ဖြေကြားချက် ၂ ခု
ဆပ်ပြာပေါက်မြေဆိုတာ မြေဆီလွှာရဲ့ ရွှံ့စေးအမှုန်တွေမှာ ဆိုဒီယမ် (Na)ဓာတ်တွေ အလွန်အမင်း ကပ်ငြိနေတာဖြစ်ပါတယ်။ ဒါကို ပြုပြင်ဖို့အတွက် - ၁။ ဂျစ်ပဆမ် (Gypsum) ထည့်သွင်းခြင်း မြေဆီလွှာမှာ ကပ်နေတဲ့ ဆိုဒီယမ်တွေကို ဖယ်ရှားဖို့အတွက် ဂျစ်ပဆမ်ကို မြေပြင်ချိန်မှာ ထည့်ပေးရပါမယ်။ ဂျစ်ပဆမ်မှာပါတဲ့ ကယ်လ်စီယမ် (Ca)က မြေမှုန်တွေမှာ ကပ်နေတဲ့ ဆိုဒီယမ်တွေကို အစားထိုး မောင်းထုတ်ပေးပါတယ်။ ၂။ ရေသွင်းရေထုတ် ပြုလုပ်ခြင်း (Leaching) ဂျစ်ပဆမ်ထည့်ပြီးနောက် ဆိုဒီယမ်တွေဟာ ဆိုဒီယမ်ဆာလ်ဖိတ် (Na_{2}SO_{4}) အဖြစ် ပြောင်းလဲသွားပြီး ရေမှာ ပျော်ဝင်သွားပါတယ်။ အဲဒီနောက်မှာ ရေသွင်း၊ ရေထုတ်ကို စနစ်တကျလုပ်ပြီး ပျော်ဝင်နေတဲ့ ဆားဓာတ်တွေကို မြေလွှာအောက်ထဲ ရောက်သွားအောင် ဒါမှမဟုတ် စိုက်ခင်းပြင်ပကို ရောက်အောင် ထုတ်ပစ်ရပါမယ်။ (မှတ်ချက် - ရေထုတ်မပေးရင် မြေပြန်မကောင်းနိုင်ပါ) အနှစ်ချုပ် အကြံပြုချက် မြေဆီလွှာကို ဓာတ်ခွဲစမ်းသပ်ပါ - မိမိမြေမှာ ဆိုဒီယမ် ဘယ်လောက်ရှိလဲဆိုတာ အရင်သိဖို့ လိုပါတယ်။ ဂျစ်ပဆမ်ကို စနစ်တကျသုံးပါ -ဂျစ်ပဆမ်ထည့်ပြီးတာနဲ့ ရေသွင်းရေထုတ်ကို မဖြစ်မနေ လုပ်ပေးပါ။ သဘာဝမြေဩဇာ သုံးစွဲပါ -ဂျစ်ပဆမ်အပြင် သဘာဝမြေဩဇာ၊ အပင်ကျွင်းအကျန်တွေ ထည့်ပေးခြင်းက မြေဆီလွှာ တည်ဆောက်ပုံကို ပိုမိုကောင်းမွန်စေပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
မြေဆီလွှာကိုအဆီအနှစ်တွေနဲ့အာဟာရပြည့်ဝဖို့ဘယ်လိုမြေပြင်ရမလဲခင်ဗျ။
ဖြေကြားချက် 3 ခု
ပဲစောင်းလျားပင် မစိုက်ပျိုးခင်မှာ မြေကြီးရဲ့ moisture contentက 8.51 ဖြစ်ပြီး စိုက်ပျိုးပြီးတဲ့နောက်မှာ 2.64...
ဖြေကြားချက် 3 ခု
ဆရာအမြစ်မှာဖွေးနေပါတယ်ခင်ဗျာ ပေါင်းသတ်ဆေးအနေနဲ့တော့ဘစ်ဘိုင်ရီပဲသုံးပါသေးတယ်ဗျ အရိုင်းဆေးတစ်ခါမှမသုံးဘူးပါတဲ့...
ဖြေကြားချက် 1 ခု
နေကြာရဲ့ nature လေးသိခြင်လို့ပါရှင့်။နေကြာက ဘယ်လို heavy metal တွေကိုဖယ်ရှားပေးပြီး။အပင်ရဲ့ဘယ်အစိတ်အပိုင်းက...
ဖြေကြားချက် 1 ခု
ကြံပင်မာမြေဆီလွာကြောင့်ဘာရောဂါဖစ်တတ်လဲ
ဖြေကြားချက် 1 ခု