ကျွဲကောပင် စိုက်ပျိုးနည်း

08/12/2017 22:29 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

၁။ မူရင်းဒေသ

အမေရိက၊ တောင်အာဖရိကနှင့် သြစတြေးလျ ဟူ၍ သိရပါသည်။ ကျွဲကောပင်ကို အင်္ဂလိပ်လို pummelo၊ ရုက္ခဗေဒအမည်မှာ Citrus Grandis၊ မျိုးရင်းမှာ Rutaceae မျိုးရင်းတွင် ပါဝင်ပါသည်။

၂။ ရာသီဉတု

နေ့အပူချိန်တွင် ပူနွေးပြီး ညအချိန်တွင် အေးမြခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ သင့်တော်သောအပူချိန်မှာ ၁၅ - ၃၀ ဒီဂရီ စင်တီဂရိတ်ဖြစ်ပါသည်။ အပူချိန်နိမ့်လွန်းပါက အသီးမှည့်ရန်အချိန်ကြာခြင်း၊ အသီးအရည်မရွှမ်းခြင်း၊ အသီးအရွယ်အစားငယ်ခြင်းနှင့် အရောင်မလှခြင်းများ ဖြစ်ပါသည်။ အထူးသဖြင့် နံနက်ပိုင်းတွင် စိုထိုင်းဆမြင့်ပါက အသီးအရွယ်အစားကြီးခြင်း၊ အခွံပါးပြီးအရည်ရွှမ်းခြင်းကို ဖြစ်စေပါသည်။ အသီးဆွတ်ခူးချိန်ရှိ အသီးအရည်အသွေးကို အလင်းရောင်အားပြင်းက အကျိုးသက်ရောက် မှုရှိသည်။ အလင်းပြင်းအား အသင့်အတင့်ရှိပါက တောက်ပသောအဝါရောင်အသီးခွံကို ဖြစ်စေပြီး အလင်းပြင်း အားများခြင်းက အဝါဖျော့ရောင် အသီးခွံကိုဖြစ်စေပါသည်။ မှည့်ခါနီးအသီးကို အိတ်စွပ်ပေးခြင်းက အသီး၏အသားကို နူးညံ့စေပြီး အရည်ရွှမ်းစေပါသည်။

လေတိုက်ခြင်းက အကိုင်းမကြီးများကို ကျိုးစေနိုင်ပြီး အသီးကြွေကျခြင်းကိုဖြစ်စေပါသည်။ ထိုကြောင့် အပင်များနှင့် ၁၀ မီတာအကွာတွင် လေကာပင်များ စိုက်ပျိုးသင့်ပါသည်။
နှစ်စဉ်မိုးရေချိန် ၁၅၀-၂၀၀ စင်တီမီတာရှိသင့်ပါသည်။ အမြစ်စဉ် အင်အား(အမြစ်ဖွဲ့စည်းပုံ) တိမ်သဖြင့် မိုးများခြင်းက အမြစ်ပုပ်ခြင်းကိုဖြစ်စေပါသည်။ အသီးမဆွတ်ခူးမီ ခုနစ်ရက်အလိုတွင် အပင်ခြေရေဝပ်ကျင်းမှ ရေများကိုထုတ်ပါ။ အပင်များရေများလွန်းပါက အသီးအရည်အသွေးကို ထိခိုက်စေပါသည်။

၃။ မြေအမျိုးအစား

ကျွဲကောကို သစ်ဆွေးဓာတ်များပါဝင်သော နုန်းမြေများတွင် စိုက်ပျိုးသင့်ပါသည်။ မြေစေးပါက ရေထုတ်ကောင်းရန် လိုအပ်ပါသည်။ မြေအောက်ရေမျက်နှာပြင် လေးပေထက် ပိုမမြင့်သင့်ပါ။ ပေးသွင်းသည့်ရေသည် ဆားဓာတ်ပါဝင်မှုများသောရေ မဖြစ်ရပါ။ pH ၅.၅ မှ ၆.၀ အတွင်းဖြစ်ရပါမည်။

၄။ ပေါင်းမြက် နှိမ်နင်းခြင်း

စက်အားဖြင့်လည်းကောင်း၊ ကြားသီးနှံစိုက်ပျိုးခြင်းဖြင့်လည်းကောင်း၊ ဓာထုဗေဒဆေး (Glyphosate, Paraquet, Diuron) ဖြင့်လည်းကောင်း နှိမ်နင်းနိုင်ပါသည်။

