွာ နှိမ်နင်းပေးရပါမယ်။ ၅။ အစေးထွက်လှုံ့ဆော်ဆေးများ အသုံးပြုခြင်း (Ethylene stimulation): * အီသရယ် (Ethephon) လိုမျိုး ဟော်မုန်းဆေးတွေဟာ ရာဘာပင်ရဲ့ အစေးထွက်နှုန်းကို ၁.၅ ဆ မှ ၂ ဆ အထိ တိုးစေနိုင်ပါတယ်။ * အီသရယ်ကို အခေါက်ပေါ်မှာ လှီးကြောင်းရဲ့ အပေါ်ဘက် ၁ မီလီမီတာခန့်မှာ ၂.၅% ပြင်းအားနဲ့ လိမ်းကျံပေးနိုင်ပါတယ်။ * အီသရယ်ဟာ အစေးကြောတွေ ပိတ်ဆို့တာကို နှောင့်နှေးစေပြီး အစေးစီးဆင်းမှု ကြာရှည်စေတာကြောင့် အစေးထွက်ပိုများလာပါတယ်။ * သို့သော် အလွန်အကျွံအသုံးပြုခြင်းက အပင်ကို ထိခိုက်စေနိုင်တာကြောင့် သတ်မှတ်ထားတဲ့ ပမာဏနဲ့ နည်းလမ်းအတိုင်းသာ အသုံးပြုသင့်ပါတယ်။

348,307 လွန်ခဲ့သော ၁ နှစ် က

ရော်ဘာအစေးထွက်ကောင်းဖို့ဆိုရင် အဟာရ၊ရေလုံလောက်စွာရရှိရန်လိုအပ်ပြီး ပိုး/ရောဂါကင်းဖို့လည်းလိုအပ်ပါတယ်ခင်ဗျာ။ အစေးထွက်ကောင်းဖို့မြေဩဇာကျွေးမယ်ဆိုရင် ၁၅:၁၅:၁၅ ပတ်လည်မြေဩဇာကျွေးနိုင်ရင်အကောင်းဆုံးပါ။ အစေးထွက်ဆေးအသုံးပြုချင်တယ်ဆိုရင်တော့အီသရယ်ပြင်းအား ကို ၂.၅% ဖျော်၍ အစေးထွက်များသော ကာလ အောက်တိုဘာ ၊ နိဝင်ဘာ ၊ ဒီဇင်ဘာ ၊ မေ ၊ ဇွန်လ များတွင် ဆေးညွှန်းနှုန်းထားအတိုင်းသုတ်လိမ်းပေးပါ။ ‌ဆေးသုတ်လိမ်းပြီး ၂ရက်ကြာပြီးမှ အစေးထုတ်မှ ဆေးထိရောက်ပြီး အထွက်အားကောင်းမည်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။