ဒေသနွားများအတွက် အာဟာရပြည့်ဝသည့် အစာစပ်နည်းနှင့် အစာကျွေးနည်းများ

24/11/2022 17:30 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

ဒေသနွားမွေးမြူသူများအတွက် အာဟာရလည်းပြည့်ဝစေပြီး ကုန်ကျစရိတ်လည်းသက်သာစေမည့် နွားအစာစပ်နည်းများကို ဖော်ပြပေးလိုက်ပါသည်။

၁။ နို့ထွက်နွားမများအတွက်အစာ

နွားမများကိုနို့ခန်းချိန်တွင် အစာကောင်းကောင်းကျွေးခြင်း၊ စားကျက်ထဲလွှတ်ထားခြင်းဖြင့်ဝဖြိုးလာအောင် ကျွေးမွေးနိုင်ပါသည်။ 

သားဖွားခါနီး ၂ ရက် ၃ ရက်အလိုတွင် အစာနုလျှော့ကျွေးရပါသည်။ မွေးဖွားသောအခါ အစာကို ပုံမှန်အတိုင်း ပြန်ကျွေးနိုင်ပါသည်။

နို့စားနွားမတစ်ကောင်အတွက် နမူနာအစာ

ဖွဲနု .......... ၄ ပိဿာ

ဆန်ကွဲ......၂ ပိဿာ

နှမ်းဖတ် - ပဲဖတ်..... ၃ ပိဿာ

ဆား..... ၁၅ ကျပ်သားတို့ဖြစ်ပါသည်။ 

၄င်းအစာတွင် ပရိုတင်း ၁၅% ခန့်ပါရှိသည်။

နွားမတစ်ကောင်လျှင် မနက် ၁ ပိဿာ၊ ည ၁ ပိဿာ ကျွေးနိုင်ပါသည်။ မြက်စိမ်းနှင့် ကောက်ရိုးကိုလည်း ကျွေးရန်လိုအပ်သဖြင့် လိုသလောက်ထားပေးထားရပါသည်။

၂။ နွားသိုးအတွက် အစာ

နွားသိုးအတွက်အစာသည် နှုန်းအားဖြင့်ကြည့်လျှင် နို့စာနွားမများထက်နည်း၏။ သို့သော်နွားသိုးသည် ကိုယ်အလေးချိန် ပိုစီးသောကြောင့် အစာပိုစားရသည်။

နွားသိုးကိုယ်အလေးချိန်၏ ၁% အတွက် ကောက်ရိုးကျွေး၍ ၄င်း%၏ တစ်ဝက်ကို အစာနုကျွေးရသည်။ 

နမူနာအားဖြင့် ပိဿာ၃ရာခန့်ရှိ နွားသိုးအတွက် ကောက်ရိုး ၃ ပိဿာနှင့်အစာနုစပ်စာ တစ်ပိဿာ ငါးဆယ်သားခန့် ကျွေးရသည်။ ရေကိုလိုသလောက်ပေးထားပါ။

အစာနုကိုစပ်ရာတွင် သမမျှတသောအစာဖြစ်ရန်အရေးကြီးသည်။ ကစီဓာတ်များလွန်းပါက လှုပ်ရှားမှုနည်းလျှင် အဆီထူပြီးသားအောင်နှုန်းနည်းသွားနိုင်ပါသည်။

နွားသိုးအတွက်နမူနာအစာ

ဖွဲနု.... ၄ ပိဿာ

ဆန်ကွဲ.... ၂ ပိဿာ

နှမ်းဖတ်/ပဲဖတ်.... ၄ ပိဿာ

ဆား..... ၂၀ ကျပ်သားတို့ ဖြစ်ပါသည်။

၄င်းအစာတွင် ပရိုတင်း ၁၇% ခန့် ပါဝင်သည်။

နွားသိုးကိုအစာကောင်းကျွေးရန်နှင် အညောင်းပြေလှုပ်ရှားမှု မှန်မှန်ပေးနိုင်ရန် အရေးကြီးပါသည်။

