အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
53
လွန်ခဲ့သော ၇ လ က · ပေါက်

မြေပဲမင်ခြေပုပ် အမြစ်ပုတ်ဖြစ်နေတာ ဘာဆေးဖြန်းရင် ပျောက်ကင်းနိုင်ပါသလဲ Matalaxylဖြန်းတာ မပျောက်လို့

ပိုးမွှားရောဂါ မြေပဲ မြေပဲပင်စည်ပုပ်ရောဂါ
Post image

ဖြေကြားချက် ၄ ခု

အတည်ပြုပြီး 323,965 လွန်ခဲ့သော ၇ လ က
ဤအဖြေဖြင့် ပြေလည်

မြေပဲပင်ခြေပုပ်က မှိုရောဂါကြေင့်ဖြစ်တဲ့ ရောဂါတစ်မျိုးပါ။ စတင်စိုက်ပျိုးကတည်းက မျိုးစေ့လူးနယ်ဆေး Homai 80% WP နဲ့ လူးနယ်ပေးပါ။ ထရိုင်ကိုဒါးမားပါတဲ့ သဘာဝမြေသြဇာကလည်း မြေကြီးထဲကို မှိုတွေကို တိုက်ထုတ်ပေးပါတယ်။ ဓာတုဆေးတွေအနေနဲ့ Chlorothalonil (ကလိုရိုသာလိုနေး)၊ Carbendazim (ကာဗင်ဒါစင်)၊ Thiophanate methyl (သိုင်အိုဖာနိတ်မီသိုင်း) တို့ ဖျန်းပေးနိုင်ပါတယ်။ မြေပဲပင်ခြေပုပ်ရောဂါ ကာကွယ်နှိမ်နင်းနည်း

123 လွန်ခဲ့သော ၇ လ က

မှိုသက်ဆေးကိုနားမလည်ရင်ဆေးတစ်မျိုးတည်းသာသုံးသင့်သည် ရောမသုံးသင့်ပါ တချို့ဆေးအုပ်စုတွေမတူညီလို့ပါ

123 လွန်ခဲ့သော ၇ လ က

ထုံကန့်ဆေးရည်ဖော်စပ်အသုံးပြုနိုင်သည် မှိုနှင့်ဘက်တီးရီးယားကိုနိုင်သည့်အပြင်ကာလ်စီယမ်နဲ့ဆာလ်ဖာကိုလည်းဖြည်တင်ပေးသည်

53 လွန်ခဲ့သော ၇ လ က

ဟုတ်ကဲ့ သုံးခုးလုံး ပေါင်းဖျန်းရမယပါလား

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။