အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
254
လွန်ခဲ့သော ၇ လ က · မြောင်

နွေနှမ်းစိုက်မလို့ပါ နှမ်းစိုက်ရာမှာ မျိုးစေ့ လူးနယ်ဆေးကို သုံးလို့ရပါသလား ရရင် ဘယ်လိုမျိုး လုပ်ရမလဲ ပြောပြပေး...

နွေနှမ်းစိုက်မလို့ပါ နှမ်းစိုက်ရာမှာ မျိုးစေ့ လူးနယ်ဆေးကို သုံးလို့ရပါသလား ရရင် ဘယ်လိုမျိုး လုပ်ရမလဲ ပြောပြပေးပါအုန်း ပြီးတော့ ပုလဲကို လူးနယ်ဆေး သုံးလို့ ရပါသလား

အပင်အာဟာရ နှမ်း မျိုးစေ့လူးနယ်ဆေး

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၇ လ က

Imedachloprid ၇၀wp၁၀၀ဂရမ်ကို၊မျိုးစေ့ ၁တင်း နုန်း လူးစိုက်ပါ။ မျိုးကြဲကာနီးမှ ဆေးလူးရင်လဲ ရပါတယ်။

836 လွန်ခဲ့သော ၇ လ က

နှမ်းစိုက်မယ်ဆိုရင် မျိုးစေ့လူးနယ်ဆေး (Seed Treatment) သုံးဖို့ အထူးအကြံပြုလိုပါတယ်ခင်ဗျာ။ နှမ်းဟာ အပင်ပေါက်စအရွယ်မှာ ရောဂါနဲ့ ပိုးမွှားဒဏ်ကို အင်မတန်ခံရလွယ်တဲ့ သီးနှံဖြစ်လို့ မျိုးစေ့ကို ဆေးလူးပြီးမှ စိုက်တာက အပင်ဖြစ်ထွန်းမှုကို ၃၀%လောက်အထိ ပိုကောင်းစေပါတယ်။ ပုလဲကို မသုံးရပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ဆရာ ဒို့ဦးလေးခင်ဗျာ မျိုးစေ့လူးနယ်ဆေး ကိုကြိုတင်ပီး လူးနယ်ထားလို့ရလားခင်ဗျာ တစ်ရက်ကြိုတင်ပီးတော့ ဆေးလူးပီးရင်...

ဖြေကြားချက် 2 ခု

မတ်ပဲကိုမစိုက်ခင် မျိုးစေ့လူးနယ်ဆေး သဘာဝနည်းအတိုင်းပြောပြပါ

ဖြေကြားချက် 1 ခု

ကျဲခင်းစပါးမျိုးစေ့များကို မကျဲပက်ခင် စပါးမှိုရောဂါအတွက် စပါးမျိုးစေ့ကို လူးနယ်ကျဲပက်နိုင်သော ကာကွယ်ဆေးရှိပါ...

ဖြေကြားချက် 3 ခု

စပါးမျိုးညှောင့်ကို လယ်ထဲမကျဲပက်ခင် nitrophenolပါ၀င်တဲ့ အားဆေးနဲ့ လူးနယ်ပီးကျဲပက်လို့ရပါသလား စပါးမျိုးညှောင့်...

ဖြေကြားချက် 1 ခု

ရုံးပတေသီးအစေ့ချစိုက်မလို့ပါ အစေ့100gကို မိူဆေးဘယ်လောက်gနှန်းနဲ့ပိုးသက်ဆေးဘယ်လောက်gနှုန်းလူးနယ်ရမလဲခင်ဗျ မ...

ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။