အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
612
လွန်ခဲ့သော ၁ နှစ် က · အင်္ဂပူ

ငရုပ်ပျိုးပင်မှာအဲ့လိုလေးတွေရိပီးကျိုးကျနေလို့ပါဘက်တီးရီးယားကြောင့်လားမှိုကြောင့်လားဘာရောဂါပါလဲခင်ဗျာ

ပိုးမွှားရောဂါ ငရုတ်သီး ငရုတ်ပင်နာကျရောဂါ
Post image

ဖြေကြားချက် ၁ ခု

349,563 လွန်ခဲ့သော ၁ နှစ် က

ပင်နာကျရောဂါ(Phytophthara Blight) ဖြစ်နိုင်ပါတယ်။ ရောဂါကျသေဆုံးသောပျိုးပင်များကိုဖယ်ရှားပေးပါ။ ပျိုးခင်းမြေဆီလွှာအစိုဓာတ်မများအောင် ရေအလွန်အကျွံသွင်းခြင်းမလုပ်ပါနဲ့။ အရွက်များရေစိုချိန်ကြာသွားရင်ရောဂါဖြစ်နိုင်ခြေများတာမို့ အပင်အပေါ်ကရေဖျန်းခြင်းမပြုလုပ်ပါနဲ့။ မိုးရွာခဲ့ရင်လည်းရေသွင်းရေထုတ်မြောင်းကောင်းအောင်ဆောင်ရွက်ပေးပါ၊ရေမဝပ်ပါစေနဲ့။ နိုက်ထရိုဂျင်အလွန်အကျွံကျွေးခြင်းရှောင်ကြဉ်ပါ။ Difenoconazole, Pyraclostrobin ဆေးတစ်မျိုးမျိုးပါဝင်သော မှိုသတ်ဆေးဖျန်းပေးပါဗျ။ ရွှေ့ပြောင်းစိုက်ဖို့အဆင်သင့်ဖြစ်ရင်လည်းစိုက်ပျိုးသင့်နေပါပြီ

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။