အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
ဆန်းထိုက်
လွန်ခဲ့သော ၆ လ က · ဝမ်းတွင်း

အရွက်မှာအပေါက်လေးတွေကဘာပိုးခေါတာလည်းဗျ ဘာဆေးဖျန်းသင့်လည်းဗျ ၁၅ရက်သားပါဗျ

ပိုးမွှားရောဂါ ပဲတီစိမ်း
Post image

ဖြေကြားချက် ၄ ခု

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,595 လွန်ခဲ့သော ၆ လ က
ဤအဖြေဖြင့် ပြေလည်

ပိုးကောင်ရှာမတွေ့ဘူးဆိုရင်၊ ညထွက်စားတဲ့ ကျိုင်းလေးတွေ ဖောက်တာပါ။အစေ့ရွက်ပဲတွေ့ရတာဆိုတော့၊၂ရွက်ထွက်အရွယ်က ဖောက်ခဲ့တာတွေပါ။ပင်လုံးပျံ့ဆေး အဆီတာမီပရစ် ဖျန်းပေးပါ။

ဆန်းထိုက်
ဆန်းထိုက် 283 လွန်ခဲ့သော ၆ လ က

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဗျခု့လိုပြောပြပေးလို့

သော်ဇင်
သော်ဇင် 352,834 လွန်ခဲ့သော ၆ လ က

ပုံထဲက ပဲတီစိမ်းပင်လေးတွေမှာ ဖြစ်နေတဲ့ အကွက်တွေနဲ့ အပေါက်လေးတွေကို ကြည့်ရသလောက် ဒါဟာ ငမြှောင်တောင်ပိုး (Armyworm) ဒါမှမဟုတ် ရွက်စားပိုး (Leaf folder/Caterpillar) တစ်မျိုးမျိုးရဲ့ ဖျက်ဆီးမှုကြောင့် ဖြစ်နိုင်ပါတယ်။ ၁၅ ရက်သားပဲ ရှိသေးတဲ့အတွက် အပင်ငယ်စဉ်မှာ အရွက်တွေ ပျက်စီးသွားရင် ကြီးထွားမှု နှေးကွေးသွားနိုင်ပါတယ်။ ဒါကြောင့် အောက်ပါအတိုင်း စနစ်တကျ ကာကွယ်နှိမ်နင်းဖို့ အကြံပြုလိုပါတယ်ဗျာ - ဖျက်ဆီးပုံ: ပိုးလောင်းလေးတွေက အရွက်နုလေးတွေကို ကိုက်ဖြတ်စားသောက်တာကြောင့် အရွက်တွေမှာ အပေါက်တွေ ဖြစ်လာပါတယ်။ အပင်ငယ်ချိန်မှာ အစာချက်လုပ်မှုကို ထိခိုက်စေပါတယ်။ Emamectin benzoate (အုပ်စု ၆): ပိုးသေနှုန်း မြန်ဆန်ပြီး အပင်ငယ်တွေအတွက် သင့်တော်ပါတယ်။ Chlorantraniliprole (အုပ်စု ၂၈): ပိုးဥကနေ ပိုးလောင်းအထိ ထိရောက်မှုရှိပြီး ဆေးအာနိသင် ကြာရှည်ခံပါတယ်။ Indoxacarb (အုပ်စု ၂၂): အရွက်စားပိုးတွေကို ထိထိရောက်ရောက် နှိမ်နင်းနိုင်ပါတယ်။ အထက်ပါဆေးတစ်မျိုးမျိုးဖျန်းနိုင်ပါတယ်။ ဆေးဖျန်းပြီး ၃ ရက်ခန့်အကြာမှာ ပိုးအခြေအနေကို ပြန်ကြည့်ပါ။ လိုအပ်ပါက ၇ ရက်တစ်ကြိမ် နောက်တစ်ကြော့ ထပ်မံဖျန်းပေးနိုင်ပါတယ်။ အရွက်နုလေးတွေ ပြန်ထွက်လာပြီး အပင်သန်စွမ်းလာဖို့ ဆောလျင်စွာ ကုသပေးဖို့ တိုက်တွန်းပါရစေ။ အဆီဖိတ်ဖျန်းထားပြီးတယ်ဆိုရင်လည်း ရပါတယ် နောက်ထပ် ပိုးကောင်တွေဖျက်စီးမှုရှိမရှိအမြဲစောင့်ကြည့်စစ်ဆေးပါဗျ

ဆန်းထိုက်
ဆန်းထိုက် 283 လွန်ခဲ့သော ၆ လ က

ဟုတ်အဆီဖိတ်၃ဇွန်းထဲဖြန်းထားတယ်ဗျအဆင်ပြေလောက်လားဗျ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ပဲဖြူလေးခေါ် ချက်မဲ ပဲဖြူလေး အသီးအပွင့်မလိုက်ပဲ အသီးအပွင့်တုံးခိင်သလိုဖြစ်ပြီးအပင်အရမ်းကောင်းပြီး အသိမသီးလို့...

ဖြေကြားချက် 3 ခု

ပဲဖြူလေးအသီးမလိုက် အပွင့်မလိုက် အပင်အားကောင်းပြီးအသီးအပွင်တွေတုံးခါနီးပြီ အသိအပွင့်လာလို့မလ်ုက်တာလဲ အသီးအပွင့်...

ဖြေကြားချက် 1 ခု

ပဲတီစိမ်းကစိုက်ပီးဘယ်ရက်ကစဆေးဖြန်းရတာလည်းပိုးသတ်ဆေးနဲ့အပင်အားဆေးအတွက်ကောဘယ်လိုဆေးမျိုးတွေသုံးသင့်လည်းဗျပြောပြ...

ဖြေကြားချက် 1 ခု

ဆရာသမားတို့ရေ ဆေးတွေသုံးရတာကြာတော့ပိုးကမဖြုံတော့ပါဘူး အကြံညာဏ်တောင်းချင်တာက ဆေးနူန်းထားတွေကိုမြင့်သုံးရမလား...

ဖြေကြားချက် 4 ခု

ယခုနှစ်မှဘဲပဲတီစစိုက်ဖူးတာပါ၊ပဲတီမှာဘယ်လိုဖျက်ပိုးနှင့်ရောဂါများကျရောက်တတ်ပါသလဲ၊ဘယ်ဆေးAI တွေကိုအဓိကထားပီးသုံး...

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။