ဖြေကြားချက် ၅ ခု
မြက်ကို ချဉ်ဖက် လုပ်ကျွေးတာတို့ ငှက်ပျောအူကို ချဉ်ဖက် လုပ်ကျွေးတာတို့ နောက်ပြီး တခြား အစာစပ်ပြီး ကျွေးတာတို့ လုပ်ကျွေးလို့ ရပါတယ် အစာစပ်နည်းတွေကိုလည်း you tubeမှာ လေ့လာလို့ရပါတယ် နွားအမျိုးအစားပေါ်မူတည်ပြီး carbohydrates များရမှာလား protein များကျွေးရမှာလားလည်း လိုအပ်တာ ဖြစ်လို့ သေချာလေး အစီအစဉ် ချသင့်ပါတယ်
ကြီးထွားမြန်ဖို့အတွက် နေဗီယာတစ်မျိုးတည်းထက် အခြားအဟာရပြည့်စေမယ့် အစာတွေကိုပါ ရောနှောကျွေးဖို့လိုအပ်ပါတယ်ဗျ။ ဖြစ်နိုင်ရင် ပဲဖက်တို့လိုမျိုးပါ ရောစပ်ကျွေးပေးပါ။ ဒေသနွားများအတွက် အာဟာရပြည့်ဝသည့် အစာစပ်နည်းနှင့် အစာကျွေးနည်းများ
အသားတိုးနွားနှင့် နို့စားနွားများအတွက် နေဗီယာမြက်တစ်ခုတည်းဖြင့် မွေးမြူခြင်းသည် အကောင်းဆုံးကြီးထွားမှုနှင့် ထုတ်လုပ်မှုအတွက် မလုံလောက်ဘဲ ဖွဲနု၊ ဆန်ကွဲစသည့် ဖြည့်စွက်စာများ မဖြစ်မနေလိုအပ်ပါသည်။ ဖြည့်စွက်စာများမပါဘဲ ကျွေးပါက ကြီးထွားမှုနှုန်း သိသိသာသာနှောင့်နှေးကာ စျေးကွက်သို့တင်ပို့ရန် သို့မဟုတ် နို့ထွက်နှုန်းပြည့်မီရန် အချိန်များစွာ ပိုမိုကြာမြင့်မည်ဖြစ်သည်။ အစပိုင်းတွင် ဖြည့်စွက်စာကုန်ကျစရိတ် မြင့်မားသော်လည်း ၎င်းတို့သည် အသားထွက်နှုန်းပိုကောင်းစေခြင်း၊ နို့ထွက်နှုန်းတိုးစေခြင်းနှင့် မွေးမြူချိန်တိုစေခြင်းတို့ကြောင့် အလုံးစုံအမြတ်အစွန်းကို ပိုမိုတိုးတက်စေသောကြောင့် စုစုပေါင်းကုန်ကျစရိတ်နှင့် အချိန်ကိုက်ညီမှုရှိပါသည်။
ဆက်စပ်မေးခွန်းများ
နနွားအားတိုးဆေးဖော်တာတ မိုးတွင်းဘက်ဆိုတော့ နေလှမ်းမရလို့ ကျိုးချပ်လို့ရလားခင်ဗျာ.???
ဖြေကြားချက် 2 ခု
နွားဝအောင် အသားဓာတ် အမျှင်ဓာတ်နဲ အဆီဓာတ် ကျွေးနည်းစနစ် သိချင်ပါတယ်
ဖြေကြားချက် 1 ခု
အသားတိုးနွား/နို့စားနွားတွေကို နေဗီယာမြက်(Napier grass)နဲ့ ဖွဲနုတွေ ဆန်ကွဲတွေ ဘယ်အရွယ်ကို တစ်ရက်ဘယ်နှပိဿာ...
ဖြေကြားချက် 2 ခု
အသားစားနွား/နို့စားနွားတွေအတွက် အစာစပ်ပုံစပ်နည်းနဲ့ အစာဖိုးတွက်ပြပေးပါ။ကျေးဇူးပါဗျ။
ဖြေကြားချက် 2 ခု
တီလားဗီးယားမွေးမြူရာတွင် ဒေသအစာကို ဘယ်လို ပြုလုပ်ကျွေးမွေးရမလဲ ဆရာတို့
ဖြေကြားချက် 1 ခု
ရေပန်းစားသော အကြောင်းအရာများ