၃။ နွားကလေးများကိုအစာကျွေးခြင်း

နွားကလေးများကို အသက်တစ်လအထိ ကိုယ်အလေးချိန် ၁၀ ပေါင်တွင် နို့ ၁ ပေါင်နှုန်းဖြင့် ပေးသည်။ အသက်တစ်လခွဲအတွင်းတွင် ယခင်ကထက် ၁၄ ကျပ်သားခန့် နို့ပိုပေးသည်။ အသက် တစ်လခွဲမှ နှစ်လ အတွင်းတွင်ဝေပုံကျထက် ၂၈ ကျပ်သားခန့် နို့ပိုချပေးသည်။ ၄င်းကာလအတွင်းတွင် နွားငယ်များကို အစာစားတတ်အောင်  အကျင့်လုပ်ပေးရပါသည်။ 

အစာအနည်းငယ်ပြ၍ စားခိုင်းခြင်း၊ အခြားအစာစားနေသော နွားငယ်ကလေးများနှင့် အစာကျွေးချိန်တွင် ရောနှောပြီး အစာခွက်မှ နှိုက်စားစေခြင်းတို့ပြုစေရသည်။

အသက်၂ လကျော်သောအခါမှ အစာစကျွေးရတော့မည်ဖြစ်သည်။ ဤအရွယ်တွင် အစာကြမ်းများ မကျွေးရသေးပေ။ အစာအိမ်ပုံမှန်ဖွံ့ဖြိုးမှုနည်းသွားနိုင်သောကြောင့်ဖြစ်သည်။

နွားငယ်စာ အစာနုစပ်ရန် နမူနာအချိုး

ဖွဲနု……… ၃၄%

နှမ်းဖတ်၊ ပဲဖတ်………. ၃၀%

ဆန်ကွဲ (သို့မဟုတ်)ပြောင်းမှုန့်………. ၃၀%

ဆား……… ၁%

ခရုမှုန့်…….. ၅%တို့ ဖြစ်သည်။ 

အသက်၂ လကျော်လာသောအခါ နွားနို့ပေးခြင်းကိုတစ်ဝက်ခန့် လျော့ချလိုက်ပါ။ ထို့နောက် အစာ (အစာနုစပ်စာ)ကို နံနက် ၂၅ ကျပ်သား၊ ည ၂၅ ကျပ်သားပေးပါ။ အစာစိမ်းအဖြစ် မြက်စိုကို ကျွေးနိုင်ပါသည်။ မြက်စိုကို တစ်နေ့လျှင် ၂၅ ကျပ်သားခန့် စမ်းကျွေးနိုင်ပါသည်။

အသက် ၃ လမှ ၄ လအထိ၊ နို့ကိုယခင်အတိုင်း တစ်ဝက်သာပေးပါ။ အစာနုစပ်စာကို နံနက် ၃၅ကျပ်သား၊ ည ၃၅ ကျပ်သားကျွေးပါ။ မြက်စိမ်းကို နှစ်ဆတိုးကျွေးနိုင်ပါသည်။

အသက် ၄ လမှ ၅ လ အထိနို့ပေးနှုန်းနှင့် အစာနုစပ်စာကို ယခင်အတိုင်းပေးပါ။ မြက်စိမ်းကို နံနက်နှင့် ညအတွက်စုစုပေါင်း ၁ ပိဿာခွဲခန့်ပေးပါ။ ကောက်ရိုးကို ၂၅ ကျပ်သားခန့် စမ်းကျွေး ကြည့်နိုင်သည်။

အသက် ၅ လတွင် နို့ကို ယခင်အတိုင်းတဝက်ပေးနိုင်သည်။

အစာနုစပ်စာကို နံနက်နှင့်ည နှစ်နှပ်စာ တစ်ပိဿာအထိ ပေးနိုင်သည်။ မြက်စိမ်းတစ်ပိဿာခွဲနှင့် ကောက်ရိုး ငါးဆယ်သားပေးပါ။