၅။ အနည်းလို အာဟာရဓာတ်များ
မဂ္ဂနီဆီယမ်ချို့တဲ့ခြင်းဖြင့် အရွက်များ အညိုရောင်ဖြစ်လာခြင်းနှင့် အသီးအရွယ်အစား သေးငယ်ခြင်းနှင့် အထွက်နှုန်း လျော့နည်းစေပါသည်။
သွပ်ဓာတ်ချို့တဲ့မှုကို အများအပြားတွေ့ရှိနိုင်ပါသည်။ သွပ်ဓာတ်ချို့တဲ့သည့် လက္ခာဏာများမှာ အရွက်သေးငယ်ခြင်း၊ အရွက်ကျားခြင်း၊ အရွက်၏ အစိမ်းရောင်နောက်ခံတွင် အရွက်အကြောများ အဝါရောင် ဖြစ်နေခြင်းနှင့် သစ်ကိုင်းများအားနည်းလာခြင်းများ တွေ့ရပါသည်။ သွပ်ဓာတ်ချို့တဲ့မှုကို ကာကွယ်ကုသရန်မှာ Zinc sulphate ၁ ပိဿာခွဲမှ ၃ ပိဿာကို ရေ ၂၀၀ လီတာတွင် ဖျော်၍ အရွက်သစ်ထွက်ချိန်တွင် ပက်ဖျန်းအသုံးပြုရပါသည်။ Zin ကို ပန်းပွင့်နေစဉ် ထည့်သွင်းပါက အပွင့်ကြွေတတ်ပါသည်။

မြေချဉ်ကို ပြုပြင်ရန် ထုံးအသုံးပြုမှုလွန်ကဲပါက ရှောက်မျိုးနွယ်ဝင် အပင်များအား မြေကြီးရှိ မင်းဂနိဓာတ်ကို စားသုံးနိုင်မှုကိုဟန့်တားစေသဖြင့် မင်းဂနိချို့တဲ့မှုလက္ခာဏာများ ဖြစ်ပေါ်လာပါသည်။ အစိမ်းဖျော့ရောင်အရွက် နောက်ခံပေါ်တွင် အစိမ်းရောင်ရွက်ကြောများ ကွန်ရက်ဖြစ်ပေါ်ပြီး အသီးအရောင်ဖျော့ မှိန်ပါသည်။

သံဓာတ်ချို့တဲ့မှုလက္ခာဏာမှာ မင်းဂနိချို့တဲ့မှုနှင့်ဆင်တူပါသည်။ သို့ရာတွင် အရွက်များပိုမိုပါးပြီး ရွက်ကြောများနှင့် ရွက်ကြောကြားဧရိယာများမှာ အစိမ်းဖျော့ရောင်ရှိကြသည်။ အရွက်များမရင့်မီ ကြွေကြသည်။ အရွက်နုများ အားနည်းလာသည်။

ဘိုရွန်ဓာတ်ချို့တဲ့ပါက ပုံမမှန်အရွက်များ ဖြစ်လာသည်။ အရွက်များ ဝါညိုရောင်ပြောင်းလာသည်။ ရွက်ကြောများပွရောင်းရောင်းဖြစ်လာသည်။ သစ်ကိုင်းများမှာ အစေးများစိမ့်ထွက်လာသည်။ အသီးခွံထူလာသည်။ ဘိုရွမ်ဓာတ်ချို့တဲ့မှုကို ဘိုရက် (လက်ချား) ကို အသုံးပြုနိုင်ပါသည်။

၆။ ရေသွင်းခြင်း

မိုးရာသီတွင် ကြားကာလ မိုးပြတ်၍ ခြောက်သွေ့မှသာ ရေပေးသွင်းရန်ဖြစ်ပါသည်။ ပန်းပွင့်ကြွေကျ ခြင်းကို ကာကွယ်ရန် ပန်းမပွင့်မီ စပွင့်သည့် အဆင့်တွင် အနည်းဆုံး သုံးရက်တစ်ကြိမ်ရေသွင်းပါ။ အသီးကင်း အဆင့် (သံပုရာသီးအရွယ်) ရေသွင်းပေးသွင်းသည့် အကြိမ်ကို လျှော့ချနိုင်ပါသည်။ သီးထွက်ပုံမှန်အချိန် (In-season) တွင် ယူမည်ဆိုပါက အောက်ပါအတိုင်း ရေပေးသွင်းပါ။

၁။ အပင်ပိုင်းဆိုင်ရာ ကြီးထွားမှုကာလအတွင်း သစ်သီးပင်များ ရေအမြောက်အမြားလိုအပ်ပါသည်။ သို့ရာတွင် ဤကာလမှာ မိုးတွင်းကာလတွင် ဖြစ်သဖြင့် မိုးခေါင်မှသာ သို့မဟုတ် မိုးရွာ ရက်ခြား ကြာမှသာ ရေပေးသွင်းပါ။

၂။ ပန်းပွင့်ချိန်ကာလမတိုင်မီ အနည်းငယ်အလို (Just prior to the flowering stage) ရေလိုအပ်မှုနည်းပါသည်။ သို့မဟုတ် ရေလုံးဝမလိုအပ်ပါ။ သို့မှသာ ပွင့်ဖူးများဖြစ်လာမည်ဖြစ်သည်။ ဤအဆင့်တွင် ရေရရှိမှုများလွန်းပါက ပန်းပွင့်အစား အရွက်သစ်များထွက်လာပါမည်။ ထိုကာလတွင် ၁၅-၂၀ ရက်ခန့် ရေဖြတ်ပေးပါ။

