အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
ohnmarkhing
ohnmarkhing 413
လွန်ခဲ့သော ၅ လ က · ဝက်လက်

သဘာဝပိုးသတ်ဆေးမှိုသတ်‌ေဆးပြုလုပ်ပုံနည်းအဆင့်ဆင့်သိချင်ပါတယ်ရှင့် အသုံးပြုပုံလေးရောသိချင်ပါတယ်ရှင့်

ပိုးမွှားရောဂါ နှမ်း

ဖြေကြားချက် ၁၆ ခု

သော်ဇင်
သော်ဇင် 352,977 လွန်ခဲ့သော ၅ လ က
ဤအဖြေဖြင့် ပြေလည်
ohnmarkhing
ohnmarkhing 413 လွန်ခဲ့သော ၅ လ က

သော်ဇင်ကျေးဇူးပါရှင့်

သော်ဇင်
သော်ဇင် 352,977 လွန်ခဲ့သော ၅ လ က

လိုင်းဆာလ်ဖာ (Lime Sulphur) ဖော်စပ်ပြီးနောက် သိမ်းဆည်းပုံနဲ့ အသုံးပြုပုံတွေအတွက် အသေးစိတ်ကို အောက်ပါအတိုင်း ရှင်းပြပေးပါမယ်။ ၁။ ဆေးရည်သက်တမ်းနှင့် သိမ်းဆည်းပုံ ကျိုချက်ပြီးရရှိလာတဲ့ လိုင်းဆာလ်ဖာ အပေါ်ယံကြည်ရည်ဟာ လေနဲ့ထိတွေ့ရင် အာနိသင်လျော့နည်းသွားတတ်ပါတယ်။ သိမ်းဆည်းပုံ: လေလုံသော ပလတ်စတစ်ပုံး (သို့မဟုတ်) ဖန်ပုလင်းထဲမှာ အပြည့်နီးပါးထည့်ပြီး အဖုံးလုံအောင် ပိတ်သိမ်းရပါမယ်။ လေနဲ့ထိတွေ့မှုနည်းလေ သက်တမ်းပိုခံလေ ဖြစ်ပါတယ်။ သက်တမ်း: လေလုံအောင် သေချာသိမ်းထားရင် ၃ လမှ ၆ လအထိ အာနိသင်မပျက်ဘဲ ထားနိုင်ပါတယ်။ ဒါပေမဲ့ အရောင်က အနီရောင်/ပယင်းရောင်ကနေ အဖြူရောင်ပြောင်းသွားရင်တော့ အာနိသင်မရှိတော့ဘူးလို့ မှတ်ယူရပါမယ်။ ၂။ သီးနှံမျိုးစုံ သုံးစွဲနိုင်မှု လိုင်းဆာလ်ဖာကို သီးနှံတော်တော်များများမှာ သုံးနိုင်ပေမဲ့ အထူးသတိပြုရန်အချက်အချို့ရှိပါတယ်။ သုံးနိုင်သောသီးနှံ:စပါး၊ ပဲမျိုးစုံ၊ ငရုတ်၊ ခရမ်း၊ အာလူး၊ ကြက်သွန်၊ ကော်ဖီ၊ ရှောက်/သံပုရာ နဲ့ သစ်သီးဝလံပင်များ။ မသုံးသင့်သောသီးနှံ:သခွားမျိုးရင်းဝင်ပင်များ (သခွား၊ ဖရဲ၊ ဖရုံ) ဟာ လိုင်းဆာလ်ဖာနဲ့ မတည့်ပါဘူး။ ဆေးလောင်လွယ်တဲ့အတွက် ဒီသီးနှံတွေကို ရှောင်ကြဉ်ရပါမယ်။ ၃။ သီးနှံအလိုက် သုံးစွဲရမည့် ဆေးပမာဏ ဖော်စပ်ထားတဲ့ အပေါ်ယံအရည်ကြည်ကို အောက်ပါနှုန်းထားအတိုင်း ရောစပ်သုံးစွဲနိုင်ပါတယ်။ ဆေးနှုန်းထား (ရေ ၂၀ လီတာ/ဆေးဖျန်းပုံး ၁ ပုံးအတွက်)ရောဂါကာကွယ်ရန်နှင့်အပင်အားဆေးအဖြစ်၄၀ စီစီ မှ ၅၀ စီစီ သုံးရန်