အသက် ၆ လမှ ၇ လအထိ နို့ပေးနှုန်းလျှော့ချပေးပြီး အစာနုစပ်စာ ၁ပိဿာ၊ မြက်တစ်ပိဿာခွဲနှင့် ကောက်ရိုး ၇၅ကျပ်သားကျွေးနိုင်သည်။

အသက် ၇ လမှ ၈ လအထိ နို့ကိုရပ်လိုက်ပါ။အစာနုစပ်စာ တစ်ပိဿာ၊ မြက်စိမ်းနှစ်ပိဿာ၊ ကောက်ရိုး တစ်ပိဿာကျွေးနိုင်သည်။

အရွယ်ရောက်ပြီး နောက်ပိုင်းတွင် မြက်နှင့်ကောက်ရိုးကို တိုးကျွေးနိုင်ပြီး ဆယ်လကျော်လျှင် အစာနုစပ်စာကိုစားနိုင်သလောက်ကျွေးခြင်းဖြင့် ဖွံ့ဖြိုးလာနိုင်ပါသည်။

Ref; Diploma in Livestock Production and Aquaculture.

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ
ရောဂါပိုးမွှားတွေ ဝင်မလာနိုင်ဖို့ဆို အားရှိနေမှဖြစ်မှာနော်.. ဒါက လူတွေမှာတင်မဟုတ်ပါဘူး..မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေမှာလည်း အလားတူပါပဲ။ ဆိုတော့ ငါး၊ ပုစွန်မွေးမြူသူတွေအတွက်လည်း.. သူတို့လေးတွေ အားရှိနေဖို့ အားဆေးလေးတွေ ကျွေးပေးဖို့ လိုပါတယ်ရှင့်။ ဒီအတွက် အခက်အခဲလေး ရှိမယ်ဆိုရင်… ‘ဗွေဆော်ဦး’ မှာရှိတဲ့ ‘Aqua Booster’ လေးက ဖြေရှင်းပေးနိုင်ပါတယ်ရှင့်။ Aqua Booster ဆိုတာ… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝ ကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်ပြီး ပုစွန်တွေရဲ့ ကျန်းမာ ရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီးပြီး ရေရှည်တည်တံ့တဲ့စွမ်းအင်မျိုးရှိတာကြောင့် ဘယ်လို ရေလုပ်ငန်း မျိုးနဲ့မဆို သင့်တော်ပြီး အမြတ်အစွန်းတိုးပွားစေနိုင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိစေနိုင်လဲ… ပုစွန်များရဲ့ ကျန်းမာရေးကောင်းမွန်စေလို့ အူလမ်းကြောင်းထဲက pH ကို လျှော့ချပေးပြီး ရောဂါဖြစ်စေဘတ်တီးရီးယားများ လျော့ပါးစေ နိုင်ပြီး သဘာဝအကျိုးပြုဘက်တီးရီးယားများ တိုးပွားစေလို့ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း မြင့်တက်စေခါတယ်။ ဘက်တီးရီးယားဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိစေပြီး အစာမှအသားဖြစ်စေနှုန်းနဲ့ ပရိုတင်း ချေဖျက်မှုကို မြှင့်တင်ပေးလို့ အထွက်နှုန်းကိုလည်းတိုးစေနိုင်ပါတယ်။ (ပဋိဇီဝဆေး မဟုတ်လို့ နောက်ဆက်တွဲပြဿနာများလည်းမရှိသောကြောင့် ထုတ်ကုန်တန်ဖိုးလျော့ကျစေမဲ့ ဓာတ်ကြွင်းအာနိသင်များမရှိပါ။) ကဲ...ဘာစဉ်းစားနေဦးမလဲ...ကိုယ့်ရဲ့ ငါး၊ ပုစွန်လေးတွေကို ‘ Aqua Booster’ နဲ့ အားတွေ မြှင့်ပေးလိုက်တော့လေ...။
Read more မှာယူရန် နှိပ်ပါ

ဆွေးနွေးချက်များ

ဆွေးနွေးရန်