၃။ ပန်းပွင့်စဉ်နှင့် အသီးကင်းဝင်ချိန်အဆင့်များတွင် ရေလိုအပ်မှုများပါသည်။ သို့ရာတွင် ရေပေးသွင်းခြင်းကို တဖြည်းဖြည်းချင်းတိုး၍ ပေးသွင်းသင့်ပါသည်။ ရေမလုံလောက်ပါက ပန်းပွင့်နှင့် အသီးများ ကြွေကျခြင်း သို့မဟုတ် အသီးဖွိ့ဖြိုးမှု ရပ်တန့်ခြင်း ဖြစ်စေပါသည်။ သုံးရက်ခြား တစ်ကြိမ်ရေသွင်းပါ။

၄။ ရေများလွန်းပါက ပန်းပွင်းများနှင့် အသီးကင်းများ အလွယ်တကူ ကြွေကျပါမည်။ အကြောင်းမှာ သစ်သီးပင်မှာ ကြာရှည်စွာရေငတ်ခံထားသဖြင့် ပထမမြေစွတ်စိုရုံ ရေသွင်းပေးပြီး တစ်နေ့လျှင် နည်းနည်းချင်း ရေပိုပေးသွင်းပါ။

၅။ အသီးကင်းအဆင့် (သံပုရာသီးအရွယ်)တွင် ရေပေးသွင်းသည့် အကြိမ်ရေကို လျှော့ချနိုင်ပါသည်။ ရက်ခြားရေသွင်းပါ။ ငါးရက်၊ ခုနစ်ရက် တစ်ကြိမ် သဘာဝအနေအထားတွင် များစွာသော သစ်သီးပင်မျိုးများမှာ တစ်ချိန်လျှင် နည်းနည်းချင်း ပန်းပွင့််လာပါမည်။ တစ်ပြိုင်တည်း တစ်ချိန်တည်း ပန်းအားလုံးမပွင့်ပါ။

၆။ ခြံတစ်ခြံရှိ သစ်သီးပင်အားလုံးကို တစ်ချိန်တည်းပန်းပွင့်ရန် ရေဖြတ်ပေးပြီး ရေငတ်သည့် ဖိစီးမှု ခံစားစေခြင်းဖြင့် လိုအပ်သည့်အချိန်တွင် ပန်းပွင့်အောင် ဆောင်ရွက်နိုင်ပါသည်။ ရေငတ်သည့် ဖိစီးမှု ကြောင့် အပင်တွင်ကစီဓာတ်များ တိုးလာပြီး အပွင့်၊ အဖူး ဖွိ့ဖြိုးတိုးတက်မှုကို ဖြစ်စေပါသည်။

၇။ ဤနည်းဖြင့် စျေးအမြင့်ဆုံးရသည့် ကာလအတွင်းတွင် သီးထွက်အမြင့်ဆုံးရရန် ဆောင်ရွက်သည့် သေချာသောနည်းဖြစ်သည်။

၈။ အပင်ရေလိုအပ်သည့်အချိန်တွင် ရေငတ်ခြင်း၊ မြေကြီးအစိုဓာတ်မလုံလောက်ခြင်းဖြင့် သီးထွက်ရော အသီးအရည်အသွေးပါ နိမ့်ကျခြင်းဖြစ်ရပါသည်။

၉။ အပင်တွင် ရေပိုနေခြင်း၊ ရေများခြင်းဖြင့် အပင်တုံ့ပြန်မှုမှာ မြေတွင်း လေလျော့နည်းပြီး Phytopthora မြစ်ပုပ်ရောဂါ ဖြစ်ပွားမှုကို အားပေးသည်။

၇။ ကိုင်းဖြတ်ခြင်း

အသီးဆွတ်ခူးပြီး တစ်နှစ်တစ်ကြိမ် အောက်ပါကိုင်းများဖြတ်ခြင်းကို ဆောင်ရွက်ပါ။

(က) မကောင်းသော ကိုင်းများ

(ခ) ရှုပ်ထွေးနေသော ကိုင်းများ

(ဂ) ပုံပျက်နေသော ကိုင်းများ

(ဃ) အင်းဆက်ပိုးများကြောင့် ပျက်စီးနေသောကိုင်းများ

(င) မြေကြီးနှင့်နီးသောကိုင်းများကို ပင်စည်တစ်ဝိုက်ရှိ ကိုင်းသေးများကို ရာသီချိန်မဟုတ်သော ကာလတွင်ရှိသော အသီးများကို ဖယ်ရှားပါ။

၈။ ခူးဆွတ်ရိတ်သိမ်းခြင်း

ကျွဲကောသီးကို ၅လ မှ ၆ လ အကြာအတွင် ခူးဆွတ်ရိတ်သိမ်းနိုင်ပြီ ဖြစ်သည်။

ကိုးကား-သစ်သီးဝလံ စိုက်ပျိုးနည်း


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်