အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
31
လွန်ခဲ့သော ၁၁ လ က · ဆင်ပေါင်ဝဲ

ငရုပ်ပင်တွေမှာ ပုံထဲကလို အရွက်တွေခြောက်ပြီး အကိုင်ထီးတည်းကြီးကျန်နေတာ ဘာပိုးလဲဗျ ဘယ်လိုကုသရမလဲဗျ

ပိုးမွှားရောဂါ ငရုတ်သီး ငရုတ်ပင်နာကျရောဂါ
Post image
Post image

ဖြေကြားချက် ၃ ခု

349,565 လွန်ခဲ့သော ၁၁ လ က

ပင်နာကျရောဂါ(Phytophthara blight)ကျနေတာဖြစ်ပါတယ် Azoxystrobin, Tebuconazole, Carbendazim ဆေးတစ်မျိုးမျိုးကို ၇-၁၀ရက်ခြားဖျန်းပြီး ဆေးတစ်ကြိမ်ဖျန်းပြီးတိုင်း ရောဂါတန့်သွားမသွားဆက်လက်စောင့်ကြည့်ပါဗျ၊ အရွက်သစ်မျကူးစက်ကျရောက်ခြင်းမရှိလျှင် ရောဂါပျောက်ပြီလို့ယူဆနိုင်ပါတယ်ဗျ

31 လွန်ခဲ့သော ၁၁ လ က
31 လွန်ခဲ့သော ၁၁ လ က
You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ငရုပ်ပျိုးပင်မှာအဲ့လိုလေးတွေရိပီးကျိုးကျနေလို့ပါဘက်တီးရီးယားကြောင့်လားမှိုကြောင့်လားဘာရောဂါပါလဲခင်ဗျာ

ဖြေကြားချက် 1 ခု

အရွက်တွေ လိပ်ပြီး မိုးပေါ်ထောင်နေ၊ အပွင့်လည်း မလိုက်ဘူး အရွက်တေက ကျွတ်ဆက်ဆက်

ဖြေကြားချက် 3 ခု

ငရုတ်ဆီစွန်း ရောဂါကို ဘာဆေးတွေ အသုံးပြုရင် အဆင်ပြေနိုင်မလဲခင်ဗျ အသုံးပြုလို့ ရနိုင်မဲ့ဆေးလေးတွေ သိချင်ပါတယ်ခင်...

ဖြေကြားချက် 3 ခု

ပုံထဲကအတိုင်းခုရက်ထဲ မိုးတွေ များပြီး ငရုတ်ပင်တွေ အရွက် ဝါနေလို့ ဘာဆေးဖျန်းရမလဲ ဗျ

ဖြေကြားချက် 1 ခု

သဘာဝမြေဩဇာကိုငရုပ်အပင်ခြေပုံပြီးရေတင်လို့ရပါသလား ငရုပ်တွက်ထိခိုက်မှုရှိနိုင်လားသိပါရစေ

ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။