နံနံပင်တေ မန်ကိုဇက် ကြိုဖြန်းလိုရလာ၊ အရွက်ကြမ်းတောမထွက်သေဘူး ၊အပင်ပေါက်တာ3 ရက်လောက်ပဲရှိသေတယ် အရွက်ဖြားတွေ့ခြောက်ပြီးသေမှာကြောက်လို
အပင်က အခုမှ ၃ ရက်သားပဲ ရှိသေးတော့ အရမ်းနုပါသေးတယ်။ ဒီအချိန်မှာ မန်ကိုဇက်ဖျန်းရင် ဆေးဒဏ်မခံနိုင်ဘဲ အပင်လောင်နိုင်လို့ မဖျန်းသင့်သေးပါဘူး။ အပင်သက်တမ်း ၁၀ ရက်ကျော်ပြီး အရွက်အစစ် ၂ ရွက်၊ ၃ ရွက်လောက် ထွက်လာမှ ဆေးနှုန်းထားကို လျှော့ပြီး စဖျန်းပေးတာက ပိုစိတ်ချရပါတယ်။ လောလောဆယ်တော့ ရေမဝပ်အောင်နဲ့ လေဝင်လေထွက်ကောင်းအောင်ပဲ ဂရုစိုက်ပေးပါဗျ။
ပုံထဲကအတိုင်း ကောက်ရိုးဖုံးစနစ်နဲ့ စိုက်ထားတာဖြစ်လို့ အစိုဓာတ်များပြီး ခါးရိရောဂါ (Damping off) ဖြစ်မှာကို စိုးရိမ်တာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အောက်ပါတို့ကို လုပ်ဆောင်ပေးနိုင်ပါတယ် - ကောက်ရိုးတွေကြားမှာ ရေဝပ်နေရင် မှိုရောဂါ ပိုဖြစ်လွယ်ပါတယ်။ ရေလောင်းရင် မြေကြီးစိုရုံပဲ လောင်းပေးပါ။ ကောက်ရိုးတွေ အရမ်းထူနေရင် လေဝင်လေထွက် ကောင်းအောင် အနည်းငယ် ရှင်းပေးပါ။ အပင်သက်တမ်း (၁၀) ရက်ကနေ (၁၅) ရက်ဝန်းကျင်၊ အရွက်အစစ်တွေ စုံစုံလင်လင် ထွက်လာတဲ့အခါမှသာ ဆေးနှုန်းထားကို အနည်းဆုံးကနေ စတင်ပြီး ဖျန်းပေးသင့်ပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ခရမ်းချဉ်နဲ့ငရုပ် နံနံရဲ့စိုက်ပျိုးနည်းကိုသိချင်ပါတယ်ရှင့်
ဖြေကြားချက် 3 ခု
ဘယ်လိုစိုက်ပျိုးရမလည်
ဖြေကြားချက် 5 ခု
အခုလိုနွေရာသီမှာ နံနံပင်တွေ့ ရေများများလောင်းရင်ကောင်းလာ၊နည်းနည်းလောင်းရင်ကောင်လား၊ဘယ်အချိန်းလောင်းသင့်လဲ
ဖြေကြားချက် 3 ခု
ခုလိုပူတဲ့ရာသီမှာနံနံကိုဘယ်လိုစိုက်ပျိုးလို့ရပါသလဲ? စိုက်ပျိုးမူ့ကရောဖြစ့ထွန်းနိုင်ပမလား? အကြောင်းရာလေးပြောပြ...
ဖြေကြားချက် 3 ခု
နံနံပင်တွေအရွက်ခြောက်ပြီးသေတယ်၊အပင်ညှို့ပြီးလဲသေတယ်၊ဘာရောဂါဖြစ်တာလဲ၊ဘယ်လိုကာကွယ်ရမှာလဲ၊ဘာဆေးတွေ့သုံးရမှာလဲ
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။