ဖြေကြားချက် ၆ ခု
(၃) ငါးအမျိုးအစား ဟော်မုန်းအမျိုးအစားအလိုက်ဆေးထိုးရမည့် Dosage - (က) ငါးမြစ်ချင်း၊ ငါကြင်း ငါးခေါင်းပွ 1- Pituitary gland (ပစ်ကျူထရီဟော်မုန်း) ~ငါးအမ (Female): (ပ) အကြိမ် dose - 2 - 3 mg/kg (fish) (ဒု) အကြိမ် dose - 5 - 8 mg/kg (fish) ~ ငါးအထီး (Male): - Single dose (တစ်ကြိမ်) - 2 - 3 mg/kg (fish) 2- Ovaprim / Ovatide - Female: ~ 0.5 - 1.0 ml/kg (fish) Male: ~ 0.2 - 0.5 ml/kg (fish) (ခ) ငါးခူ ငါးတန် - 1. Ovaprim _ - Female: 0.5 - 1.0 ml/kg(fish) - Male: 0.25 - 0.5 ml/kg(fish) 2. HCG ~ - Female: 500 - 1000 IU/kg(fish) - Male: 250 - 500 IU/kg(fish) (ဂ) တီလားပီးယား ~ ~ Ovaprim - 0.3 - 0.5 ml/kg တို့ဖြစ်ပါကြောင်းသိစေအပ်ပါသည်။
(၂) ငါးအမျိုးအစားအလိုက်ဆေးထိုးမဲ့နေရာ (Injection Site) (က) ကြွက်သား (muscle) ထဲသို့ဆေးထိုးခြင်း (Intramuscular Injection) - တွင်များသောအားဖြင့် Carp အုပ်စုဝင် ငါးမြစ်ချင်း ငါးကြင်း ငါးခေါင်းပွ နှင့် တီလားပီးယားငါးများအတွက်ဆောင်ရွက်သည်၊ - ကျောရိုးဆူးတောင်အောက်တစ်ဖက်တစ်ချက်ရှိ ကြွက်သားထဲသို့ဆေးထိုးထဲ့ခြင်း၊ - ငါးရဲ့ခေါင်းနားရင်ဘတ်ဘက်မှာရှိအသက်ရှုအဂ်ါနောက်ဘက်ရှိ ကြွက်သားထဲသို့ ဆေးထိုးထည့်ခြင်း ဖြစ်သည်။ (ခ) ကြွက်သား (သို့မဟုတ်) ဝမ်းဗိုက်အခန်းအတွင်း သို့ဆေးထိုးသွင်းခြင်း (Intraperitoneal) တွင် များသောအားဖြင့် Catfish အုပ်စုဝင် ငါးခူ ငါးတန်ငါးများအတွက်ဆောင်ရွက်သည်။ - ငါးရဲ့ရင်ဘတ်ဘက်ရှိဆူးတောင်စထွက်တဲ့အရင်းပိုင်းနေရာ (သို့မဟုတ်) - ငါး body အောက်ပိုင်းဝမ်းဗို က်ဘက် (velly side) အတွင်းအဂ်ါတွေရှိတဲ့ဘက်နေရာ၊ ယင်းနေရာကိုဆေးထိုးမယ်ဆိုရင် သတိရှိဘို့လိုသည်၊ အတွင်းပိုင်းအဂ်ါ (အူ အစာအိမ် အသဲ) တို့ထိခိုက်နိုင်သည်။ General Rule အနေဖြင့် - ကြွက်သားထူသောနေရာကိုရွေး (muscle thick area) - Internal Organ တွေမထိခိုက်အောင် ဆေးထိုးပေးရမည်။
(၁) ငါးဆေးထိုးသားဖောက် (Induced Breeding) လုပ်ငန်းတွင်အသုံးပြုနိုင်သော ဟော်မုန်း (Hormone) ဆေးအမျိုးအစားများမှာ - (က) Pituitary Extract (PG) - ငါးဦးနှောက်အောက်မှာရှိသောဟော်မုန်းဂလန်း မှထုတ်ယူအသုံးပြုသည်၊ doner ငါးအဖြစ်ရွှေဝါငါးကြင်းကိုအဓိကသုံးသည်၊ မိရိုးဖလာနည်းဖြစ်သည်။ (ခ) Synthetic Hormones - ဓါတုဗေဒ နည်းဖြင့်ဖန်တီးထားသောဟော်မုန်းများဖြစ်သည်။ - Ovaprim (Combination) - Ovatide (Combination) - Suprifac (Single hormone) ဥမှသားပေါက်ခြင်းကိုမြန်စေသည်၊ Pituitary gland နေရာတွင်အစားထိုးသုံးနိုင်သည်၊ အားသာချက်အနေဖြင့် ဆေးထိုးသွင်းသည့်ပမာဏ(dose) တိကျခြင်း- extract လုပ်စရာမလိုဘဲအဆင်သင့်သုံးနိုင်ခြင်း- ရလာဒ်သေချာတည်မြဲခြင်းတို့ကြောင့် သားဖောက်လုပ်ငန်း (Hatchery) တွင်အသုံးများသည်။ (ဂ) HCG (Human Chorionic Gonadotropin) - Human hormone ဖြစ်သည်၊ - Catfish (ငါးခူ/ငါးတန်) မျိုးစိတ်များတွင်အသုံးပြုသည်။
ဒီဆောင်းပါးလေးကို ဖတ်ပြီး လေ့လာနိုင်ပါတယ်ဗျ။ ငါးတန်ဆေးထိုးသားဖောက်နည်းနှင့် ငါးသားပေါက်ပြုစုနည်း
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ငါးမြစ်ချင်း သားပေါက်ဖေါက်နည်းသိချင်ပါတယ် ခင်ဗျာ
ဖြေကြားချက် 1 ခု
ငါးသိပ္ပံ သင်တန်းကျောင်းမှာ ငါးဖမ်းမ ဖောက်ဖို့ လိုအပ် ဆေးစပ်နည်း အခြားလိုအပ်သည့် အရာအားလုံးကို အသေးစိတ် ညွှန်...
ဖြေကြားချက် 1 ခု
အားလုံးမဂ်လာပါခင်ဗျ ဒိုင်းငါးရံ့ကိုဘယ်လိုသားဖောက်ရလဲ သိချင်ပါတယ်ခင်ဗျ
ဖြေကြားချက် 1 ခု
အိမ်မွေးကြက်တွေမှာ သံပြာကောင်တွေကျအောင် ဘာဆေးတိုက်ရမှာလဲ ဆရာတို့
ဖြေကြားချက် 1 ခု
သားတိုးကြက်အကြောင်း ကျွန်တော်ကအသားတိုးကြက်မွေးချင်လို့ပါ အဆက်သွယ်ကိုယ်စားလှယ်လိုချင်ပါတယ် မကွေးတိုင်းဆောမြို့...
ဖြေကြားချက် 1 ခု