အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လှိုင်မင်းမင်းသန့်
လွန်ခဲ့သော ၅ လ က · မြောင်

နှမ်းပင် အရွက်တွေ ခြောက်နေတယ်ဗျာ ဘာဖြစ်တာလဲ မသိဘူး ဘယ်လိုပြုလုပ်ရမလဲ ပြောပြပေးပါအုန်း

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၄၅ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အရွက်
ပိုးမွှားရောဂါ နှမ်း
Post image
Post image
Post image

ဖြေကြားချက် ၃ ခု

လှိုင်မင်းမင်းသန့်
လှိုင်မင်းမင်းသန့် 1,140 လွန်ခဲ့သော ၅ လ က

ဆေးဖျန်းပြီးမှ ဖြစ်တာပါ

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,604 လွန်ခဲ့သော ၅ လ က

ဆေးတမျိုးမျိုးဖျန်းပြီးမှ ဖြစ်တာလား။ဆေးလောင်လက္ခဏာနဲ့ဆင်သလိုပဲ။

သော်ဇင်
သော်ဇင် 353,107 လွန်ခဲ့သော ၅ လ က

နှမ်းစိုက်ခင်းတွေမှာ အရွက်တွေပေါ်မှာ ရေစိုနာကွက်တွေကနေ တစ်ဆင့် အရွက်အနားတွေ ခြောက်ပြီး လောင်လာတယ်ဆိုရင် ဒါဟာ နှမ်း ဘက်တီးရီးယား ရွက်ခြောက်ရောဂါ (Bacterial Leaf Blight) ဖြစ်ဖို့ များပါတယ်။ ဒီရောဂါဟာ ကာကွယ်မှုအားနည်းရင် အထွက်နှုန်းကို အဆမတန် ထိခိုက်စေနိုင်ပါတယ်။ နှမ်းတစ်မျိုးတည်းကို ဆက်တိုက်မစိုက်ဘဲ ပဲမျိုးစုံ၊ စပါးတို့နဲ့ သီးလှည့်စိုက်မှသာ မြေကြီးထဲက ပိုးကို ဖြတ်တောက်နိုင်မှာပါ။ Copper Oxychloride သို့မဟုတ် Kasugamycin , Bismerthiazole ဆေးတစ်မျိုးမျိုးဖျန်းပါ။ မိုးရွာပြီးစ သို့မဟုတ် လေပြင်းတိုက်ပြီးချိန်တွေမှာ ရောဂါပြန့်ပွားမှု အလွန်မြန်ပါတယ်။ *အပင်တွေ စိပ်လွန်းရင် လေဝင်လေထွက်မကောင်းဘဲ ရောဂါပိုဆိုးတတ်လို့ ပင်ကြားတန်းကြား စနစ်တကျရှိဖို့ တောင်သူတွေကို တိုက်တွန်းပေးကြပါ။ဆေးဖျန်းပြီးရောဂါကျအရွက်များဆက်လက်ပြန့်ပွားခြင်းရှိမရှိအမြဲစောင့်ကြည့်ပါဗျ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

နှမ်းပင်​တွေမှာ အဖြူ​ရောင် မှို​လေး​​တွေကျပြီး အ​ခြေက အရွက်​တွေက ဝါတာလိုလို မဲညစ်​ရောင်​လေး​တွေဖြစ်​နေလို့ပါဗျ...

ဖြေကြားချက် 4 ခု

နှမ်းပင်သက်တမ်း30ရက်သားမှာတမြောင်းချင်းစီရေသွင်းပေးရင်အဆင်ပြေမလားခင်ဗျ နှမ်းကိုရေဖျန်းပီးစိုက်တဲ့အတွေ့အကြုံဘဲ...

ဖြေကြားချက် 3 ခု

ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးနှင့် အပင်အားတိုးဆေးများရဲ့ ဝယ်ယူရတဲ့ဈေးနှုန်းလေးတွေ သိချင်လို့ပါ ဆရာတို့ခင်ဗျာ... ကျေး...

ဖြေကြားချက် 2 ခု

နှမ်းနက်သက်ရင်မြောင်းရေမလာလို့၃၀ရက်သားမှရေဖျန်းလိုက်ရတာပါပုံပါအတိုင်းအပင်ကျစ်နေလို့အမိုင်နို၁၀၀ccနဲ့up30ccတွဲ...

ဖြေကြားချက် 2 ခု

နှမ်းနက်သက်ရင်၃၀ရက်သားမှရေလာလို့ရေဖျန်းလိုက်ရတာအပင်ကကျစ်နေလို့ရေဖျန်းတုန်းက၁ဧကပုလဲ၈ပြည်ကျွေးထားပါတယ်အမိုင်နို၁...

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။