သော်ဇင်
သော်ဇင် 352,977 လွန်ခဲ့သော ၅ လ က

သစ်သားပြာမထည့်ရပါဘူးဗျ၊စာအုပ်ထုတ်စဉ်က Typing error ကြောင့်ပါဗျ

ohnmarkhing
ohnmarkhing 413 လွန်ခဲ့သော ၅ လ က

ပြုလုပ်ပီးဆေးရည်သက်တမ်းနှင့်သိမ်းဆည်းပုံလေးရယ်ပီးတော့ သီးနှံမျိုးစုံသုံးရမရရယ် သီးနှံအလိုက်သုံးစွဲရမဲ့ဆေးပမာဏရယ် သိချင်ပါတယ်ရှင့် အပန်းမကြီးရင်းဖြေပေးစေပါတယ်

ohnmarkhing
ohnmarkhing 413 လွန်ခဲ့သော ၅ လ က

လိုင်းဆာဖာဆေးကိုစိတ်ဝင်းစားတယ်

ohnmarkhing
ohnmarkhing 413 လွန်ခဲ့သော ၅ လ က

သော်ဇင် သစ်သားပြာကဘယ်မထည့်ရတော့ဘူးလား

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,595 လွန်ခဲ့သော ၅ လ က

ယနေ့ခေတ်မှာ စိုက်ပျိုးရေးကုန်ကျစရိတ်များပြားနေသော တောင်သူကြီးများအတွက် ငွေကုန်သက်သာစေသော ဘဘာဝမှိုသတ်ဆေး ပြုလုပ်ကြည့်ကြဖို့အတွက် ဗီဆက်ရွက်ဆေးရည်  ပြုလုပ်နည်း မျှဝေပေးချင်ပါတယ်    ဗီဆက်ရွက်ဆေးရည်ကို ပိုးသတ်ဆေးအဖြစ်သော်လည်းကောင်း၊ မှိုသတ်ဆေးအဖြစ်သော်လည်းကောင်း အသုံပြုနိုင်ပါသည်။ ပျ၊ လိပ်ပြာဖလံဖြစ်မည့်ပိုးလောက်ကောင်၊ ကျိုင်းကောင် စသောဖျက်ပိုးများနှင့် Fusarium (ဖျူစေရီယမ်)၊ Aspergillus (အက်စပါးဂျီးလတ်) နှင့် Rhizoctonia (ရိုက်ဇိုတိုးနီးယား) စသော မှိုရောဂါများ ကိုလည်း ကာကွယ်နှိမ်နင်းနိုင်ပါသည်။      ဗီဆက်ရွက်ဆေးရည် ပြုလုပ်နည်း    (၁) ဗီဆက်အပင်၏ အရွက်များကိုခူး၍ ရေဖြင့် ၃ ကြိမ်ခန့် ဆေးကြောသန့်စင်ထားပါ။   (၂) ရေဆေးထားသော ဗီဆက်ရွက်များကို ကြိတ်စက် သို့မဟုတ် ကြိတ်ဆုံနှင့် ကြိတ်ချေထားပါ။   (၃) ကြိတ်ချေ၍ရရှိလာသော ဗီဆက်ရွက်အရည်များကို ပိတ်စဖြင့်စစ်ပြီးသတ္တုရည်ကိုယူပါ။   (၄) ဗီဆက်ရွက်သတ္တုရည် ၁ ဆနှင့် အရက်ပြန် (Ethanol) ၁ဆ ကိုရော၍ ရေသန့်ဘူးထဲထည့်ထားပါ။   တစ်ရက် (၂၄ နာရီ ) ကြာအောင်ထားပြီးလျှင် ဗီဆက်ရွက် မှိုသတ်ဆေးရည်အဖြစ်အသုံးပြုနိုင်ပါသည်။ ရေ ၂၀ လီတာကို ဗီဆက်ရွက်ဆေးရည် ၁ လီတာရောဆက်၍ သီးနှံပင်များတွင် သဘာဝမှိုသတ်ဆေးအဖြစ် အသုံးပြု နိုင်ပါသည်။

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,595 လွန်ခဲ့သော ၅ လ က
သော်ဇင်
သော်ဇင် 352,977 လွန်ခဲ့သော ၅ လ က

အဆင်ပြေရင် ဤအဖြေဖြင့်ပြေလည်သည်လို့သတ်မှတ်ပေးတတ်သတ်မှတ်ပေးပါဦး

သော်ဇင်
သော်ဇင် 352,977 လွန်ခဲ့သော ၅ လ က
သော်ဇင်
သော်ဇင် 352,977 လွန်ခဲ့သော ၅ လ က
သော်ဇင်
သော်ဇင် 352,977 လွန်ခဲ့သော ၅ လ က
သော်ဇင်
သော်ဇင် 352,977 လွန်ခဲ့သော ၅ လ က
သော်ဇင်
သော်ဇင် 352,977 လွန်ခဲ့သော ၅ လ က
သော်ဇင်
သော်ဇင် 352,977 လွန်ခဲ့သော ၅ လ က

မြင်သာ‌နိုင်ရန်အောက်မှာပုံတွေနဲ့ဖြေကြားပေးပါမယ်

You

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။