အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
The Wai
The Wai 310
လွန်ခဲ့သော ၆ လ က · ကျောက်တံခါး

ပဲဖြူလေးအသီးမလိုက် အပွင့်မလိုက် အပင်အားကောင်းပြီးအသီးအပွင်တွေတုံးခါနီးပြီ အသိအပွင့်လာလို့မလ်ုက်တာလဲ အသီးအပွင့်အားဆေးဖြန်လဲမရဘူးအပင်တွေကကောင်းပြီးနွယ်တွေပါတက်နေ ပဲဖြူလေး ချက်မဲ

စိုက်ပျိုး ရေ ပဲတီစိမ်း

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 354,383 လွန်ခဲ့သော ၆ လ က

ပဲဖြူလေးစိုက်ခင်းမှာ အပင်တွေ အရမ်းသန်နေပြီး အပွင့်အသီး မတင်တဲ့ပြဿနာအတွက် ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းရင်း (၂) ချက်နဲ့ ကုသနည်းကို အကြံပြုပေးပါရစေခင်ဗျာ။ ၁။ အပင်ကြီးထွားမှုများခြင်း (Vegetative Growth များခြင်း) အပင်က နိုက်ထရိုဂျင် (ယူရီးယား) များတာ၊ ရေသွင်းများတာကြောင့် အသီးသီးဖို့ထက် အပင်ကြီးဖို့ပဲ အားစိုက်နေတာပါ။ ဖြေရှင်းရန်: ယူရီးယား ကျွေးခြင်းကို ရပ်ပါ။ ပိုတက်ရှ် (Potash) နှင့် ဖော့စဖရပ် (Phosphorus) ပါဝင်မှုများတဲ့ မြေသြဇာကို ပြောင်းသုံးပါ။ အပင်ကို ရေလျှော့ပေးခြင်းဖြင့် Stress ပေးပြီး အပွင့်ပွင့်အောင် လှုံ့ဆော်ပါ။ ၂။ လှေးပိုး (Thrips) ကျရောက်ခြင်း အပင်က အပွင့်ဖူးလေးတွေ ထွက်လာပေမယ့် ပွင့်မလာဘဲ ကြွေကျနေတာဆိုရင် လှေးပိုးကြောင့် ဖြစ်ဖို့များပါတယ်။ လှေးပိုးဟာ အဖူးနုလေးတွေကို စုပ်စားပြီး အပွင့်ကန်းစေတတ်ပါတယ်။ စစ်ဆေးရန်: အပင်ထိပ်ဖျား အရွက်နုလေးတွေ အပေါ်ဘက်ကို ခွက်သဏ္ဍာန် လိပ်နေသလား ကြည့်ပါ။ နှိမ်နင်းရန်: Spinetoram (စပိုင်နက်တိုရမ်) သို့မဟုတ် Abamectin (အဘာမက်တင်) ကဲ့သို့သော လှေးပိုးသတ်ဆေး တစ်မျိုးမျိုးကို အသုံးပြုပါ။ လက်ရှိမှာ အပင်ကြီးထွားမှုကို ထိန်းချုပ်ဖို့ အပွင့်အားဆေး (NAA) နှင့် ဘိုရွန် (Boron) ကို ဖျန်းပေးပါ။ တစ်ပြိုင်တည်းမှာပဲ အပွင့်ဖူးလေးတွေကို ကာကွယ်ဖို့ လှေးပိုးသတ်ဆေး တစ်မျိုးမျိုးကိုပါ ရောစပ်ဖျန်းပေးခြင်းက အထိရောက်ဆုံး ဖြစ်မှာပါခင်ဗျာ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ပဲတီစိမ်းကစိုက်ပီးဘယ်ရက်ကစဆေးဖြန်းရတာလည်းပိုးသတ်ဆေးနဲ့အပင်အားဆေးအတွက်ကောဘယ်လိုဆေးမျိုးတွေသုံးသင့်လည်းဗျပြောပြ...

ဖြေကြားချက် 1 ခု

ပဲတီစိမ်း၀ါးခယ်မ မတ်ပဲကြားထဲကျဲရမှာမို့ စာပစပ်တို့ tbl9တို့နဲ့တစ်နေ့ထဲကျဲရင် အတူတူရိပ်ရနိုင်လားဗျ ဘယ်လောက်ကွာ...

ဖြေကြားချက် 5 ခု

၃လပိုင်း၄လပိင်ုး ပဲစိုက်မယ် မြေခံထဲမှာထဲကဖျူရာဒန်ထည့်မယ် သူ့ရဲ့ဆေးသက်တမ်းကဘယ်လောက်ကြာမလဲ ကြက်သွန်ခင်းကျွတ်ဆို...

ဖြေကြားချက် 2 ခု

ပဲဖြူလေးခေါ် ချက်မဲ ပဲဖြူလေး အသီးအပွင့်မလိုက်ပဲ အသီးအပွင့်တုံးခိင်သလိုဖြစ်ပြီးအပင်အရမ်းကောင်းပြီး အသိမသီးလို့...

ဖြေကြားချက် 3 ခု

အရွက်မှာအပေါက်လေးတွေကဘာပိုးခေါတာလည်းဗျ ဘာဆေးဖျန်းသင့်လည်းဗျ ၁၅ရက်သားပါဗျ

ဖြေကြားချက် 4 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။