အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
Aung Kyaw Phyo
Aung Kyaw Phyo 1,103
လွန်ခဲ့သော ၄ လ က · ကွမ်းခြံကုန်း

ကွမ်းစိုက်ထားပါတယ် ယခုအချိန်ကွမ်းစိုက်ထားလျှင်အနာရောဂါမကျရောက်အောင်ဘယ်လိုကြိုတင်ကာကွယ်သင့်ပါသလဲ

စိုက်ပျိုး ဗဟုသုတ ကွမ်း

ဖြေကြားချက် ၄ ခု

Aung Kyaw Phyo
Aung Kyaw Phyo 1,103 လွန်ခဲ့သော ၄ လ က
ဤအဖြေဖြင့် ပြေလည်

အဟာရဓာတ်အစုံကရောင်ဘာတွေကျွေးပတ်သင့်ပါသလဲ

သော်ဇင်
သော်ဇင် 353,107 လွန်ခဲ့သော ၄ လ က

အခုအချိန်က ကွမ်းပင်တွေ ရောဂါကျရောက်တတ်တဲ့ အချိန်မို့လို့ ကြိုတင်ကာကွယ်ထားဖို့ အရမ်းအရေးကြီးပါတယ်ခင်ဗျာ။ ယူရီးယားဓာတ်မြေသြဇာ အများကြီးကျွေးရင် အပင်ပျော့ပြီး ရိုးမဲဆစ်ပြုတ် (ဘက်တီးရီးယား) ရောဂါ လွယ်လွယ်ဝင်တတ်လို့ ပိုတက်စီယမ်ဓာတ် ကို ပိုကျွေးပေးပါ။ကွမ်းက ရေဝပ်ရင် အမြစ်ပုပ်/ပင်ခြေပုပ်ရောဂါ ချက်ချင်းဖြစ်တတ်လို့ မြောင်းနက်နက်တူးပြီး ရေနုတ်မြောင်း သေချာလုပ်ထားပါ။ ညနေစောင်း ရေလောင်းတာကိုလည်း ရှောင်ပါ။ခြံထဲ လေအုံ့ပြီး စိုထိုင်းဆများရင် မှိုရောဂါကျလွယ်လို့ ပင်အိုရွက်အိုတွေကို ပုံမှန်ကိုက်ဖြတ် ရှင်းလင်းပေးပါ။မှိုနဲ့ ဘက်တီးရီးယား မလာအောင် ဘော်ဒိုးဆေးရည် (သို့မဟုတ်) ကြေးနီ (Copper) ပါတဲ့ မှိုသတ်ဆေးကို သတ်မှတ်အချိုးအစားအတိုင်း ကြိုတင်ပက်ဖျန်းပေးထားနိုင်ပါတယ်။ မြေကြီးထဲက မှိုရောဂါတွေကို ကာကွယ်ဖို့ ကောင်းကျိုးပြုမှို ထရိုင်ကိုဒါးမား (Trichoderma) ကို နွားချေးဆွေးနဲ့ ရောပြီး မြေပြင်ကတည်းကဖြစ်ဖြစ်၊ အပင်ခြေကိုဖြစ်ဖြစ် ကျွေးပေးပါ။

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,604 လွန်ခဲ့သော ၄ လ က

ရောဂါကာကွယ်ဖို့ဆိုရင်၊ မိုးများလို့ ရေဝင်ရင် ရေမဝပ်အောင် ရေထုတ်မြောင်းလုပ်ပါ။ မိုးစိုတဲ့ရက်တွေမှာ မန်ကိုဇက်/ကော့ပါး ကို ၇ရက်ခြား တကြိမါဝင်ပေးပါ။ အပင်ခြေကို ထုံး သို့မဟုတ် ဂျစ်ဆန် ဖြူးပေးပါ။ယူရီးယား/ဓာတ်မြေဩဇာ မသုံးပါနဲ့။ဟော်မုန်းအားဆေးမသုံးပါနဲ့။ အရွက်၊ရိုးတံပေါ်မှာ ရောဂါလက္ခဏာရှိမရှိ အမြဲစစ်ဆေးပါ။ထူးခြားတွေ့ရင် ပုံရိုက်ပြီး green way ကို မေးမြန်းပါ။

Thein Soe Min
Thein Soe Min အတည်ပြုပြီး 324,046 လွန်ခဲ့သော ၄ လ က

အပင်ရောဂါတွေ ဖြစ်ရတဲ့ အခြေခံအကြောင်းအရင်က အပင်က အဟာရဓာတ် အစုံမရလို့ ကိုယ်ခံအားနည်းချိန်၊ အပင်ပတ်ဝန်းကျင်က ရောဂါကျရောက်ဖို့အတွက် အားပေးသလိုဖြစ်နေတဲ့အချိန်မှာ ဖြစ်ပါတယ်။ ကွမ်းခြံတွေကို အလုံပိတ်ပုံစံနဲ့ စိုက်ကြပြီး ရေကို လိုအပ်တာထက် ပိုပြီးသွင်းကြတဲ့အခါ ခြံအတွင်းမှာ လေထုက ပူနွေးစိုဆွတ်သွားပါတယ်။ ဒီအခြေအနေက အပင်ရောဂါတွေ ကျရောက်ဖို့အကောင်းဆုံးအခြေအနေမှာ။ အပင်က အားနည်းတာနဲ့ ရောဂါကျရောက်ဖို့ လွယ်ကူသွားပါပြီ။ ဒါကြောင့် ခြံရဲ့ အခြေအနေကို ပြန်ပြီး သုံးသပ်စေချင်ပါတယ်ဗျ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။