ခရမ်းမင်းတေကအသီးစသီးပီးအဲ့အရွယ်မာအပင်တေညိုှးပီးသေသွားဘာဖျိတာလဲဗ်ဆေးရှိလားးဗ်3ခင်း4ခင်းစိုက်ထားတာတစ်ခင်းပဲကွက်ဖြစ်နေလို့ပုံထဲကလိုဖျိနေလို့
ခရမ်းပင်စသီးချိန်ညှိုးသေတာအပင်ချေတွင်ရေဆိုနာမရှိရင်ဘက်တီးရီးယာပင်ညှိုူရောဂါကုရာနည်းမရှိပါနောက်ဒီနေရာမှာခရမ်းမျိုးရင်းဝင်များမစိုက်ရရောဂါရအပင်ကပင်စည်ကိုဖြတ်ပြှီးဖန်ခွက်ထဲရေထည့်ပြီးပင်စည်ပိုင်းလေးကိုထည့်ကြည့်ရင်နို့လိုအဖြူရေင်အရေတွေကျလာမယ်ပင်ချေတွင်ရေစိုနာကြောင့်ဆိုပှိုရောဂါကိုတော့ပင်ျေကိုမှိုသတ်ဆေးမှစ်ကြိမ်ဖြန်းရေမဝတ်အောင်ထားပြီးကုလို့ရသေးတယ်
ရောဂါအရတော့ ညှိုးနိုင်ခြေက ဘက်တီးရီးယားကြောင့်နဲ့ ဖြူစေရီယန်မှို ၂ မျိုးကြောင့်ဖြစ်နိုင်ပါတယ်။ အရွက်ဝါတာမဟုတ်တဲ့အတွက် ဘက်တီးရီးယားပင်ညှိုးဖြစ်နိုင်ပါတယ်။ ပိုသေချာချင်ရင် ပင်စည်ကိုဖြတ်ပြီး ဖန်ခွက်အကြည်ထဲမှာ ရေထည့်ပြီး စောင့်ကြည့်ပါ။ အဖြူရောင်အမျှင်တန်းထွက်လာတာကို တွေ့ရပါလိမ့်မယ်ဗျ။ နောက်တစ်ခုကတော့ ခေါင်ညွှန့်ထိုးပိုးကြောင့်လည်း အပင်ညှိုးတတ်ပါတယ်။ ပိုးထိုးထားတဲ့အပင်အထက်ပိုင်းပဲ ညှိုးကျပါတယ်။ ပိုးကြောင့်ဆိုရင်တော့ ညှိုးနေတဲ့ကိုင်းကို ခွဲကြည့်ရင် ပိုးစားထားတဲ့လမ်းကြောင်းတွေ တွေ့ရနိုင်ပါတယ်။ ဒါကတော့ ပိုးလားရောဂါလား အမြန်ခွဲနည်းဖြစ်ပါတယ်။ အပင်ကိုသေချာပြန်စစ်ပြီး ဘာလုပ်သင့်လဲ ဆုံးဖြတ်နိုင်အောင် ပြောပေးတာပါဗျ။
ခရမ်းပင်တွေ အသီးသီးချိန်မှာ ညှိုးသေကုန်တာဟာ ဘက်တီးရီးယား ပင်ညှိုးရောဂါ ကြောင့် ဖြစ်ပါတယ်ဗျ။ ဒီရောဂါဟာ မြေကြီးထဲကနေ ကူးစက်တာဖြစ်ပါတယ်၊ ကျန်တဲ့ အပင်တွေ မကူးစက်အောင် ကော့ပါး (Copper) ပါတဲ့ ဆေးရည်ကို အပင်ခြေ ဖျန်းပေးပါ။ နောင်စိုက်မယ့် အခင်းတွေမှာတော့ မြေပြုပြင်ကတည်းက ထုံး နဲ့ ထရိုင်ကိုဒါးမား မှိုတွေကို ထည့်သွင်းအသုံးပြုဖို့ အကြံပြုလိုပါတယ်ခင်ဗျာ။
ဆက်စပ်မေးခွန်းများ
ဆူးခရမ်းပင်တွေ အရွက်တွေကနေစပြီး တစ်ရွက်ချင်းနွမ်းပြီး ရေပြန်လောင်းလည်း ပြန်မလန်းလာပဲ သေသွားတဲ့အထိဖြစ်နေလို့ပါ...
ဖြေကြားချက် 4 ခု
ခရမ်းချည်စိုက်တဲ့အခါညိုးသေတွေလိုက်လွန်းလို့မြေဆီလွှာပြပြင်ချင်လို့ဘယ်လိုပြုပြင်ရမလဲသိချင်လို့ပါ
ဖြေကြားချက် 1 ခု
အပင်တွေသေနေလို့ပါဗျ မိုးအုံ့ရင်လန်းပေမဲ့နေပူရင်ညှိုးနေလို့ပါ ဘာဆေးသုံးရမလဲဗျ တခြားပင်တွေကူးဆက်နိုင်လား ကူညီကြ...
ဖြေကြားချက် 2 ခု
ခရမ်းချဉ်ပင်လေးတွေ ညှိုးနေလို့ပါဗျ ဘာဆေးဖျန်းရမလဲမသိလို့ပါ ကူညီပေးကြပါအုံးဘာဆေးဖျန်မလဲ
ဖြေကြားချက် 1 ခု
အစကတပင်၊နှစ်ပင်နဲ့စလိုက်တာခုတော်တော်လေးညိုးကုန်ပီ။အရိုးကိုရေစိမ်ကြည်တော့ အဖြူနစ်ရောင်တွေထွက်နေတပါတယ်။အပင်နုတ်...
ဖြေကြားချက် 1 ခု
ရေပန်းစားသော အကြောင်းအရာများ
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။