အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
နန်းအုန်းမြင့်
နန်းအုန်းမြင့် အတည်ပြုပြီး 21
ရေးသားသူ
လွန်ခဲ့သော ၆ လ က · ဇေယျာသီရိ

အသီးများများတင်ရန် ဘာမြေသြဇာ ဘယ်အချိန် ဘယ်လောက် ဘယ်လို ကျွေးရမလဲ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၂ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
တစ်ပင်လုံး
ရာသီဥတု (တစ်ပတ်အတွင်း)
နေသာ
မြေဆီလွှာ ကျွဲကော ကျွဲကောမြေသြဇာကျွေးနည်း

ဖြေကြားချက် ၂ ခု

သော်ဇင်
သော်ဇင် 371,433 လွန်ခဲ့သော ၆ လ က

အသီးများများတင်ဖို့အတွက် အပင်မှာ အပွင့်ဖူး စထွက်လာတဲ့ အချိန်ကစပြီး ပိုတက်ဆီယမ် ဓာတ်များတဲ့ မြေဩဇာ (ဥပမာ - ၁၅-၁၅-၁၅ သို့မဟုတ် ၁၂-၁၂-၁၇) ကို ကျွေးပေးရပါမယ်ဗျ။ အပင်ခြေနဲ့ ကပ်မကျွေးဘဲ တစ်ထွာခန့်ခွာပြီး ပတ်လည်တူးကျွေးပါ။ ဒါ့အပြင် အပွင့်မကြွေဘဲ အသီးတင်နှုန်း ကောင်းစေဖို့အတွက် ကယ်လ်စီယမ် ဘိုရွန် အားဆေးကိုလည်း (၇) ရက် တစ်ကြိမ်လောက် ပုံမှန်ဖျန်းပေးရင် အသီးတွေ အများကြီး တင်လာပါလိမ့်မယ်ခင်ဗျာ။

Thein Soe Min
Thein Soe Min အတည်ပြုပြီး 324,772 လွန်ခဲ့သော ၆ လ က

အသီးများဖို့အတွက်က မြေသြဇာတစ်ခုတည်းပေါ်မှာ မူတည်တာမဟုတ်ဘဲ ရေလောင်းတာ၊ ကိုင်းတွေရှင်းပေးတာတွေပါ လုပ်ပေးဖို့ လိုအပ်ပါတယ်။ မြေသြဇာအနေနဲ့ကတော့ ပိုတက်ဆီယမ်အချိုးများနဲ့ ဓာတ်ပေါင်းမြေသြဇာလိုမျိုး ရွေးချယ်ပေးပါ။ ကျွေးရမယ့်အချိန်ကတော့ ပန်းမပွင့်မီ ၁-၂လ လောက် ကြိုကျွေးပေးဖို့လိုပါတယ်။ အပင်ကြီးတွေကို မြေသြဇာကျွေးတဲ့အခါမှာတော့ အရွက်အုပ်ဆိုင်းမှုအောက်ကျနေတဲ့နေရာတွေမှာ ကျင်းစနစ်နဲ့ ကျွေးနိုင်ပါတယ်။ စိုက်ပျိုးနည်းအသေးစိတ်ကို ဒီဆောင်းပါးမှာ ဖတ်ရှုနိုင်ပါတယ်။ ကျွဲကောပင် စိုက်ပျိုးနည်း

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။